“ဒီကနေ့ တိုင်းပြည်ရဲ့အနာဂတ်ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ်မှာပဲ မူတည်နေပါတယ်။ ဒါပေမဲ့ ပါဝင်သင့်ပါဝင်ထိုက်သူတွေရဲ့ သဘောထားကြီးမှု၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကလည်း အရေးကြီးပါတယ်။” ဒေါက်တာနန္ဒာလှမြင့် (ကြံ့ခိုင်ရေးပါတီပြောခွင့်ရသူ) လက်ရှိမြန်မာနိုင်ငံရေးအခြေအနေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေသတ်ဖြတ်ခံရမှု အပါအဝင် လတ်တလော မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ပတ်သက်လို့ ပါတီရဲ့ပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်ကို ဘီဘီစီသတင်းထောက် ကိုအောင်သူရက ဆက်သွယ်မေးမြန်းထားပါတယ်။ ဘီဘီစီမြန်မာပိုင်း