See more of Centre for Development and Ethnic Studies by logging into Facebook
Message this Page, learn about upcoming events and more. If you don't have a Facebook account, you can create one to see more of this Page.

Not Now

ပဲခူးတိုင်း ဒေသကြီး " ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ " ကို ဒီကနေ့ ၂၀၁၇ ဖေဖေါ်ဝါရီ ၂၆ မှာ တောင်ငူမြို့ ပညာရေးကောလိပ်မှာ စတင်ကျင်းပပါတယ်။သုံးရက်ကျင်းပပါမယ်။

Hla Maung Shwe added 7 new photos — at တောင်ငူ.

ပဲခူးတိုင်း ဒေသကြီး " ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ " ကို ဒီကနေ့ ၂၀၁၇ ဖေဖေါ်ဝါရီ ၂၆ မှာ တောင်ငူမြို့ ပညာရေးကောလိပ်မှာ စတင်ကျင်းပပါတယ်။သုံးရက်ကျင်းပပါမယ်။

Chin National Dialogue added 9 new photos.

ဖေဖော်ဝါရီလ ၂၇ ရက်ျန့မှစတင်ကျင်းပမည့် 'ချင်း' လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အတွက်ကြိုတင်ပြင်ဆင်မှု မှတ်တမ်းဓာတ်ပုံများ။

ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီ
သတင်းထုတ်ပြန်ချက်

၁။ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလ (၂၇ ) ရက်နေ့မှ မတ်လ (၀၁) ရက်နေ့အထိ ချင်းပြည်နယ် ထန်တလန်မြို့တွင် ကျင်းပ မည့် ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးပွဲကို ကြီးကြပ်မည့် ချင်းအမျိုးသားနိုင်ငံရေးးဆွေးနွေးပွဲကြီးကြပ်မှု ကော်မတီ ပထမ အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့တွင် ချင်းပြည်နယ် လွှတ်တော်ရုံး​၌` ပြုလုပ်ခဲ့ကြသည်။

...

၂။ ကြီးကြပ်မှု ကော်မတီ ပထမအစည်းအဝေးက ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီမှ ဖွဲ့စည်းတာဝန် ပေး လိုက်သော (၉)ဦးပါ ချင်းအမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီ ဥက္ကဌအဖြစ် U Zo Bawi ၊ ဒုတိယ ဥက္ကဌ အဖြစ် Dr. Hmuh Thang ၊ အတွင်းရေးမှူး အဖြစ် Salai Thla Hei နှင့် မှတ်တမ်းအဖြစ် Salai Htet Ni တို့အား တာဝန် ပေးလိုက်သည်။

၃။ ချင်းအမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီသည် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ ချမှတ်ပေးထားသည့် အခြေခံလမ်းညွှန်မှုများနှင့် အညီ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ စနစ်တကျ ကျင်းပနိုင်ရေးအတွက် ချင်းအမျိုးသားနိုင်ငံရေး ဆွေးနွေးမှု ပူးတွဲကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို အနီးကပ် ကြီး ကြပ် ပံ့ပိုးသွားမည်ဖြစ်ပြီး ဒေသတွင်း တည်ငြိမ်မှု နှင့် လုံခြုံမှုများ မထိခိုက်စေရေးအတွက် ချင်းပြည်နယ်အစိုးရ၏ အကူအ ညီကို ရယူပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။

၎။ ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ ပါဝင်သင့် ပါဝင် ထိုက်သူများ၊ တတ်သိပညာရှင်များ ကိုယ်စားလှယ် ၆၀၀ ဦးဖြင့် ကျင်းပပြုလုပ်မည့် ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ အ ဆင်ပြေ ချောမွေ့စွာ ကျင်းပနိုင်ရေး အတွက် ၀ိုင်းဝန်းပံ့ပိုးကြရန် အလေးအနက် တောင်းဆိုသည်။

ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီ
၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့

ဆက်သွယ်ရန်-
Salai Thla Hei
ဖုန်း - ၀၉၇၉၅၇၅၄၄၃၅၊ ၀၉၄၅၂၀၅၄၄၈၈

ချင်းအမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီ

ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ
၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့

Credit - Chin National Front - Headquarter
#CNDJC #Chin #National #Dialogue #CND

See More
Image may contain: text

ယနေ့ကျင်းပသောငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတွင် အောက်ပါအချက်များကိုသဘောတူဆုံးဖြတ်နိုင်ခဲ့သည်-

(၁) အထူးကိစ္စရပ်အနေဖြင့် JCB ဖွဲ့စည်းမှုတွင် အစိုးရဘက်မှ (၁၀) ဦး (ဥက္ကဌ နှင့် အဖွဲ့ဝင် ၉ ဦး)၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ (၁၀)ဦး ဖြင့် ပြင်ဆင်ဖွဲ့စည်းပြီး JCB လုပ်ငန်းလမ်းညွှန်တွင်လည်းယင်းဖွဲ့စည်းမှုအတိုင်း ပြင်ဆင်ရန်၊

(၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၏ အဆိုပြု တင်ပြချက် အမေရိကန်ဒေါ်လာ (၂.၅)သန်းကိုခွ...င့်ပြုရန်၊

(၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အား UN Platform ဖြင့်ပံ့ပိုးကူညီခွင့်ပြုရန်၊ JMC အတွက် လိုအပ်ချက် အမေရိကန်ဒေါ်လာ (၆.၅)သန်းနှင့် JMC အတွက် ထောက်ပံ့ကူညီမှုများရှာဖွေရာတွင် Single Channel မထားဘဲဆောင်ရွက်ရန်၊

(၄) NCA လက်မှတ်ရေးထိုးပြီးသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ CT Office အတွက် လိုအပ်ချက် အမေရိကန်ဒေါ်လာ (၄.၇)သန်း ခွင့်ပြုရန်၊

(၅) ငြိမ်းချမ်းရေးအထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍ အတွက် ထောက်ပံ့ကူညီမှုများဆောင်ရွက်နိုင်ရန်အတွက် JCB မှ တာဝန်ယူဆောင်ရွက်ရန်၊ ဆောင်ရွက်မည့် အစီအစဉ် ကို နှစ်ဖက် ကိုယ်စားလှယ်များအကြား ကြိုတင်ဆွေးနွေးပြီး JCB အစည်းအဝေးသို့ ပြန်လည်တင်ပြရန်၊

(၆) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပြုလုပ်ခြင်းအတွက် NRPC မှ ခွင့်ပြုရန်ပုံငွေကိုအမြင့်ဆုံး နှုန်းထားကျပ် သိန်း(၆၀၀) သတ်မှတ်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရာ၌တစ်နေရာနှင့်တစ်နေရာအသုံးစရိတ်ရန်ပုံငွေပေါ်မူတည်၍ အဆင့်အတန်းကွာဟမှုမရှိစေရေးအလေးထားဆောင်ရွက်ရန်။

See More
Myanmar State Counsellor Office added 6 new photos.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး တက်ရောက်
================...=================================
နေပြည်တော် ဖေဖော်ဝါရီ ၂၃
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအစည်းအဝေးခန်းမ၌ကျင်းပသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးသို့ တက်ရောက် ဆွေးနွေးမှာကြားသည်။

အစည်းအဝေးမစတင်မီနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) အတွက် UN Platform ဖြင့် ဆောင်ရွက်မည့် အစီအစဉ်များရှင်းလင်းတင်ပြခြင်းအစီအစဉ်သို့ တက်ရောက် အမှာစကားပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်မှ Country Director Mr. Peter Bachelor က ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အား UN Platform ဖြင့်ပံ့ပိုးကူညီသွားမည့် အစီအစဉ်များကိုရှင်းလင်းတင်ပြသည်။

ကုလသမဂ္ဂ ပံ့ပိုးကူညီမှုများနှင့် ပတ်သက်၍ တက်ရောက်လာကြသူများကအပြန် အလှန် သိရှိလိုသည်များကို အကျယ်တ၀င့် ဆွေးနွေးကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပေါင်းစပ်ညှိနှိုင်းပေးသည်။

ယင်းနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအစည်းအဝေးကိုဆက်လက်ကျင်းပသည်။

အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြီးခဲ့သည့် JCB အစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေ ခွဲဝေသုံးစွဲရန်အတွက် ပစ်ခေတ်တိုက်ခိုက်မှု ရပ်စဲရေးကဏ္ဍ၊ စေ့စပ်ညှိနှိုင်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးကဏ္ဍ၊ ငြိမ်းချမ်းရေးအထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက် သည့် လုပ်ငန်းစဉ်များကဏ္ဍ တို့ကိုဦးစားပေးကဏ္ဍကြီး ၄ ရပ်အဖြစ် သဘောတူသတ်မှတ် နိုင်ခဲ့ပါကြောင်း။

ဆက်လက်၍ လုပ်ငန်းအဖွဲ့ အစည်းအဝေးများခေါ်ယူကျင်းပခဲ့ပြီး JCB မှ သတ်မှတ်သည့် အခြေခံနှုန်းထား (JCB Rate) များကိုမူအဖြစ် သတ်မှတ်ပေးနိုင် ခဲ့ပါကြောင်း၊ တစ်ဖွဲ့လျှင် နှုန်းထားတစ်မျိုးစီအမျိုးမျိုးမဖြစ်စေရန် အခြေခံအဖြစ် သတ် မှတ်ထားခဲ့ခြင်း ဖြစ်ပါကြောင်း၊ ၎င်း JCB Rate နှုန်းထားများအတိုင်းအစုအဖွဲ့များကသုံးစွဲကြရန် ဖြစ်ပါကြောင်း။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EAOs ဘက်မှ ရန်ကုန်မြို့ တွင် ငှားရမ်းစရိတ် မြင့်မားနေသဖြင့် အစိုးရဘက်မှ နေရာထိုင်ခင်းစီစဉ်ပေးရန် တင်ပြခဲ့ပါ ကြောင်း၊ ယင်းတင်ပြမှုအပေါ် JMC ရုံးဟောင်းနေရာ၊ NRPC ရန်ကုန်ရုံးနှင့် တစ်ဆက် တည်းတည်ရှိသည့် အဆောက်အဦးအမှတ်(၆) ကို EAOs Office အဖြစ် ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ NCA လက်မှတ်ရေးထိုးပြီးအဖွဲ့များတိုးလာပါကလည်းအဆိုပါ ရုံးတွင် နေရာချထားပေးမည် ဖြစ်ပါကြောင်း။

နေပြည်တော် NRPC ရုံးနှင့် ကပ်လျက်ရှိသောအဆောက်အဦ နှစ်ခုကို JMC ရုံးနှင့် UPDJC ရုံးအဖြစ် ဖွဲ့စည်းဆောင်ရွက်ရန်လည်း မူဝါဒချမှတ်ထားပြီး ဖြစ်ပါကြောင်း၊ နောင်လာမည့် JCB အစည်းအဝေးတွင် သက်ဆိုင်ရာအဖွဲ့အစည်းများကဘတ်ဂျက် တွက်ချက် တင်ပြရန် ဖြစ်ပါကြောင်း။

ထို့အတူတိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန် အတွက် ယနေ့ အစည်းအဝေးတွင် EAOs ဘက်မှ ဦးစားပေးကဏ္ဍကြီး ၄ ရပ် နှင့်အညီအဆိုပြု တင်ပြကြရန် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်း မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေအရတိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးဌာနကိုဖွဲ့စည်းထားပြီးဥပဒေပါအတိုင်းအခွင့်အရေးများ မြှင့်တင် ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

JCB စတင် ဖွဲ့စည်းစဉ်ကပင် လက်မှတ်ထိုးထားသောအဖွဲ့များသာမကလက်မှတ် ရေးထိုးခြင်းမရှိသေးသောအဖွဲ့များကိုပါ ထည့်သွင်းဖွဲ့စည်းဆောင်ရွက်ထားပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးမှာအခြေခံအုတ်မြစ်ခိုင်မာရန် အရေးကြီးကြောင်း၊ အုတ်မြစ်ခိုင်မာမှ ရေရှည် ရှင်သန်နိုင်မည် ဖြစ်ကြောင်း၊ JCB အပါအဝင် ဆောင်ရွက်နေသည့် ကိစ္စရပ်များမှာ ငြိမ်းချမ်းရေးဖြစ်စဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း၊ တစ်ဘက်တွင် ပဋိပက္ခများလျှော့ချနိုင်ရန် ဆွေးနွေး ညှိနှိုင်းသွားရမည် ဖြစ်သကဲ့သို့ တစ်ဘက်တွင်လည်းဒေသခံများ၏ အကျိုးစီးပွားကိုအတတ်နိုင်ဆုံးစောင့်ရှောက်မြှင့် တင်သွားနိုင်ရန် နှစ်လမ်းသွားနည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီUPDJC အတွင်းရေးမှူးပဒိုစောကွယ်ထူးဝင်းနှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ အဖွဲ့ဝင် နိုင်အောင်မငေးတို့က နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) တို့ကရန်ပုံငွေ လိုအပ်မှုအဆိုပြုချက်များကိုလည်းကောင်း၊ NCA လက်မှတ်ရေးထိုးပြီးအဖွဲ့များ၏ ရန်ပုံငွေ အဆိုပြုချက် CT Proposal အားလည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဖွံ့ဖြိုးရေးဆိုင်ရာစီမံကိန်းအဆိုပြုချက်များကိုလည်းကောင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၏ ကုန်ကျစရိတ်များကို NRPC မှ ကျခံရေးကိစ္စများကိုလည်းကောင်းတာဝန်ရှိသူများကရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများကဆွေးနွေးတင်ပြချက် များအပေါ် အကြံပြု ဝိုင်းဝန်းဆွေးနွေးကြသည်။

ဆွေးနွေးညှိနှိုင်းမှု ရလဒ်များအပေါ် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြန်လည်သုံးသပ် ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကနိဂုံးချုပ် ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ် Peace Process တွင် အားလုံးပူးပေါင်းပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် NCA လက်မှတ်ရေးထိုးပြီးသူများနှင့် လက်မှတ်မထိုးရသေးသူများကွဲပြားလျက် ရှိကြောင်း၊ တတ်နိုင်သမျှ ခွဲခြားဆက်ဆံခြင်းမပြုကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများအပြည့်အဝပါဝင်နိုင်သည်မှာ (၂၁)ရာစုပင်လုံညီလာခံသာ ဖြစ်ကြောင်း၊ နိုင်ငံရေးကိစ္စရပ်များကိုစေ့စပ်ညှိနှိုင်းခြင်းများကိုလက်တွေ့ ဆောင်ရွက်မည့် ညီလာခံတွင် ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်စေလိုကြောင်း၊ ယနေ့ အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း ငြင်းကြခုန်ကြ ဆွေးနွေးခဲ့ကြ၍ တက်ရောက် ကြသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးတွင် အားလုံးရင်းရင်းနှီးနှီး ငြင်းခုန်ခြင်းဖြင့် ညှိနှိုင်းအဖြေရှာသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးထွန်းထွန်းဦး၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်ရှီလာနန်ထောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောတင်ဝင်း၊တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA)လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှပဒိုစောကွယ်ထူးဝင်း(KNU အထွေထွေ အတွင်းရေးမှူး)၊ ဦးခွန်ဥက္ကာ(PNLO ဦးဆောင်နာယက)၊ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသောတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ် အဖွဲ့ဝင် နိုင်အောင်မငေး၊ ခူးပလူးရယ်နှင့် ဦးထွန်းဇော်၊ အကြံပေးဒေါ်ခေါင်နန်း၊ ဦးစံလော့ ("ဝ" အထူးဒေသ(၂) ပြည်ပဆက်ဆံရေးဌာနမှူး၊ ဦးခမ်းမောင် (အထူးဒေသ(၄) မိုင်းလား၊ ငြိမ်းချမ်းရေးနှင့် စည်းရုံးရေးကော်မတီ) တို့ တက်ရောက်ကြသည်။

ယနေ့ကျင်းပသောငြိမ်းချမ်းရေးလုပ်ငန်းစဉ်များရန်ပုံငွေဆိုင်ရာပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတွင် အောက်ပါအချက်များကိုသဘောတူဆုံးဖြတ်နိုင်ခဲ့သည်-

(၁) အထူးကိစ္စရပ်အနေဖြင့် JCB ဖွဲ့စည်းမှုတွင် အစိုးရဘက်မှ (၁၀) ဦး (ဥက္ကဌ နှင့် အဖွဲ့ဝင် ၉ ဦး)၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ (၁၀)ဦး ဖြင့် ပြင်ဆင်ဖွဲ့စည်းပြီး JCB လုပ်ငန်းလမ်းညွှန်တွင်လည်းယင်းဖွဲ့စည်းမှုအတိုင်း ပြင်ဆင်ရန်၊

(၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၏ အဆိုပြု တင်ပြချက် အမေရိကန်ဒေါ်လာ (၂.၅)သန်းကိုခွင့်ပြုရန်၊

(၃) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အား UN Platform ဖြင့်ပံ့ပိုးကူညီခွင့်ပြုရန်၊ JMC အတွက် လိုအပ်ချက် အမေရိကန်ဒေါ်လာ (၆.၅)သန်းနှင့် JMC အတွက် ထောက်ပံ့ကူညီမှုများရှာဖွေရာတွင် Single Channel မထားဘဲဆောင်ရွက်ရန်၊

(၄) NCA လက်မှတ်ရေးထိုးပြီးသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ CT Office အတွက် လိုအပ်ချက် အမေရိကန်ဒေါ်လာ (၄.၇)သန်း ခွင့်ပြုရန်၊

(၅) ငြိမ်းချမ်းရေးအထောက်အကူပြု ဖွံ့ဖြိုးရေးကဏ္ဍ အတွက် ထောက်ပံ့ကူညီမှုများဆောင်ရွက်နိုင်ရန်အတွက် JCB မှ တာဝန်ယူဆောင်ရွက်ရန်၊ ဆောင်ရွက်မည့် အစီအစဉ် ကို နှစ်ဖက် ကိုယ်စားလှယ်များအကြား ကြိုတင်ဆွေးနွေးပြီး JCB အစည်းအဝေးသို့ ပြန်လည်တင်ပြရန်၊

(၆) အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပြုလုပ်ခြင်းအတွက် NRPC မှ ခွင့်ပြုရန်ပုံငွေကိုအမြင့်ဆုံး နှုန်းထားကျပ် သိန်း(၆၀၀) သတ်မှတ်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရာ၌တစ်နေရာနှင့်တစ်နေရာအသုံးစရိတ်ရန်ပုံငွေပေါ်မူတည်၍ အဆင့်အတန်းကွာဟမှုမရှိစေရေးအလေးထားဆောင်ရွက်ရန်။

See More
Image may contain: 6 people, people standing, car and outdoor
Image may contain: 5 people, people standing, car, tree and outdoor
Chin National Dialogue added 2 new photos.

'ချင်း' လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ အဖွဲ့သားတချို့ ရန်ကုန်မြို့မှ စတင်ထွက်ခွါ။

#CNDJC #Chin #National #Dialogue #CND

ချင်း နိုင်ငံရေးဆွေးနွေးပွဲတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ်အခြေခံမူများ ထွက်ရှိရေး ဦးတည်ဆွေးနွေးမည်

အောင်ထူးနိုင်

ချင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ အခြေခံမူများ ထွက်ရှိရေးအတွက် ဦးတည်ဆွေးနွေးသွားမည်ဟု ချင်းအမျိုးသားနိုင်ငံရေးဆွေး နွေးမှုပူးတွဲကော်မတီ (Chin National Dialogue Joint Committee- CNDJC) မှ သိရသည်။

...

ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ချင်းတိုင်းရင်းသားတို့၏ သဘောထားစု စည်းမှုကို သက်ဆိုင်ရာလုပ်ငန်းကော်မတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီမှ တဆင့် ပြည်ထောင်စုငြိမ်ချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံသို့ တင်သွင်းသွားမည်ဟု CNDJC မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်နှင့်ပတ်သက်ပြီး ချင်းအမျိုးသားအဆင့်နိုင်ငံဆွေး နွေးမှုပူးတွဲကော်မတီ(CNDJC) က ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ဖေဖော်ဝါရီ ၂၁ ရက် က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

CNDJC ၏ဦးဆောင်မှုဖြင့် ချင်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အ ဆိုပါနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးများကို လေးကြိမ်ပြုလုပ် ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ၏ နဝမအကြိမ်မြောက် အစည်းအဝေး၌ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် အဆင့်သင့်မဖြစ်သေးကြောင်း ဆုံးဖြတ်ခဲ့ပြီး နောက် ချင်းအမျိုးသားတပ်ဦး CNF ၏ ညှိနှိုင်းမှုဖြင့် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ထန်တလန် မြို့တွင် ကျင်းပရန် ဖေဖော်ဝါရီ (၁၃) ရက်နေ့က အစိုးရမှ ပြန်လည်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ပထမအကြိမ် ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် အဓိကအားဖြင့် အခြေခံမူ (၈) ချက်ကို ဦးစားပေး ဆွေးနွေးရန် သဘောတူထားကာ တက်ရောက်မည့် ကိုယ်စားလှယ်ဦးရေကို (၅၀၀) သတ် မှတ်ထားပြီး ဆွေးနွေးပွဲတက်ရောက်မည့် ကိုယ်စားလှယ်များတွင် အမျိုးသမီး အနည်းဆုံး (၃၀) ရာခိုင် နှုန်း ပါဝင်ရေးကိုလည်း ထည့်သွင်းထားသည်ဟု သိရသည်။

ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှုပူးတွဲကော်မတီ (CNDJC) ကို ချင်းအမျိုးသားတပ်ဦး (CNF) ကိုယ် စားလှယ် (၇) ဦး ၊ ချင်းနိုင်ငံရေးပါတီ ကိုယ်စားလှယ် (၇) ဦး ၊ ချင်းအရပ်ဘက်လူ့အဖွဲ့အစည်း (CSO) ကိုယ်စားလှယ် (၇) ဦး၊ စုစုပေါင်း (၂၁) ဦးဖြင့် ဖွဲ့စည်းထားသည်။ ချင်းနိုင်ငံရေးပါတီများမှာ အရှိုချင်း အမျိုးသားပါတီ (ACNP)၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP)၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ (ENDP)၊ ခူမီး (ခမီး) အမျိုးသား ပါတီ (KNP) နှင့် ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ (ZNRDP) တို့ဖြစ်သည်။

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၃) ၊ အမှတ် (၈)

See More
Image may contain: text

လုံခြုံရေးကဏ္ဍအား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးရန် UPDJC အဖွဲ့ဝင်များ သဘောတူ

အောင်ထူးနိုင်

လုံခြုံရေးကဏ္ဍအား အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးတော့မည်မဟုတ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင်သာ ဆွေးနွေးရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (Union Peace Dialogue Joint Committee-UPDJC) အဖွဲ့ဝင်များက ဆုံးဖြတ်ထားသည်ဟု UPDJC အတွင်းရေးမှူး ဦးလှ မောင်ရွှေက ပြောသည်။

...

“လုံခြုံရေးကဏ္ဍကို အမျိုးသားအဆင့်မှာ ကျွန်တော်တို့ ဆွေးနွေးမယ့်အစား အခုကျွန်တော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးမယ်ဆိုတာဟာ အားလုံးသဘောတူညီချက်၊ ၄၈ ယောက်လုံးက Debete လုပ်မယ်၊ ငြင်းကြခုကြမယ်၊ ဒါပေမယ့် ဆုံးဖြတ်တာက တပ်မတော်က ဆုံးဖြတ်တဲ့ သဘောမျိုးတော့ မဟုတ်ပါ ဘူး”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် စိန်ခေါ်မှုလေးချက်ရှိနေသည့်အတွက် တပ်မတော်က ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကောင်းမွန်သည့်ဆန္ဒဖြင့် ပါဝင်ခဲ့ပြီး ယနေ့အထိလည်း ပါဝင်နေဆဲဖြစ်သည်။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်သည် ညှိနှိုင်းသွားရမည့် အခြေအနေဖြစ်သောကြောင့် လုံခြုံရေးကဏ္ဍအား ပြည်ထောင်စုအဆင့်တွင် ဆွေးနွေးရန် သဘောတူထားကြခြင်း ဖြစ်သည်ဟု သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီသည် ၂၀၁၅ ခုနှစ်အောက်တိုဘာတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပသွားနိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယင်းကော်မတီတွင် အစိုးရကိုယ်စားလှယ်၊ NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးပါတီကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယင်းကော်မတီအား စတင်ဖွဲ့စည်းစဉ်က ယခင်အစိုးရ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီး ယခုအစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ UPDJC အား ပြန်လည်ဖွဲ့စည်းခဲ့သည်။

UPDJC သည် NCA သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံရေးဆွေးနွေးပွဲ များအဆင့်ဆင့်ကျင်းပခြင်းနှင့် စပ်လျဉ်းပြီး လိုအပ်သောစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများအား (ထုတ်ပြန်)ဆောင်ရွက်နိုင်သည့် ကော်မတီလည်း ဖြစ်သည်။

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၃) ၊ အမှတ်(၈)

See More
Image may contain: text

ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် အရေးကြီးသည်ဟု ဦးလှမောင်ရွှေပြော

သတင်း /ဓာတ်ပုံ- အောင်ထူးနိုင်

ဒုတိယအကြိမ် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံသည် အရေးကြီးသည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆွေးနွေးနေသူ ဦးလှမောင်ရွှေက ပြောသည်။

...

"ဒီတစ်ခေါက် ထူးခြားတာကတော့ ညီလာခံမှာ ညီလာခံ ကိုယ်စားလှယ်တွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ အညီ တက်ရောက်ပြီး ဆွေးနွေးကြပါမယ်။ သူတို့အဓိက ဆွေးနွေးမှာက အခုတောင်ငူမှာလုပ်မယ့် ဆွေးနွေးပွဲလို၊ ထားဝယ်မှာလုပ်ခဲ့တဲ့ဆွေးနွေးပွဲလို၊ ဖားအံမှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲလို အတည်ပြုချက်၊ ဆွေးနွေးချက်တွေကို ဒီညီလာခံမှာ ပြန်လည် သုံးသပ်ပြီးတော့ ဆုံးဖြတ်ချက် ချနိုင်တဲ့ အဆင့်အထိ သွားမယ့်ညီလာခံလို့ ကျွန်တော့် အနေနဲ့ ကနဦးရှင်းပြလိုပါတယ်။ ဒါကြောင့် လာမယ့် ဒီညီလာခံဟာအရေးကြီးပါတယ်"ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း Centre for Development and Ethnic Studies (CDES) ၏ဦးဆောင်မှုဖြင့် ပဲခူတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာကျော် ဟိုတယ်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲအား မြှင့်တင်ခြင်း-ငြိမ်းချမ်းရေးဖိုရမ်အား ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပလျက်ရှိပြီး ယင်းဖိုရမ်တွင် ဦးလှ မောင်ရွှေက ဆွေးနွေးရာတွင် ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါပွဲတွင် တင်ပြဆွေးနွေးသူများအဖြစ်
ဦးလှမောင်ရွှေ (ငြိမ်းချမ်းရေးကော်မရှင် အကြံပေး)၊ ဦးရန်ကျော် (နိုင်ငံရေးလေ့လာသုံးသပ်သူ)၊
ရဲဘော်မျိုးဝင်း(ABSDF)၊ (မိသားစုအရေးကြောင့်တက် ရောက်နိုင်ခြင်းမရှိ)၊ ဂျာနန်လထော်(ငြိမ်း)ဖောင်ဒေးရှင်းနှင့် စာရေးဆရာ နောင်ကျော်တို့က ဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါပွဲသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ တိုင်းရင်း သားလူမျိုးများရေးရာ ကော်မတီဥက္ကဋ္ဌ ဦးတင်ဆန်းဦးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီး နော်ပွယ်စေးတို့ တက်ရောက်လျှက် ရှိသည်။

See More
Aung Htoo Naing added 8 new photos.

ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် အရေးကြီးသည်ဟု ဦးလှမောင်ရွှေပြော

သတင်း /ဓာတ်ပုံ- အောင်ထူးနိုင်

ဒုတိယအကြိမ် ကျင်ပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ည...ီလာခံ ၂၁ ရာစုပင်လုံသည် အရေးကြီးသည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆွေးနွေးနေသူ ဦးလှမောင်ရွှေက ပြောသည်။

"ဒီတစ်ခေါက် ထူးခြားတာကတော့ ညီလာခံမှာ ညီလာခံ ကိုယ်စားလှယ်တွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ အညီ တက်ရောက်ပြီး ဆွေးနွေးကြပါမယ်။ သူတို့အဓိက ဆွေးနွေးမှာက အခုတောင်ငူမှာလုပ်မယ့် ဆွေးနွေးပွဲလို၊ ထားဝယ်မှာလုပ်ခဲ့တဲ့ဆွေးနွေးပွဲလို၊ ဖားအံမှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲလို အတည်ပြုချက်၊ ဆွေးနွေးချက်တွေကို ဒီညီလာခံမှာ ပြန်လည် သုံးသပ်ပြီးတော့ ဆုံးဖြတ်ချက် ချနိုင်တဲ့ အဆင့်အထိ သွားမယ့်ညီလာခံလို့ ကျွန်တော့် အနေနဲ့ ကနဦးရှင်းပြလိုပါတယ်။ ဒါကြောင့် လာမယ့် ဒီညီလာခံဟာအရေးကြီးပါတယ်"ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း Centre for Development and Ethnic Studies (CDES) ၏ဦးဆောင်မှုဖြင့် ပဲခူတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာကျော် ဟိုတယ်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲအား မြှင့်တင်ခြင်း-ငြိမ်းချမ်းရေးဖိုရမ်အား ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပလျှက်ရှိပြီး ယင်းဖိုရမ်တွင် ဦးလှ မောင်ရွှေက ဆွေးနွေးရာတွင် ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါပွဲတွင် တင်ပြဆွေးနွေးသူများအဖြစ်
ဦးလှမောင်ရွှေ (ငြိမ်းချမ်းရေးကော်မရှင် အကြံပေး)၊ ဦးရန်ကျော် (နိုင်ငံရေးလေ့လာသုံးသပ်သူ)၊
ရဲဘော်မျိုးဝင်း(ABSDF)၊ (မိသားစုအရေးကြောင့်တက် ရောက်နိုင်ခြင်းမရှိ)၊ ဂျာနန်လထော်(ငြိမ်း)ဖောင်ဒေးရှင်းနှင့် စာရေးဆရာ နောင်ကျော်တို့က ဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါပွဲသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ တိုင်းရင်း သားလူမျိုးများရေးရာ ကော်မတီဥက္ကဋ္ဌ ဦးတင်ဆန်းဦးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီး နော်ပွယ်စေးတို့ တက်ရောက်လျှက် ရှိသည်။

See More

ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ချင်းပြည် သူများ ပူးပေါင်းပါဝင်ပေးရန် သမ္မတတိုက်တွန်း

အောင်ထူးနိုင်

ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးအတွက် ချင်းပြည်နယ်ရှိ ပြည်သူများ ပူးပေါင်းပါဝင်ပေးရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က တိုက်တွန်းပြောကြား လိုက်သည်ဟု သိရသည်။

...

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၇ ခုနှစ်၊ ဖေဖော် ၀ါရီလ ၂၀ ရက်တွင် ကျရောက်သည့် (၆၉) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ် လွှာတွင် သူ၏ တိုက်တွန်းချက်ကို ဖော်ပြပြောဆိုခြင်း ဖြစ်သည်။

"အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ အောင်မြင်ဖို့၊ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင် မယ့် ဖက်ဒရယ်စနစ် ထွက်ပေါ်လာရေး ပြည်ထောင်စုမျှော် မှန်းချက် ပြည့်ဝအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ကြရာ မှာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားပြည်သူ များအားလုံးကလည်း စည်းလုံးညီညွတ်စွာနဲ့ ဝိုင်းဝန်းပါဝင် ဆောင်ရွက်သွားကြဖို့ လေးနက်စွာ တိုက်တွန်းရင်း သဝဏ် လွှာပေးပို့အပ်ပါတယ်"ဟု ပြောသည်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ နိုင်ငံအနှံ့အ ပြား၌ စည်ကားစွာ ကျင်းပလျက်ရှိကာ ပြည်သူလူထု၏ သဘောထားနှင့် ဆန္ဒများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင် သည်ကိုတွေ့ရှိရပြီး နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ရန် တစ်ခုတည်း သော လမ်းကြောင်းမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီ လာခံ-(၂၁)ရာစုပင်လုံဖြစ်သည်ဟု ၎င်းက ဆိုသည်။

"တိုင်းရင်းသားပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့် တောင့်တနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဒီမိုကရေ စီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် (၂၁)ရာစု ပင်လုံညီလာခံကတစ်ဆင့် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်"ဟု သမ္မတက ဆက်လက်ပြောဆိုသည်။

လွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၌ လူထုညီလာခံ ကျင်းပ ပြီး တိုက်သူကြီး (စော်ဘွား)များ အုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြပြီး ၁၉၅၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသည့် သတ္တမအကြိမ် ချင်းရိုး ရာကောင်စီညီလာခံတွင် ချင်းအမျိုးသားနေ့ သတ်မှတ်ရေး အဆိုများ တင်သွင်းခဲ့ကြပြီး ဖလမ်းမြို့၌ လူထုညီလာခံ ကျင်းပခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို “ချင်းအမျိုး သားနေ့” အဖြစ် သတ်မှတ်အတည်ပြုခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင် (၆၉)နှစ်မြောက် ရှိခဲ့ပြီဟု သိရသည်။

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၃) ၊ အမှတ် (၈)

See More
Image may contain: 2 people

တပ်မတော်နှင့် လက်မှတ်မထိုးရသေးသည့်တိုင်းရင်းသားအဖွဲ့များ တိုက်ရိုက်ဆွေးနွေးနိုင်ရန် နေရာ တစ်ခုလိုအပ်ဟု ဂျာနန်လထော်ဆို

အောင်ထူးနိုင်

တပ်မတော်နှင့် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်ရိုက် ဆွေးနွေးနိုင်ရန်အတွက် နေရာတစ်ခုလိုအပ်သည်ဟု ငြိမ်းဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဒေါ်ဂျာနန်လ ထော်က ပြောသည်။

...

“လက်ရှိလက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး မြှင်တင်ဆောင်ရွက်နိုင်ဖို့ဆိုရင် တပ်မတော်နဲ့ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေက စစ်ပိုင်းဆိုင်ရာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို တိုက် ရိုက် ဆွေးနွေးနိုင်ဖို့ နေရာတစ်ခု ဖန်တီးဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် ထိုလုပ်ငန်းစဉ်များအပေါ် ကြိုးစားဖော်ဆောင်နေပြီး တိုးတက်မှု ရှိ သော်လည်း အချို့အကြောင်းအရာများအား မီဒီယာတွင် ဖော်ပြနိုင်ခြင်းမရှိသည့် အချက်များလည်း ရှိနိုင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း Centre for Development and Ethnic Studies (CDES) ၏ဦးဆောင်မှုဖြင့် ပဲခူတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာကျော် ဟိုတယ်တွင် ငြိမ်းချမ်း ရေးဖြစ်စဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲအား မြှင့်တင်ခြင်း-ငြိမ်းချမ်းရေးဖိုရမ်အား ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တွင် ကျင်းပခဲ့ပြီး ယင်းဖိုရမ်၌ ဒေါ်ဂျာနန်လထော်က ဆွေးနွေးရာတွင် ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါပွဲတွင် တင်ပြဆွေးနွေးသူများအဖြစ် ဦးလှမောင်ရွှေ (ငြိမ်းချမ်းရေးကော်မရှင် အကြံပေး)၊ ဦး ရန်ကျော် (နိုင်ငံရေးလေ့လာသုံးသပ်သူ)၊ ဒေါ်ဂျာနန်လထော်(ငြိမ်း)ဖောင်ဒေးရှင်းနှင့် စာရေးဆရာ နောင်ကျော်တို့က ဆွေးနွေးခဲ့ကြသည်။
အဆိုပါပွဲသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ တိုင်းရင်းသားလူမျိုးများရေးရာ ကော်မတီဥက္ကဋ္ဌ ဦးတင် ဆန်းဦးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေး တို့ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၃) ၊ အမှတ် (၈)

See More
No automatic alt text available.

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ချင်း) တွင် ဆွေးနွေးမည့် အကြောင်းအရာ ကိစ္စ။

No automatic alt text available.
No automatic alt text available.
No automatic alt text available.
No automatic alt text available.
No automatic alt text available.
Chin National Dialogue added 4 new photos.

ချင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် ကြိုတင်ပြင်ဆင်မှုထဲမှ တချို့။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ၏ Technical Secretariat Center (TSC) တွင် အလုပ်လုပ်ရန် စိတ်ပါဝင...်စားပါသလား?

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အတွက် လတ်တလော လိုအပ်နေသည့် အလုပ်နေရာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

1. Senior HR Officer (1 position)
2. Senior Capacity Building Officer ( 1 position)
3. Administration,Logistics and Support Assistant (1 position)

အမှတ်စဉ် (၁) မှ (၃)ထိ ရာထူးအားလုံးမှာ JMC-TSC ရန်ကုန်တွင်တာဝန်ထမ်းဆောင်ရပါမည်။

အရေးကြီးမှတ်ချက်။ ။၂၀၁၇ခုနှစ်၊ မတ်လ (၈)ရက် ညနေ (၅) နာရီတွင် အလုပ်လျှောက်ထားခြင်းများအား နောက်ဆုံးထားလက်ခံပေးမည် ဖြစ်ပါသည်။

လျှောက်လွှာများကို hro@jmc-tsc.org သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
အလုပ်နေရာ တစ်ခုချင်းစီအတွက် အသေးစိတ်လုပ်ငန်းဆောင်တာများကို Myanmar Information Management Unit, MIMU website ဖြစ်သော the mimu.info.org မှ Jobs for Myanmar National တွင် (သို့မဟုတ်) ပူးတွဲပါ google လိပ်စာတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။download from here https://goo.gl/Bwc2fe

See More
Posted by RFA Burmese
4,931 Views
4,931 Views
RFA Burmese

ချင်းပြည်နယ် နိုင်ငံရေးဆွေးနွေးပွဲမှာ ပူးပေါင်းပါဝင်ကြဖို့ CNF တိုက်တွန်း
~~~~~~~~~~~~
■ ချင်းပြည်နယ်မှာ ကျင်းပမယ့် လူမျိုးအလိုက်- အမျိုးသားအဆင့် နိုင်ငံရေးဆွေး...နွေးပွဲမှာ ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြဖို့ ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ ပြောလိုက်ပါတယ်။ထန်တလန်မြို့မှာ ကျင်းပမယ့် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ ကော်မတီ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ရာမှာ CNF ချင်းအမျိုးသားတပ်ဦး ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ပူးရမ်ကုလ်ကျုံးက အခုလိုပြောခဲ့ တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆိုင်းငံထားဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးက ဆုံးဖြတ်ခဲ့ရာကနေ ချင်းပြည်နယ်မှာ ကျင်းပခွင့် ပြန်လည်ရ ရှိခဲ့တာဖြစ်ပါတယ်။ ကျင်းပခွင့် ပိတ်ပင်ခံခဲ့ရတာဟာ UPDJC အစည်းအဝေးမှာ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ တင်ပြချက်ကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ထန်တလန်မြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပေမယ့်၊ အချိန်အကန့် အသတ် ရှိတဲ့အတွက် သုံးရက်သာ ကျင်းပခွင့်ရတယ်လို့လည်း ပြောပါတယ်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦးလည်း ပါဝင်ပါတယ်။ NCA စာချုပ်အရ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားဒေသတွေမှာ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်ပေးရမှာ ဖြစ်ပါတယ်။

See More
Image may contain: text
Image may contain: text
Pa.O National Dialogue added 2 new photos.

ပအိုဝ်း တစ်​မျိုးသားလုံးဆိုင်​ရာ အမျိုးသားအဆင့်​နိုင်​ငံ​ရေး​ဆွေး​နွေးပွဲ ထုတ်​ပြန်​​ကြေငြာချက်
-------------------------------
တောင်​ကြီး၊ ​ဖေ​ဖော်​၀ါရီ-၂၁

ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုအလုပ်အမှုဆောင်
ပူး ရမ်ကုလ်ကျုံး (Pu Ram Kulh Cung) နှင့် တွေ့ဆုံခြင်း
အိုက်စိုင်း

(၁) ​ချင်းပြည်နယ်မှာ AA အဖွဲ့လှုပ်ရှားမှုတွေ ရပ်တန့်ပေးဖို့ CNF ကလိုလားနေတယ်။ မဟုတ်ရင် စစ်ရေး အရ ဖြေရှင်းသွားမယ်ဆိုတဲ့ ပြောဆိုသံတွေ ထွက်ပေါ်လာတယ်။အဲဒါ တကယ်ပဲ အဲလို ဖြေရှင်းသွားဖို့ ဆုံးဖြတ်ထားပါသလား။...

Continue Reading
Image may contain: 1 person, smiling
Posted by RFA Burmese
6,947 Views
6,947 Views
RFA Burmese

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်နိုင်ရေး အခင်းအကျင်းတစ်ခုဖြစ်ပေါ်လာအောင် ဆွေးနွေးနိုင်ဖို့ မျှော်လင့်တယ်လို့ ချင်းအမ...ျိုးသား နိုင်ငံရေး ဆွေးနွေးမှု ပူးတွဲကော်မတီ CNDJC အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး CNF ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပူးရမ်ကုလ်ကျုံး က ပြောပါတယ်။

CNF ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပူးရမ်ကုလ်ကျုံး ကို RFA သတင်းထောက် ကိုအောင်သိင်္ခ က တွေ့ဆုံမေးမြန်းထားပါတယ်။

ရိုက်ကူး - ကောင်းထက်ကျော်

See More
5,852 Views
5,852 Views
Mizzima - News in Burmese

ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံ မျှော်မှန်းထားသည်ထက် ထပ်မံရွှေ့ဆိုင်းဖွယ်ရာရှိ
----------------------------------------------------
မူလက ဒုတိယအကြိမ် ၂၁ရာစု ပင်လံ...ုညီလာခံကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန် ကျန်ရှိနေပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ (UPDJC) အစည်းအဝေးကျင်းပရန်လည်း ရှိနေသောကြောင့် ၂ ပတ် ရွှေ့ဆိုင်းခဲ့သည်။
သတင်းအပြည့်အစုံ-http://www.mizzimaburmese.com/article/23806

See More
Image may contain: 3 people, people standing
RFA Burmese

ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့်အကြောင်း CNDJC သတင်းစာရှင်းလင်း

ချင်းပြည်နယ်မှာ ကျင်းပမယ့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပ...ွဲမှာ ပြည်သူအားလုံး ပူးပေါင်းပါဝင်ပေးဖို့ ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ CNDJC အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး CNF ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပူးရမ်ကုလ်ကျုံးက ပြောပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့မှာ ကျင်းပမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ CNDJC က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပြီး ပူးရမ်ကုလ်ကျုံးက အခုလိုပြောတာဖြစ်ပါတယ်။

"တစ်ဦးတစ်ယောက်အပေါ်မှာ အဖွဲ့အစည်းတစ်ခုအပေါ်ကိုရောပေါ့၊ ပြည်သူလူထုက ကိုယ်လိုချင်တဲ့ နိုင်ငံပုံစံမျိုးကို ကိုယ်ကိုတိုင်ကပဲ ပုံဖော်စေချင်ပါတယ်"

၉ ကြိမ်မြောက်ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး ဆုံးဖြတ်ချက်အရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ကျင်းပခွင့်မပေးကြောင်း ဆုံးဖြတ်ခဲ့ရာကနေ ချင်းပြည်နယ်မှာ ပြန်လည်ကျင်းပခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ကျင်းပခွင့် ပိတ်ပင်ခံခဲ့ရတာဟာ UPDJC အစည်းအဝေး ဆုံးဖြတ်ချက်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်ကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။

ထန်တလန်မြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပေမယ့် အချိန်အကန့် အသတ် ရှိတဲ့အတွက် ၃ ရက်သာ ကျင်းပခွင့်ရတယ်လို့ ပြောပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA စာချုပ်မှာ အပစ်ရပ် လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦး CNF လည်း ပါဝင်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်အရ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား ဒေသတွေမှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပခွင့်ပေးရမှာ ဖြစ်ပါတယ်။

Photo: Aung Thain Kha/RFA

( ချင်းပြည်နယ်မှာ ကျင်းပမယ့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ CNDJC အဖွဲ့ဝင်တွေ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းစဉ် )

See More

တတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေးသို့ NMSP နှင့် KNPP မတက်နိုင်။

94
By နန်းလွင်နှင်းပွင့် 21 February 2017
‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ်ရှိရာ ပန်ဆန်း(ပန်ခမ်း) မြို့၌ ဖေဖော်ဝါရီ ၂၂ ရက်တွင် စတင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များ တတိယအကြိမ် မျက်နှာစုံညီ ပန်ခမ်း အစည်း အဝေးသို့ တက်ရောက်ရန် အဖွဲ့ ၁၀ ဖွဲ့ကို ဖိတ်ကြားထားသော်လည်း ၂ ဖွဲ့က တက်ရောက်နိုင်ခြင်း မရှိဟု သတင်း ရရှိ သည်။

...Continue Reading
burma.irrawaddy.com
CDES is an independent think tank and study centre founded in 2012 to generate ideas on Democracy, Federalism, Human Rights and to support Peace in Myanmar
AboutSee All
Highlights info row image
+95 9 256 207 630
Highlights info row image
Opens at 9:00am 9:00AM - 5:30PM
Closed Now
People
27,586 likes
82 visits
Photos
'ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီ
                    သတင်းထုတ်ပြန်ချက်

၁။ ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလ (၂၇ ) ရက်နေ့မှ မတ်လ (၀၁) ရက်နေ့အထိ ချင်းပြည်နယ် ထန်တလန်မြို့တွင် ကျင်းပ မည့် ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးပွဲကို ကြီးကြပ်မည့် ချင်းအမျိုးသားနိုင်ငံရေးးဆွေးနွေးပွဲကြီးကြပ်မှု ကော်မတီ ပထမ အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့တွင် ချင်းပြည်နယ် လွှတ်တော်ရုံး​၌` ပြုလုပ်ခဲ့ကြသည်။

၂။ ကြီးကြပ်မှု ကော်မတီ ပထမအစည်းအဝေးက ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီမှ ဖွဲ့စည်းတာဝန် ပေး လိုက်သော (၉)ဦးပါ ချင်းအမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီ ဥက္ကဌအဖြစ် U Zo Bawi ၊ ဒုတိယ ဥက္ကဌ အဖြစ် Dr. Hmuh Thang ၊ အတွင်းရေးမှူး အဖြစ် Salai Thla Hei နှင့် မှတ်တမ်းအဖြစ် Salai Htet Ni တို့အား တာဝန် ပေးလိုက်သည်။ 

၃။ ချင်းအမျိုးသား နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီသည် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ ချမှတ်ပေးထားသည့် အခြေခံလမ်းညွှန်မှုများနှင့် အညီ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ စနစ်တကျ ကျင်းပနိုင်ရေးအတွက် ချင်းအမျိုးသားနိုင်ငံရေး ဆွေးနွေးမှု ပူးတွဲကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို အနီးကပ် ကြီး ကြပ် ပံ့ပိုးသွားမည်ဖြစ်ပြီး ဒေသတွင်း တည်ငြိမ်မှု နှင့် လုံခြုံမှုများ မထိခိုက်စေရေးအတွက် ချင်းပြည်နယ်အစိုးရ၏ အကူအ ညီကို ရယူပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။

၎။ ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ ပါဝင်သင့် ပါဝင် ထိုက်သူများ၊ တတ်သိပညာရှင်များ ကိုယ်စားလှယ် ၆၀၀ ဦးဖြင့် ကျင်းပပြုလုပ်မည့် ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ အ ဆင်ပြေ ချောမွေ့စွာ ကျင်းပနိုင်ရေး အတွက် ၀ိုင်းဝန်းပံ့ပိုးကြရန် အလေးအနက် တောင်းဆိုသည်။

ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီ
၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့

ဆက်သွယ်ရန်-
Salai Thla Hei
ဖုန်း - ၀၉၇၉၅၇၅၄၄၃၅၊ ၀၉၄၅၂၀၅၄၄၈၈

ချင်းအမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီ

ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ
၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့

Credit - Chin National Front - Headquarter
#CNDJC #Chin #National #Dialogue #CND'
'ချင်း နိုင်ငံရေးဆွေးနွေးပွဲတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ်အခြေခံမူများ ထွက်ရှိရေး ဦးတည်ဆွေးနွေးမည်

အောင်ထူးနိုင်

ချင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ အခြေခံမူများ ထွက်ရှိရေးအတွက် ဦးတည်ဆွေးနွေးသွားမည်ဟု ချင်းအမျိုးသားနိုင်ငံရေးဆွေး နွေးမှုပူးတွဲကော်မတီ (Chin National Dialogue Joint Committee- CNDJC) မှ သိရသည်။

ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ချင်းတိုင်းရင်းသားတို့၏ သဘောထားစု စည်းမှုကို သက်ဆိုင်ရာလုပ်ငန်းကော်မတီနှင့်  ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီမှ တဆင့် ပြည်ထောင်စုငြိမ်ချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံသို့ တင်သွင်းသွားမည်ဟု CNDJC မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။

ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန်နှင့်ပတ်သက်ပြီး ချင်းအမျိုးသားအဆင့်နိုင်ငံဆွေး နွေးမှုပူးတွဲကော်မတီ(CNDJC) က ရန်ကုန်မြို့ Summit Parkview ဟိုတယ်တွင် ဖေဖော်ဝါရီ ၂၁ ရက် က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

CNDJC ၏ဦးဆောင်မှုဖြင့် ချင်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ်လ ၁ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အ ဆိုပါနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် အကြိုညှိနှိုင်းအစည်းအဝေးများကို လေးကြိမ်ပြုလုပ် ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
 
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ၏ နဝမအကြိမ်မြောက် အစည်းအဝေး၌ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် အဆင့်သင့်မဖြစ်သေးကြောင်း ဆုံးဖြတ်ခဲ့ပြီး နောက် ချင်းအမျိုးသားတပ်ဦး CNF ၏ ညှိနှိုင်းမှုဖြင့် ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ထန်တလန် မြို့တွင် ကျင်းပရန် ဖေဖော်ဝါရီ (၁၃) ရက်နေ့က အစိုးရမှ ပြန်လည်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ပထမအကြိမ် ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွင် အဓိကအားဖြင့် အခြေခံမူ (၈) ချက်ကို ဦးစားပေး ဆွေးနွေးရန် သဘောတူထားကာ တက်ရောက်မည့် ကိုယ်စားလှယ်ဦးရေကို (၅၀၀) သတ် မှတ်ထားပြီး ဆွေးနွေးပွဲတက်ရောက်မည့် ကိုယ်စားလှယ်များတွင် အမျိုးသမီး အနည်းဆုံး (၃၀) ရာခိုင် နှုန်း ပါဝင်ရေးကိုလည်း ထည့်သွင်းထားသည်ဟု သိရသည်။

ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှုပူးတွဲကော်မတီ (CNDJC) ကို ချင်းအမျိုးသားတပ်ဦး (CNF) ကိုယ် စားလှယ် (၇) ဦး ၊ ချင်းနိုင်ငံရေးပါတီ ကိုယ်စားလှယ် (၇) ဦး ၊ ချင်းအရပ်ဘက်လူ့အဖွဲ့အစည်း (CSO) ကိုယ်စားလှယ် (၇) ဦး၊ စုစုပေါင်း (၂၁) ဦးဖြင့် ဖွဲ့စည်းထားသည်။ ချင်းနိုင်ငံရေးပါတီများမှာ အရှိုချင်း အမျိုးသားပါတီ (ACNP)၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP)၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ (ENDP)၊ ခူမီး (ခမီး) အမျိုးသား ပါတီ (KNP) နှင့် ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ (ZNRDP) တို့ဖြစ်သည်။

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၃) ၊ အမှတ် (၈)'
'လုံခြုံရေးကဏ္ဍအား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးရန် UPDJC အဖွဲ့ဝင်များ သဘောတူ

အောင်ထူးနိုင်

လုံခြုံရေးကဏ္ဍအား အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးတော့မည်မဟုတ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင်သာ ဆွေးနွေးရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (Union Peace Dialogue Joint Committee-UPDJC) အဖွဲ့ဝင်များက ဆုံးဖြတ်ထားသည်ဟု UPDJC အတွင်းရေးမှူး  ဦးလှ မောင်ရွှေက ပြောသည်။

“လုံခြုံရေးကဏ္ဍကို အမျိုးသားအဆင့်မှာ ကျွန်တော်တို့ ဆွေးနွေးမယ့်အစား အခုကျွန်တော်တို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးမယ်ဆိုတာဟာ အားလုံးသဘောတူညီချက်၊ ၄၈ ယောက်လုံးက Debete လုပ်မယ်၊ ငြင်းကြခုကြမယ်၊ ဒါပေမယ့် ဆုံးဖြတ်တာက တပ်မတော်က ဆုံးဖြတ်တဲ့ သဘောမျိုးတော့ မဟုတ်ပါ ဘူး”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသည် စိန်ခေါ်မှုလေးချက်ရှိနေသည့်အတွက် တပ်မတော်က ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကောင်းမွန်သည့်ဆန္ဒဖြင့် ပါဝင်ခဲ့ပြီး ယနေ့အထိလည်း ပါဝင်နေဆဲဖြစ်သည်။ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်သည် ညှိနှိုင်းသွားရမည့် အခြေအနေဖြစ်သောကြောင့် လုံခြုံရေးကဏ္ဍအား ပြည်ထောင်စုအဆင့်တွင် ဆွေးနွေးရန် သဘောတူထားကြခြင်း ဖြစ်သည်ဟု သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီသည် ၂၀၁၅ ခုနှစ်အောက်တိုဘာတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပသွားနိုင်ရန် ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယင်းကော်မတီတွင် အစိုးရကိုယ်စားလှယ်၊ NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံရေးပါတီကိုယ်စား လှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယင်းကော်မတီအား စတင်ဖွဲ့စည်းစဉ်က ယခင်အစိုးရ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့ပြီး ယခုအစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ UPDJC အား ပြန်လည်ဖွဲ့စည်းခဲ့သည်။

UPDJC သည် NCA သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံရေးဆွေးနွေးပွဲ များအဆင့်ဆင့်ကျင်းပခြင်းနှင့် စပ်လျဉ်းပြီး လိုအပ်သောစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများအား (ထုတ်ပြန်)ဆောင်ရွက်နိုင်သည့် ကော်မတီလည်း ဖြစ်သည်။

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၃) ၊ အမှတ်(၈)'
'ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ချင်းပြည် သူများ ပူးပေါင်းပါဝင်ပေးရန် သမ္မတတိုက်တွန်း

အောင်ထူးနိုင်

ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးအတွက် ချင်းပြည်နယ်ရှိ ပြည်သူများ ပူးပေါင်းပါဝင်ပေးရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က တိုက်တွန်းပြောကြား လိုက်သည်ဟု သိရသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၇ ခုနှစ်၊ ဖေဖော် ၀ါရီလ ၂၀ ရက်တွင် ကျရောက်သည့် (၆၉) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ် လွှာတွင် သူ၏ တိုက်တွန်းချက်ကို ဖော်ပြပြောဆိုခြင်း ဖြစ်သည်။

"အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ အောင်မြင်ဖို့၊ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင် မယ့် ဖက်ဒရယ်စနစ် ထွက်ပေါ်လာရေး ပြည်ထောင်စုမျှော် မှန်းချက် ပြည့်ဝအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ကြရာ မှာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားပြည်သူ များအားလုံးကလည်း စည်းလုံးညီညွတ်စွာနဲ့ ဝိုင်းဝန်းပါဝင် ဆောင်ရွက်သွားကြဖို့ လေးနက်စွာ တိုက်တွန်းရင်း သဝဏ် လွှာပေးပို့အပ်ပါတယ်"ဟု ပြောသည်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ နိုင်ငံအနှံ့အ ပြား၌ စည်ကားစွာ ကျင်းပလျက်ရှိကာ ပြည်သူလူထု၏ သဘောထားနှင့် ဆန္ဒများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင် သည်ကိုတွေ့ရှိရပြီး နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်ရန် တစ်ခုတည်း သော လမ်းကြောင်းမှာ  ပြည်ထောင်စု ငြိမ်းချမ်းရေးညီ လာခံ-(၂၁)ရာစုပင်လုံဖြစ်သည်ဟု ၎င်းက ဆိုသည်။

"တိုင်းရင်းသားပြည်သူတွေ နှစ်ပေါင်းများစွာ မျှော်လင့် တောင့်တနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဒီမိုကရေ စီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် (၂၁)ရာစု ပင်လုံညီလာခံကတစ်ဆင့် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်"ဟု သမ္မတက ဆက်လက်ပြောဆိုသည်။

လွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၌ လူထုညီလာခံ ကျင်းပ ပြီး တိုက်သူကြီး (စော်ဘွား)များ အုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြပြီး ၁၉၅၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသည့် သတ္တမအကြိမ် ချင်းရိုး ရာကောင်စီညီလာခံတွင် ချင်းအမျိုးသားနေ့ သတ်မှတ်ရေး အဆိုများ တင်သွင်းခဲ့ကြပြီး ဖလမ်းမြို့၌ လူထုညီလာခံ ကျင်းပခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို “ချင်းအမျိုး သားနေ့” အဖြစ် သတ်မှတ်အတည်ပြုခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင်  (၆၉)နှစ်မြောက် ရှိခဲ့ပြီဟု သိရသည်။

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၃) ၊ အမှတ် (၈)'
'တပ်မတော်နှင့် လက်မှတ်မထိုးရသေးသည့်တိုင်းရင်းသားအဖွဲ့များ တိုက်ရိုက်ဆွေးနွေးနိုင်ရန် နေရာ တစ်ခုလိုအပ်ဟု ဂျာနန်လထော်ဆို

အောင်ထူးနိုင်

တပ်မတော်နှင့် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုက်ရိုက် ဆွေးနွေးနိုင်ရန်အတွက် နေရာတစ်ခုလိုအပ်သည်ဟု ငြိမ်းဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဒေါ်ဂျာနန်လ ထော်က ပြောသည်။

 “လက်ရှိလက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး မြှင်တင်ဆောင်ရွက်နိုင်ဖို့ဆိုရင် တပ်မတော်နဲ့ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေက စစ်ပိုင်းဆိုင်ရာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို တိုက် ရိုက် ဆွေးနွေးနိုင်ဖို့ နေရာတစ်ခု ဖန်တီးဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် ထိုလုပ်ငန်းစဉ်များအပေါ် ကြိုးစားဖော်ဆောင်နေပြီး တိုးတက်မှု ရှိ သော်လည်း အချို့အကြောင်းအရာများအား မီဒီယာတွင် ဖော်ပြနိုင်ခြင်းမရှိသည့် အချက်များလည်း ရှိနိုင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း Centre for Development and Ethnic Studies (CDES) ၏ဦးဆောင်မှုဖြင့် ပဲခူတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာကျော် ဟိုတယ်တွင် ငြိမ်းချမ်း ရေးဖြစ်စဉ်နှင့် နိုင်ငံရေးဆွေးနွေးပွဲအား မြှင့်တင်ခြင်း-ငြိမ်းချမ်းရေးဖိုရမ်အား ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တွင် ကျင်းပခဲ့ပြီး ယင်းဖိုရမ်၌ ဒေါ်ဂျာနန်လထော်က ဆွေးနွေးရာတွင် ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါပွဲတွင် တင်ပြဆွေးနွေးသူများအဖြစ် ဦးလှမောင်ရွှေ (ငြိမ်းချမ်းရေးကော်မရှင် အကြံပေး)၊ ဦး ရန်ကျော် (နိုင်ငံရေးလေ့လာသုံးသပ်သူ)၊ ဒေါ်ဂျာနန်လထော်(ငြိမ်း)ဖောင်ဒေးရှင်းနှင့် စာရေးဆရာ နောင်ကျော်တို့က ဆွေးနွေးခဲ့ကြသည်။
အဆိုပါပွဲသို့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ တိုင်းရင်းသားလူမျိုးများရေးရာ ကော်မတီဥက္ကဋ္ဌ ဦးတင် ဆန်းဦးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေး တို့ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၁၃) ၊ အမှတ် (၈)'
'လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ချင်း) တွင် ဆွေးနွေးမည့် အကြောင်းအရာ ကိစ္စ။'
'ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုအလုပ်အမှုဆောင်
ပူး ရမ်ကုလ်ကျုံး (Pu Ram Kulh Cung) နှင့် တွေ့ဆုံခြင်း
အိုက်စိုင်း
 
(၁) ​ချင်းပြည်နယ်မှာ AA အဖွဲ့လှုပ်ရှားမှုတွေ ရပ်တန့်ပေးဖို့ CNF ကလိုလားနေတယ်။ မဟုတ်ရင် စစ်ရေး အရ ဖြေရှင်းသွားမယ်ဆိုတဲ့ ပြောဆိုသံတွေ ထွက်ပေါ်လာတယ်။အဲဒါ တကယ်ပဲ အဲလို ဖြေရှင်းသွားဖို့ ဆုံးဖြတ်ထားပါသလား။
အဲဒီသတင်းက facebook ပေါ်မှာ တော်တော်လေး ပွဲဆူသွားတယ်။ တကယ်တော့ The Voice က ကျနော့်ကို အဓိက မေးတာက ချင်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအကြောင်းပါ။ ကျနော်က CNDJC တာဝန်ရှိတဲ့အတွက် ဖြေကြားခြင်း ဖြစ်တယ်။ အဲဒီ သတင်းလည်း စာမျက်နှာ (၁၂) မှာ ပါ တယ်။ AA အကြောင်းကို နောက်ဆက်တွဲအနေနဲ့ နည်းနည်း ထပ်မေးတယ်။ ကျနော်က “အဆင့် ဆင့် ဆောင်ရွက်နေပါတယ်” လို့ ဖြေကြားခဲ့တာပါ။ တယ်လီဖုန်းဆက်တာတို့၊ တွေ့ဆုံဆွေးနွေးတာ တို့ပေါ့။ နောက်အဆင့်တွေမှာ ဘာလုပ်မလဲလို့ ထပ်မေးတော့ ကျနော် ဘာမှ မဖြေခဲ့ပါဘူး။ အဆင့် (၃) ဆင့် နဲ့ ဆောင်ရွက်နေတာတို့၊ အဆင့် (၃) မှာ စစ်ရေးအရ ဖြေရှင်းမယ်ဆိုတာတွေကတော့ သူ့တို့ရဲ့ ကောက်ချက်ချမှုပါ။ သတင်းပုံစံနဲ့ သူတို့ ရေးလိုက်တာပါ။ စစ်ရေးအရ ဖြေရှင်းမယ်ဆိုတာ မျိုးက ကျနော့်အဆင့်နဲ့ ပြောလို့မရဘူးလေ။ ဥက္ကဋ္ဌအဆင့်၊ အထွေထွေအတွင်းရေးမှူးအဆင့် ကပဲ ပြောဆိုခွင့် ရှိပါတယ်။
 
(၂) ​၂၀၁၆ ခုနှစ်က မိုင်ယန်ဂျာမှာ AA ဥက္ကဌ ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်နဲ့ CNF တာဝန်ရှိသူတွေ တွေ့ဆုံ ပြီးတော့ ချင်းပြည်နယ်အတွင်း လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေရှိခဲ့တယ်။ အဲဒါ အခု ဘယ်လို နားလည်မှု ယူထားသလဲ။
အဓိက ဆွေးနွေးဖြစ်တာကတော့ အောက်ခြေက ပကတိ အခြေအနေတွေ၊ အခက်အခဲတွေပေါ့။ ကျနော်တို့ဘက်က ဆွေးနွေးတာကတော့ ဒေသခံတွေရဲ့ အခက်အခဲကိစ္စပါ။ ပလက်ဝမှာ လှုပ်ရှား မှုတွေ မလုပ်ဖို့ ညှိနှိုင်းဆောင်ရွက်တာပါ။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းဆိုတော့ နားလည်မှု ရှိပါတယ်။ 
 
(၃) ​အခု CNF အနေနဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးခွင့်ရထားတယ်ဆိုတော့ ၂၁ ရာစု ပင်လုံညီ လာခံမှာ ဘယ်လို အကြောင်းအရာတွေကို တင်ပြ ဆွေးနွေးသွားနိုင်မယ်လို့ ရည်မှန်းထားသလဲ။
ကျနော်တို့က မူဘောင်တွေ၊ လုပ်ငန်းလမ်းညွှန်တွေ၊ အခြားလိုအပ်တာတွေ လုပ်ရင်း အချိန် တော် တော်ကုန်သွားတယ်။ ဆွေးနွေးရမယ့်အကြောင်းအရာခွဲတွေကို UPDJC မှာ တင်ပေမယ့် မကျသေး ဘူး။ ဒါကြောင့် ဒီတစ်ကြိမ်မှာလည်း အသေးစိတ်ဆွေးနွေးတင်ပြဖို့က မဖြစ်နိုင်သေးဘူး။ တိုင်းရင်း သားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ သဘောတူထားတာကတော့ ၂၀၀၅ တိုင်း ရင်းသားညီလာခံမှာ ချမှတ်ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူ (၈) ချက်ကိုပဲ အလေးပေး တင်ပြဖို့ပါ။ CNF အနေနဲ့လည်း ဒါကိုပဲ တင်ပြသွားမှာပါ။
 
(၄) ​လာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်လာဖို့အတွက်ဆိုရင် ဘယ်လို ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်သွားဖို့လိုအပ်မယ် ထင်သလဲ။
တစ်အချက်ကတော့ ပုံမှန် ညှိနှိုင်းဆွေးနွေးနေဖို့ လိုပါတယ်။ အခု အခြေအနေက ပုံမှန် ညှိနှိုင်းဆွေး နွေးမှုတွေ ကျဲသွားတယ်။ ပိုဆိုးတာက တိုက်ပွဲတွေပေါ့။ နှစ်အချက်ကတော့ နိုင်ငံရေးဆန္ဒလို့ ထင် တယ်။ နှစ်ဖက်လုံးက ဆန္ဒရှိမှ ဖြစ်လာမှာပါ။ မဟုတ်ရင်တော့ တိုင်ပတ်နေဦးမှာပဲ။ သုံးအချက်က တော့ ညှိနှိုင်းမှုကို မြှင့်တင်ဆောင်ရွက်ဖို့လိုတယ်။ ဘယ်ညှိနှိုင်းမှုပုံစံမှ ပုံသေကားကျ မရှိဘူးလေ။ ဒါကြောင့် ကျနော်တို့ ရေခံမြေခံ ပကတိအခြေအနေနဲ့ လိုက်လျောညီထွေမှုရှိစွာ ညှိနှိုင်းဆောင်ရွက် ရမယ်လို့ မြင်ပါတယ်။ အရေးအကြီးဆုံးကတော့ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးမှုမှာ တစ်ဖက်နဲ့တစ် ဖက် ညှိနှိုင်းရရှိတဲ့ အပြောင်းအလဲတွေကို အသိအမှတ်ပြုဆောင်ရွက်ရဲဖို့ပါပဲ။
 
(၅) ​AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ပျဉ်စိုကျေးရွာက ဒေသခံတွေ အခုချိန်ထိ စစ်ရှောင် ဒုက္ခသည်တွေအဖြစ် နေနေကြရတယ်။ ထောက်ပံ့မှုတွေလည်း လိုအပ်နေတယ်လို့ သိရတယ်။ ဒါကို CNF အနေ နဲ့ အစိုးရနဲ့ ဘယ်လို ညှိနှိုင်းမှုတွေ လုပ်နေတာရှိပါသလဲ။
CNF အနေနဲ့ကတော့ သတင်းအချက်အလက်တွေကို စုစည်းပါတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းနိုင်ဖို့ ပံ့ပိုးဆောင်ရွက်ပေးပါတယ်။
 
(၆) ​CNF ကို UNFC က သူတို့ရဲ့ ညီလာခံကို တက်ဖို့ ဖိတ်ကြားထားတယ်လို့ သိရတယ်။ တက်ရောက် သွား ဖို့ရှိပါသလား။ တက်ရောက်ဖြစ်ရင် ဘာတွေကို ဆွေးနွေးသွားမလဲ။
ဟုတ်ကဲ့။ ပြီးခဲ့တဲ့နှစ်က ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေး၊ စစ်ရေး အခြေအနေအရ ရွှေ့ဆိုင်းလိုက်ရတယ်။ ညီလာခံက နည်းနည်း လိုပါသေးတယ်။ တိုးတက်ပြောင်းလဲဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရ ညီလာခံမတိုင်မီ CNF အတွင်း ညှိနှိုင်းပြီး ဆွေးနွေးသွားမှာပါ။
 
(၇) ​နောက်တစ်ခုက UNFC က CNF ကို အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းထားတယ်။ ဒါပေမဲ့ အခု ပြန် လက်ခံဖို့ရှိတယ်လို့လည်း သိရတယ်။ ဒီအပေါ်မှာကော ဘယ်လို ဆုံးဖြတ်သွားဖို့ရှိသလဲ။
UNFC က CNF ကို အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းခြင်း ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ရပ် ဆိုင်းတာ မဟုတ်ဘူး။ CNF က အခြားညီနောင်တွေနဲ့အတူ UNFC ကို ဖွဲ့စည်းတည်ထောင်ခဲ့တာပါ။ ကျနော်တို့က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ စည်းလုံးညီညွတ်မှ ဖက် ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်တယ်။ ဘယ်လို ပုံစံနဲ့ ညီညွတ်ရေး တည်ဆောက်ကြမယ်ဆိုတာကိုတော့ နည်းလမ်းရှာဖွေသွားမှာပါ။
 
(၈) ​ပြည်နယ်မှာ လိုအပ်ချက်တွေက တော်တော်များတယ်။ လမ်းပန်ဆက်သွယ်ရေးကအစ စီးပွားရေး အဆုံး၊ အဲဒါတွေကို ဖြည့်စီးပေးနိုင်ဖို့ CNF အနေနဲ့ ဘယ်လို ကြိုးစားဆောင်ရွက်မှုတွေ လုပ်နေပါသ လဲ။
CNF က​ တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည့်အလျောက် နိုင်ငံရေးကိစ္စတွေကို အဓိက လုပ်ပါ တယ်။ CNF နဲ့ ပြည်ထောင်စုအစိုးရတို့ရဲ့ ဒုတိယအကြိမ် သဘောတူညီချက် (၂၇) ချက်ထဲမှာ လေ ယာဉ်ကွင်း တည်ဆောက်ရေးကိစ္စ၊ ပြည်ထောင်စုလမ်းမ တည်ဆောက်ရေးကိစ္စ၊ ပညာရေးကိစ္စ၊ ကျန်းမာရေးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စ၊ အထူးစီးပွားရေးဇုံကိစ္စ၊ မီဒီယာကိစ္စ စတာတွေ ပါတယ်။ အခု လမ်းတွေ ဖောက်နေတယ်၊ လေယာဉ်ကွင်း တည်ဆောက်နေတယ်၊ ကောလိပ်တွေ ဖွင့်တယ်၊ ဖွံ့ဖြိုး ရေးတွေ စလုပ်နေတယ်။ ဒါတွေဟာ CNF ရဲ့ ကြိုးပမ်းဆောင်ရွက်မှု အသီးအပွင့်တွေပါ။ ဆက် လက်ပြီးတော့လည်း ငြိမ်းချမ်းရေးဆိုင်ရာဖွံ့ဖြိုးရေးကိစ္စတွေ ဆောင်ရွက်သွားဖို့ ရှိပါတယ်။
 
ယခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။'
'တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များ၏
တတိယအကြိမ် မျက်နှာစုံညီ ပန်ခမ်း အစည်းအဝေး သတင်းထုတ်ပြန်ချက်...
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များ တတိယအကြိမ် မျက်နှာစုံ ညီ ပန်ခမ်း အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ အထူးဒေသ (၂) “၀” ပြည်နယ်အစိုးရဌာနချုပ် ပန်ခမ်းမြို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
အစည်းအဝေးကို “၀” ပြည်သွေးစည်းညီညွှတ်ရေးပါတီ၊ “၀” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSP/UWSA) မှ ကမကထ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) (PSC/NDAA)မှ ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
အစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားထားသည့် အဖွဲ့အစည်းပေါင်း (၁၀)ဖွဲ့ ရှိပြီး အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် (၈)ဖွဲ့မှ ကိုယ်စားလှယ် စေလွှတ်ခဲ့ပါသည်။ ၎င်းတို့မှာ ရက္ခိုင့်တပ်မတော်(ULA/AA)၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(MNDAA)၊ ပလောင်ပြည်လွတ် မြောက်ရေးတပ်ဦး(PSLF/TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)၊ ရှမ်းပြည်အရှေ့ ပိုင်း အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (PSA/NDAA)၊ နှင့် အထူးဖိတ်ကြား ပုဂ္ဂိုလ် ၂ ဦးတို့ ဖြစ်ပါသည်။
ကျန်နှစ်ဖွဲ့ဖြစ်သည့် ကရင်နီ တိုးတက်ရေး ပါတီ (KNPP)၊ နှင့် မွန်ပြည်သစ်ပါတီ (NMSP)၊ တို့မှာ အခြေအနေ ထူးခြားမှုကြောင့် ကိုယ်စားလှယ် စေလွှတ်တက်ရောက်ခြင်း မပြုနိုင်သည့်အတွက် စာတမ်းတင်သွင်း ဖြင်းပုံစံဖြင့် ပါဝင်သွားမည် ဖြစ်ပါသည်။
အစည်အဝေး ဆွေးနွေးချက်မှာ ဒုတိယအကြိမ် (၂၁) ရာစု ပင်လုံညီလာခံ ကျင်းပရေးနှင့် ပတ်သက် သည့် အမြင်သဘောထားနှင့် ရပ်တည်ချက်များ ဖြစ်ပါသည်။'
Centre for Development and Ethnic Studies's photo.
Videos
Reviews
  • 5starHard working and bright colleagues!
  • 5starငြိမ်းချမ်းပါစေအမိမြေ ၊ငြိမ်းချမ်းပါစေအမိမြေ ၊ငြိမ်းချမ်းပါစေအမိမြေ ၊ငြိမ်းချမ်းပါစေအမိမြေ ၊ ငြိမ်းချမ်းပါစေအမိမြေ ၊ ငြိမ်းချမ်းပါစေအမြိေ
Tell people what you think
People Also Like
PlacesYangonOtherOrganizationCentre for Development and Ethnic Studies