Photos
Videos
၂ဝ၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ ရက်၊ ကြာသပတေးနေ့ မနက်ခင်း ဘီဘီစီမြန်မာပိုင်း အစီအစဉ်တွေကို လန်ဒန်မြို့ကနေ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။ ဒီမနက် သတင်းတွေထဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး လွှဲပြောင်းရေး ဗြိတိန် အစိုးရကို ဗြိတိန်လွှတ်တော်အမတ် ၁၀၀ကျော် တောင်းဆိုလိုက်တဲ့ စိတ်ဝင်စားဖွယ် ပြည်တွင်း သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ တခါ ဖလော်ရီဒါ အထက်တန်းကျောင်းမှာ သေနတ်ပစ်ခတ်မှုကို တွေ့ကြုံခဲ့ရတဲ့ ကျောင်းသားနဲ့ မိသားစုတွေကို အမေရိကန် သမ္မတထရမ့်က အိမ်ဖြူတော်မှာ တွေ့ဆုံပြီး သေနတ်ထိန်းချုပ်ရေး ဆွေးနွေးကြတဲ့ ထိပ်တန်း နိုင်ငံတကာ သတင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။ နောက်ပိုင်းမှာလည်း မိုဘီဂျီနို အစီအစဉ်ကို ထုတ်လွှင့် ပေးဦးမှာမို့ စောင့်မျှော် နားဆင်နိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း
844
190
ပီကာဆို ပန်းချီကားအောက်က ပန်းချီလက်ရာ
456
2
နိုင်းမြစ်ပေါ်က အာဖရိကရဲ့ အကြီးဆုံး ဆည်
483
4
Posts

ကမ္ဘာ့ ချန်ပီယံ ရွှေခါးပတ် နောက် တခု ယူပြီး သမိုင်းသစ်ရေးမယ်လို့ အောင်လအန်ဆန်း ကြုံးဝါး

http://bbc.in/2EKQRbT

#ဘီဘီစီမြန်မာပိုင်း #အောင်လအန်ဆန်း #မြန်မာစပါးအုံးမြွေ #Burmese_Python #MMA #Mixed_Martial_Arts #သိုင်းပေါင်းစုံ

အချုပ် အဖမ်း ကျွမ်းသူနဲ့ ရင်ဆိုင်မယ့် မြန်မာစပါးအုံးမြွေ
youtube.com

သူ့အိမ်မှာ ဥဒေါင်းငှက်လို ယဉ်ပါးလွယ်တဲ့ တိရစ္ဆာန်ငယ်တွေက အစ ဟိုင်အီးနားခွေးအတွေ၊ ကျားသစ်တွေနဲ့ ဝက်ဝံကြီးတွေကိုပါ ကျွေးမွေးထားတာပါ။

http://bbc.in/2Fje7L3

#ဘီဘီစီမြန်မာပိုင်း

မိဘမဲ့ တောရိုင်းတိရစ္ဆာန်တွေကို စောင့်ရှောက်ပေးနေသူ
bbc.com
Posts

ဦးကိုနီအမှုမှာ ဖမ်းဆီးခံရသူ အာမခံရ

တရားခံပြေးအဖြစ် ကြေညာခံထားရတဲ့ အောင်ဝင်းခိုင်ရဲ့ အကိုဖြစ်သူ အောင်ဝင်းထွန်းကို ရှေ့နေ ဦးကိုနီ အသတ်ခံရတဲ့ အမှုမှာ မြောက်ပိုင်းခရိုင် တရားရုံးက အာမခံပေးခဲ့ပါတယ်။

အောင်ဝင်းထွန်းကို ရာဇသတ်ကြီးပုဒ်မ ၂၁၂နဲ့ စွဲချက်တင်တာ ဖြစ်တဲ့အတွက် သိန်းငါးရာတန် ခံဝန်သူနှစ်ဦးနဲ့ အာမခံခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဦးကိုနီရှေ့နေ ဦးရောဘတ်ဆန်းအောင်က ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

...

NLD ပါတီရဲ့ ဥပဒေအကျိုးဆောင် ဦးကိုနီဟာ ၂၀၁၇ခုနှစ် ဇန်န၀ါရီလ ၁၉ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီအမှုဖြစ်တာ တနှစ်ကျော်ပြီ ဖြစ်ပေမယ့် အမှုရဲ့ အဓိက တရားခံတဦးဖြစ်တဲ့ အောင်ဝင်းခိုင်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း

See More
Image may contain: 1 person, standing

တပတ်တာအတွင်း ကမ္ဘာတလွှားက ဓါတ်ပုံဆရာတွေရဲ့ ထူးထူးခြားခြား ဓါတ်ပုံတွေကို ဘီဘီစီ ပရိတ်သတ်တွေဆီ မျှဝေလိုက်ပါတယ်။

ဓါတ်ပုံ-REUTERS , AFP , EPA,GETTY IMAGES

#ဘီဘီစီမြန်မာပိုင်း

လူ့အခွင့်အရေးလှုပ်ရှားသူ ကိုခိုင်မျိုးထွန်း လွတ်လာ

ရခိုင်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုခိုင်မျိုးထွန်းဟာ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့မှာ စစ်တွေထောင်ကနေ လွတ်မြောက်လာခဲ့ပါတယ်။ ထောင်ထဲမှာ ၁၈ လကြာနေထိုင်ခဲ့ပြီးမှ ဒီနေ့မနက်လွတ်မြောက်လာခဲ့တာပါ။ အာဏာပိုင်တွေက သူ့ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နဲ့ ဇူလိုင်လ ၂၀၁၆ မှာ ဖမ်းဆီးအရေးယူခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ Fortify Rights ...
#ဘီဘီစီမြန်မာပိုင်း

See More
Image may contain: 14 people, people smiling, selfie
Image may contain: 11 people, people smiling, people standing and outdoor
Image may contain: 12 people, people smiling, people standing and outdoor

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ICC လွှဲပြောင်းရေး ဗြိတိန်အမတ် တောင်းဆို

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေတဆင့် မြန်မာနိုင်ငံရဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး(အိုင်စီစီ)ကို လွှဲပြောင်းရေး ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ခံတင်ပြ ဖိအားပေးဖို့ ဗြိတိန်လွှတ်တော်အမတ် ၁၀၂ ယောက်က လက်မှတ်ရေးထိုး တောင်းဆို လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ဥရောပသမဂ္ဂ (အီးယူ)ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရင် ရခိုင်ပြည်နယ်အရေး...နဲ့ ပတ်သက်ပြီး ဘာဆက်လုပ်မလဲဆိုတာ ဆွေးနွေး ဖို့ ရှိနေပါတယ်။

အပြည့်အစုံသို့

http://bbc.in/2GBxBKv

See More
နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ အထောက်အထားတွေ အများအပြား တွေ့လာ ရပြီမို့ နောက်ထပ်ခြေတလှမ်းတိုးဖို့
bbc.com

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် နှစ်နိုင်ငံကြားက လူမနေရ Zero Land နေရာမှာ သွားရောက် နေထိုင်ကြတဲ့ မွတ်ဆလင် ၆၅၀ဝ ကျော်ထဲမှာ အကြမ်းဖက် အဖွဲ့အစည်းက လူတွေ ပါဝင်နေတယ်လို့ သတင်းရ ထားကြောင်း မြန်မာအစိုးရ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
အဲဒီလူတွေ ထဲမှာ အစိုးရက ထုတ်ပြန်ထားခဲ့တဲ့ အကြမ်းဖက်သမားတွေ ပါမပါ စိစစ်သွားမယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

အပြည့်အစုံသို့

... See More
လူနေခွင့် မရှိတဲ့ နေရာမှာ နေထိုင်သူတွေထဲမှာ အကြမ်းဖက် သမားတွေ ရှိနေတယ်လို့ သတင်းရကြောင်း အစိုးရကပြောပါတယ်...
bbc.com

အဂတိလိုက်စားမှုနဲ့ အများဆုံး အတိုင်ခံရတာ ပြည်ထဲရေးလို့ အဂတိတိုက်ဖျက်ရေး ကော်မရှင် ပြော

အဂတိလိုက်စားမှုကြောင့် အများဆုံး အတိုင်ခံရတဲ့ အထဲမှာ ပြည်ထဲရေး ၀န်ကြီးဌာနက အများဆုံးလို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ပြောပါတယ်။

အုပ်ချုပ်ရေး အာဏာကို အသုံးပြုပြီး ငွေကြေးအလွဲသုံးစားလုပ်တဲ့သူတွေကို အဂတိတိုက်ဖျက်ရေး ကော်မရှင် ဥပဒေ ပုဒ်မတွေနဲ့ ရဲကို တိုင်ကြားပြီး အမှု ဖွင့်ထားတယ်လို့ ကော်မရှင်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဟန်ညွန့်က ဘီဘီစီကို ပြောပါတယ်။

...

အပြည့်အစုံသို့

http://bbc.in/2EHgmed

See More
အုပ်ချုပ်ရေး အာဏာကို အသုံးပြုပြီး ငွေကြေးအလွဲသုံးစားလုပ်တဲ့သူတွေကို အဂတိတိုက်ဖျက်ရေး ကော်မရှင် ဥပဒေ ပုဒ်...
bbc.com

မြောက်ကိုရီးယားအမျိုးသမီး ဟော်ကီကစားသမားများ McDonald'sကို ကြိုက်

မြောက်ကိုရီးယားကလာတဲ့ အမျိုးသမီး ဟော်ကီကစားသမားတွေဟာ McDonald's ကို နှစ်နှစ်ခြိုက်ခြိုက် စားတယ်လို့ တောင်ကိုရီးယား အမျိုးသမီး ဟော်ကီ အသင်း ကစားသမားက ပြောပါတယ်။

အမေရိကန် ပြည်ထောင်စု အခြေစိုက် McDonald's အစားအသောက် ကုမ္ပဏီဟာ အလွယ်တကူ အသင့် စားနိုင်တဲ့ အစားအသောက်တွေကို ထုတ်လုပ်ရောင်းချပါ တယ်။

...

အပြည့်အစုံသို့
http://bbc.in/2CaNpFF

See More
မြောက်ကိုရီးယား ကစားသမားတွေဟာ မနက်စာအတွက် McDonald's ရေခဲမုန့်ကို မှာစားကြတယ်
bbc.com

ဆမ်ဆောင်းရဲ့ Galaxy S9 စမတ်ဖုန်းပုံ ပေါက်ကြား

ဆမ်ဆောင်းရဲ့ နောက်အသစ်ထွက်မယ့် Galaxy S9 စမတ်ဖုန်းသစ်ရဲ့ ဓာတ်ပုံဟာ ကုမ္ပဏီရဲ့ အက်ပလီကေးရှင်းကနေ တဆင့် ပေါက်ကြားသွားခဲ့ပါတယ်။

လာမယ့် ၂၅ ရက်နေ့မှာ ဆမ်ဆောင်းဟာ သူရဲ့ Galaxy S9 စမတ်ဖုန်းသစ်ကို စပိန်နိုင်ငံ ဘာစီလိုနာမှာ မိတ်ဆက် ပေးဖို့ ရှိနေပါတယ်။

...

အပြည့်အစုံသို့
http://bbc.in/2EHUlM8

See More
ဒီပုံတွေဟာ ဆမ်ဆောင်းရဲ့ ဆာဗာက ရလာတာကြောင့် အစစ်တွေဖြစ်တယ်
bbc.com
BBC Burmese was live.
11 hrs

၂ဝ၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၂ ရက်၊ ကြာသပတေးနေ့ မနက်ခင်း ဘီဘီစီမြန်မာပိုင်း အစီအစဉ်တွေကို လန်ဒန်မြို့ကနေ တိုက်ရိုက် ထုတ်လွှင့်နေပါတယ်။

ဒီမနက် သတင်းတွေထဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး လွှဲပြောင်းရေး ဗြိတိန် အစိုးရကို ဗြိတိန်လွှတ်တော်အမတ် ၁၀၀ကျော် တောင်းဆိုလိုက်တဲ့ စိတ်ဝင်စားဖွယ် ပြည်တွင်း သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

တခါ ဖလော်ရီဒါ အထက်တန်းကျောင်းမှာ သေနတ်ပစ်ခတ်မှုကို တွေ့ကြုံခဲ့ရတဲ့ ကျောင်းသားနဲ့ မိသားစုတွေကို အမေရိကန် သမ္မတထရမ့်က အိမ်ဖြူတော...်မှာ တွေ့ဆုံပြီး သေနတ်ထိန်းချုပ်ရေး ဆွေးနွေးကြတဲ့ ထိပ်တန်း နိုင်ငံတကာ သတင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။

နောက်ပိုင်းမှာလည်း မိုဘီဂျီနို အစီအစဉ်ကို ထုတ်လွှင့် ပေးဦးမှာမို့ စောင့်မျှော် နားဆင်နိုင်ကြပါတယ်။

#ဘီဘီစီမြန်မာပိုင်း

See More
It looks like you may be having problems playing this video. If so, please try restarting your browser.
Close
Posted by BBC Burmese
7,642 Views
7.6K Views

နာမည်ကျော် ပန်းချီဆရာကြီးပီကာဆိုရဲ့ ပန်းချီကား တချပ်ကိုစကင်ဖတ်ကြည့်ခဲ့ရာမှာ အဲဒီ ပန်းချီလက်ရာအောက်မှာ နောက်ထပ် ပန်းချီ လက်ရာ တွေ ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ဒီနည်းပညာဟာ လက်ရှိသုံးနေကြတဲ့ စကင်ဖတ်တဲ့ စနစ်တွေထက် ပိုငွေကုန်ကြေးကျ သက်သာပြီးသယ်ပို့လို့လည်း လွယ်ကူတာကြောင့် ကမ္ဘာပေါ်က ပန်းချီပြတိုက်ပြခန်းတိုင်းမှာ သုံးလို့ အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။

ကိုအောင်သွင်ကပြောပြမှာပါ။

It looks like you may be having problems playing this video. If so, please try restarting your browser.
Close
11K Views

နိုင်းလ်မြစ်ရေ ခွဲဝေ သုံးစွဲမှုတွေနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေရှိလာနေပြီးကမ္ဘာပေါ်မှာပထမဆုံး ရေလုလို့ဖြစ်တဲ့စစ်ပွဲမျိုးတွေ ပါ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

အီသီယို ပီးယားက နိုင်းလ်မြစ်ပေါ်မှာ အာဖရိကရဲ့အကြီးဆုံးဆည်ကြီးဆောက်နေပါတယ်။ အဲဒီကနေ တိုင်းပြည်ရဲ့စက်မှု လုပ်ငန်းတွေအတွက်လိုအပ်မယ့် ရေအားလျှပ်စစ်ထုတ်မယ့်အပြင် တခြား အိမ်နီးချင်း နိုင်ငံတွေကို ရောင်းချသွားဖို့ စီစဉ်နေတာပါ။
တဘက်မှာတော့ အီဂျစ်က ဒါနဲ့ပတ်သက်လို့ မကျေမနပ်ဖြစ်နေပါတယ်။
ကိုမင်းထက်က ပြောပြမှာပါ။

It looks like you may be having problems playing this video. If so, please try restarting your browser.
Close
16K Views

"ဆဗီးယားနဲ့ မန်ယူ ဂိုးမရှိ သရေကျပြီး ရှက်တာဒိုးနက် အနိုင်ရခဲ့"

"ဆဗီးယား ၀-၀ မန်ချက်စတာယူနိုက်တက်"
"ရှက်တာဒိုးနက် ၂-၁ ရိုးမား"

...

ချန်ပီယံလိဂ်ရှုံး ပွဲတွေရဲ့ ရှုံးထွက်အဆင့် ပထမအကျော့ နောက်ဆုံး ၂ပွဲကို ဆက်ကစားခဲ့ရာ မန်ချက်စတာယူနိုက်တက်ကက အဝေးကွင်းမှာ ဂိုးမရှိ သရေကစားနိုင်ခဲ့လို့ နောက်တစ်ကျော့ကို အိမ်ကွင်းမှာ အခွင့်အရေး အသာနဲ့ ကစားရဖို့ရှိနေပါတယ်။ ဆဗီးယားဟာ အိမ်ကွင်းမှာ အနိုင်ရဖို့ တိုက်စစ်ဆင်ကစားခဲ့ပေမယ့် ထိထိရောက်ရောက် ဖိအားပေးနိုင်ခြင်းမရှိခဲ့ သလို မန်ယူခံစစ်နဲ့ ကွင်းလယ်ကလည်းမကျော်နိုင်ခဲ့ဘဲ ဖြစ်ခဲ့ပါတယ်။ ပွဲအတွင်း အပိုင်အခွင့်အရေး တစ်ကြိမ်ရခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒါးဗစ် ဒဟဲရား အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ ဆဗီးယား တိုက်စစ်မှူး လူးဝစ် မူရီရယ်ရဲ့ အပိုင် ခေါင်းတိုက်ချက်ကို ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက် တက်ဖက်က ကွင်းလယ်လူ ဟာရဲရား ဒဏ်ရာရသွားလို့ ပေါ့ပ်ဘာ ၀င်ကစားလဲ့သလို ကွင်းလယ်မှာ မာတစ်၊ မက်တော်မီနေတို့နဲ့ အတွဲညီ ကစားခဲ့ပြီး ခံစစ်နဲ့ ပိုင်းကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဆဗီးယားက ဖိကစားခဲ့ပေမယ့် အပိုင်ဂိုးသွင်းခွင့်တွေမရဘဲ ဂိုးမရှိ သရေကျသွားခဲ့ပါ တယ်။
အခြားပွဲမှာတော့ ရှက်တာဒိုးနက်က နောက်ကလိုက်ကစားပြီး ရိုးမားကို ၂-၁ဂိုးနဲ့ နိုင်ပါတယ်။ ရိုးမားက ၄၁မိနစ်မှာ တစ်ဂိုးအသာနဲ့ ဦးဆောင်ခဲ့ပြီးမှ ရှက်တာဒိုးနက်က ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ နိုင်ခဲ့တာပါ။ ပွဲချိန် ၅၂မိနစ်မှာ ဖာရေရာနဲ့ ၇၂မိနစ်မှာ ဖရီးကစ်ကနေ ဖရက်ဒ်က တစ်ဂိုးစီသွင်းခဲ့လို့ ၂-၁ဂိုးနဲ့ နိုင်ခဲ့တာ ဖြစ်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း

See More

ကမ္ဘာတဝန်းလေကြောင်း ခရီးသွားလာမှုတွေတိုးလာသလို လေယာဉ်ပျံတွေလည်း ပိုများလာပါတယ်။ လေယာဉ်တွေကလည်းပိုခေတ်မီလာသလို လေကြောင်းလိုင်းတွေကလည်း လေယာဉ်ဟောင်းတွေနေရာမှာ လေယာဉ်သစ်တွေနဲ့အစားထိုးလာကြပါတယ်။ ဆိုတော့အဲဒီ လေယာဉ်ဟောင်းတွေဘယ်ရောက်သလွားကြပါသလဲ။ တချို့ကိုတော့ တစစီ ဖြုတ်ပြီး တခြား အသုံးတည့်မယ့် နေရာတွေမှာသုံးကြပါတယ်။ အီသီယိုပီးယားမှာတော့ စွန့်ဦး တီထွင်လုပ်ငန်းရှင် အဖွဲ့တခုက ဝိုင် ကဖေး ဆိုပြီး ဖွင့်ထားပါတယ်။ ကိုဘိုဘိုက ပြောပြမှာပါ။

It looks like you may be having problems playing this video. If so, please try restarting your browser.
Close
26K Views

ကူဝိတ်က ဖိလစ်ပိုင် သမ္မတကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သူတို့နိုင်ငံထဲမှာ ပြည်ပက လာရောက် အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအပေါ်မှာ အလွန်အကျူး နှိပ်စက်မှုတွေါ်ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေရှိနေတာနဲ့ ပတ်သက်လို့ နှစ်နိုင်ငံအကြား သဘော ကွဲလွဲမှုတွေကို ဖြေရှင်းနိုင်ဖို့အတွက်လည်းဖြစ်ပါတယ်။

အဲဒီ မှာ အလုပ်လာလုပ်နေကြတဲ့ ဖိလစ်ပိုင်က အိမ်အကူ တွေ အသက်ဆုံးရှုံး ခဲ့ရတာတွေကြောင့် အဲဒီကိစ္စတွေကို စုံစမ်းစစ်ဆေးနေဆဲ ကာလ အတွင်း ဖိလစ်ပိုင် အစိုးရက အဲဒီလို လုပ်သားတွေ စေလွှတ်ပေးနေတာကို ရပ်ဆိုင်းထားပါတယ်။ မရီရီအောင်က ပြောပြမှာပါ။

It looks like you may be having problems playing this video. If so, please try restarting your browser.
Close
32K Views