Posts

My article was translated by Kyaw San Lin and published in Myanmar. A proud moment for me 🙏

https://www.facebook.com/kyawsanlin25/posts/1429000833820371

Image may contain: drawing
No photo description available.
No photo description available.
No photo description available.
Kyaw San Lin

The Myanmar translation, by me, of an article "Dear doctors, be kind to each other." by Dr. Dharmaraj Karthikesan from Malaysia, got published in this year's Un...iversity of Medicine 1, Yangon 90th Anniversary Magazine!!! 📖✍🏻

“ဆရာဝန်များ အချင်းချင်းကြင်နာစွာ ဆက်ဆံကြပါရန်”
Dharmaraj Karthitesan
ပေါ်ဆန်း ဘာသာပြန်သည်။

(မှတ်ချက် ။ ။ Dr. Pharmraj Karthitesan သည် မလေးရှားနိုင်ငံရှိ Hospital Sultanah Bahiyah, Alor Sefar အမည်ရှိ အစိုးရပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော cardiologist နှလုံးဆိုင်ရာ သမားတော်တစ်ဦး ဖြစ်ပါသည်။
ယခုဆောင်းပါးသည် သူ၏ blog မှ “Dear doctors, be kind to each other” ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး ယင်းဆောင်းပါးမှာ မလေးရှားနိုင်ငံမှ အဖြစ်အပျက် များကို ရည်ညွှန်းထားခြင်းသာ ဖြစ်ပါသည်။)

ကျွန်တော်ညဖက် လူနာလှည့်ကြည့်ရှု(round) ပြီးအိမ်ပြန်ခါနီး ညတစ်ညတွင် ကျွန်တော့် အငယ်ဂျူနီယာဆရာဝန် တစ်ယောက် ကျွန်တော့်ဆီလာတယ်။ အဲဒီ့ဆရာလေးက အရင်က ကျွန်တော့်ဆီမှ အလုပ်လုပ်ဖူး တယ်။ သူ့ပုံစံကိုကြည့်ရတာ ပင်ပန်းနွမ်းနယ်နေပုံ ပေါက်တယ်။ ပိုဆိုးတာက သူ့ပုံစံ ကြည့်ရတာ ဆရာဝန်ဘ၀ကို လုံးဝစိတ်ကုန်ပြီး အလုပ်ထွက် တော့မယ့်ပုံ ပေါက်နေတယ်။ အဲဒါနဲ့ ကျွန်တော်သူ့ကိုမေးလိုက်တယ်။ “ညီလေး ဘယ်လိုဖြစ်ရတာ လဲ…..” သူ့ပါးစပ်ကမူ ပိတ်ထားဆဲ။ စကားတစ်ခွန်းမှ မဟ။ ပြောဖို့တွန့်ဆုတ် နေပုံပေါက်တယ်။ ကျွန်တော်ဖွင့်ဟဖို့ တွန်းတွန်းတိုက်တိုက် လေးပြောတော့ နောက်ဆုံး ကျွန်တော်နဲ့အတူ ညစာစားဖို့ စီစဉ်ဖြစ်သွားတယ်။ အဲဒီ့ဆရာဝန်လေး နဲ့အတူ စားသောက်ဆိုင် သွားကြတယ်။ အဲမှာ စားသောက်ရင်းနဲ့မှ ဆရာဝန်လေးဖက်က ရင်ဖွင့်လာပါ တော့တယ်။
အဲဒီ့ဆရာဝန်လေးက ကျွန်တော့်ဆီကနေ ပြောင်းသွားပြီးတော့ Specialty အထူးကုဌာန အသစ်တစ်ခုကို ရောက်သွားတာပါ။ အဲဒီ့ဌာနမှာ အလုပ်ချိန်များပေမယ့် ဆရာဝန်တစ်ယောက်အနေနဲ့ ဒါတွေပေးဆပ်ရမယ်ဆိုတာ သူသဘောပေါက်ပါတယ်။ ဒါပေမယ့် သူမခံနိုင်ဆုံးကတော့ အဆူအဆဲ အပြောအဆိုခံရတာတွေပဲ ဖြစ်ပါတယ်။ ကျွန်တော့ဆီ လာမတွေ့ခင်မှာလဲ သူ့ကို လူနာဆောင် (ward) ထဲကနေ မောင်းထုတ်ခံလိုက်ရပါတယ်။ ဘာလို့လဲဆိုတော့ သူစမ်းသပ်ထားတဲ့ လူနာအကြောင်းကို အလွတ် မမှတ်မိလို့ပါ။ သူ့ကို လူနာမှတ်တမ်း (chart) လဲပေးမကြည့်ပဲ ဓါတ်ခွဲခန်းအဖြေတွေကို ကြက်တူရွေး လိုအလွတ်ရွက်ခိုင်းတာပါ။ ပြီးတော့ လူနာရှေ့မှာ နာကြင်အောင်ကို ရက်ရက်စက်စက် အဆူအဆဲခံ ရတာပါ။
သူထမင်းစားပြီးတော့ ပြန်ဖို့နှုတ်ဆက်ပါတယ်။ “ကျွန်တော့်ကို မစိုးရိမ်ပါနဲ့။ ဒီလိုပဲ အဆင်ပြေ သွားမှာပါ” လို့ပြောရှာတယ်။ ကျွန်တော်တော့ သိပ်ဘ၀င်မကျလှဘူး။ လူအများရှေ့မှာ အပြော အဆိုခံရတာဟာ တော်တော်နဲ့ မမေ့နိုင်စရာကိစ္စကြီးပဲလေ။ တကယ်တော့ လူနာနဲ့ ဆရာဝန် ဆက်ဆံရေးဟာ အရေးကြီးတာမှန်ပေမာ့် ဆရာဝန်အချင်းချင်း ဆက်ဆံရေးဟာလည်း ဆေးကုသရေး မှာ အရေးပါတဲ့ အခန်းဏ္ဍမှာ ပါဝင်ပါတယ်။ ဒါပေမယ့်လို့ ဆေးလောကမှာ တစ်ခါတစ်ရံ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်ပြီး အပြန်အလှန်လေးစားမှု (mutual respects) ကင်းမဲ့တဲ့ မာနကြီးသူတွေ ရှိနေတတ်ပါတယ်။
ကျွန်တော်တို့ဟာ လူနာတွေအတွက် အသဲအသန်လုပ်ပေးနေချိန်မှာ ဆရာဝန်လုပ်ဖော် ကိုင်ဖက်အချင်းချင်းလည်း ထိုနည်းတူ ဂရုစိုက်ဖို့လိုတာပေါ့။ အမြင့်မြတ်ဆုံးဆိုတဲ့ ဆရာဝန်အလုပ်မှာ ဘာတွေမှားယွင်းနေလို့လဲ။ ဘာတွေပြင်ဆင်ဖို့ လိုမလဲ။
ဆရာဝန်တွေကို တစ်ယောက်နဲ့တစ်ယောက် ပုံစံတူတွေပဲလို့ မထင်ပါနဲ့။ “ခွဲစိတ်ဆရာဝန်တွေက ဘာမှမသိပေမယ့် အကုန်လုပ်တယ်။ သမားတော် တွေက အကုန်သိပြီး ဘာမျှမလုပ်ဘူး။ စိတ်ရောဂါကုဆရာဝန်တွေက ဘာမှလည်းမသိဘူး။ ဘာမှ လည်းမလုပ်ဘူး ရောဂါဗေဒဆရာဝန်တွေက အကုန်သိတယ်။ ဒါပေမယ့် အမြဲတမ်း တစ်ပတ်နောက် ကျတယ်။ “ခွဲစိတ်ဆရာဝန်တွေက အမြဲတမ်းသူမှသူပဲ။ မေ့ဆေးဆရာဝန်တွေက အပျင်းကြီးတယ်။ အရိုးဆရာဝန်တွေက ဗလပဲရှိတာ။ သားဖွားဆရာဝန်တွေက ရက်စက်တယ်။ ဦးနှောက်ခွဲစိတ်ဆရာဝန် တွေက သူတို့ကိုယ်သူတို့ ဘုရားလို့ထင်နေကြတယ်။ “အဲဒီလိုမျိုး အပြောမခံရတဲ့ အထူးကုဆရာဝန် ဘာသာရပ်တစ်ခုမှ မရှိဘူး။ အကုန်လုံးအပြောခံနေရတယ်။ ကျွန်တော် ဆေးပညာလောကမှာ ကျင်လည်ပြီး ရင့်ကျက်လာတာနဲ့အမျှ ကျွန်တော်ဆရာဝန်အမျိုးမျိုးနဲ့ တွေ့ဖူးတယ်။ အများစုက ပုံစံတစ်ခုကို လိုက်နာကြတယ်။ ဘယ်လိုလဲဆိုတော့ “သူတို့ရဲ့ အထူးကုဘာသာရပ်သည်သာ အရေး ကြီးဆုံး” လို့ခံယူပြီး တခြားအထူးကုဘာသာရပ်မတူတဲ့ ဆရာဝန်တွေကို အပြစ်မြင်ကြပြီး အခွင့်အရေး ရတာနဲ့ စွပ်စွဲပြစ်တင်တတ်ကြတယ်။
ဒီလိုလုပ်နေတာတွေကို ရပ်တန်းကရပ်သင့်ပါပြီ။ ဆေးပညာရဲ့ ဘာသာရပ်တစ်ခုစီဟာ သူ့ကဏ္ဍ နဲ့သူ အရေးကြီးကြတာပဲလေ။ ကျွန်တော်က နှလုံးဆေးကုဆရာဝန်တစ်ယောက်ပါ။ ကျွန်တော့်အနေ နဲ့ ဆေးခန်းက ပဏာမကျန်းမာရေးစောင့်ရှောက်မှု အတွက် အထွေထွေရောဂါ ကုဆရာဝန်(GP) တွေကို လူနာတွေလွှဲပေးဖို့အတွက် လိုအပ်ပါသည်။ ဘာလို့လဲဆိုတော့ ကျွန်တော် တစ်ယောက်တည်း အနေနဲ့ လူထုတစ်ရပ်လုံး ကို နှလုံးရောဂါရှိမရှိ စစ်ဆေး ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ သူတို့ရဲ့ အကူအညီလိုအပ်တာပေါ့။ ဒါ့အပြင်ကျွန်တော်တို့ပညာနဲ့ ကုသလို့မရ နိုင်တဲ့ နှလုံးလူမမာတွေကို ခွဲစိတ်ကုသဖို့ နှလုံးခွဲစိတ်ဆရာဝန်တွေ လိုအပ်ပြန်ကော။ ဆီးချိုအတက် အကျမမှန်တဲ့ ရှုပ်ထွေးလှတဲ့ဆီးချိုရောဂါသည်တွေကို အင်ဆူလင်နဲ့ထိန်းဖို့ ဟော်မုန်းဆိုင်ရာ သမားတော်တွေ လိုအပ်ပြန်ရော။ အရေးပေါ်ဆရာဝန်တွေကလည်း အရေးပေါ်လူနာတွေကို ရောဂါရှာဖွေ၊ ရောဂါအခြေအနေတည်ငြိမ်အောင်လုပ်ပြီးမှ ကျွန်တော်တို့နှလုံးဆောင်ကို လွှဲဖို့လို ပြန်ကော။ အထူးကြပ်မတ် အထူးကု ဆရာဝန်တွေကလည်း အသက်ရှူစက် (ventilator) တပ်ထားတဲ့ လူနာတွေကို ကြီးကြပ်ဖို့အတွက် အရေး ကြီးပြန်ကော။ ဆရာဝန် တစ်ဦးတစ်ယောက် တိုင်းက လူနာကိုကုသရမှာ အရေးပါပြီး တစ်ဦးပေါ် တစ်ဦး အပြန်အလှန် မှီခိုနေရတာပါ။ ဆရာဝန်တွေအားလုံးက ခန့်ညားပြီးရှုပ်ထွေးလှတဲ့ စက်ကြီးတစ်ခုလုံးရဲ့ အစိတ်အပိုင်း တွေလိုပါပဲ။ အပိုင်းတိုင်းက လူနာရဲ့ကုသရေးမှာ တန်းတူညီမျှ အရေးပါလှပါတယ်။ ဒါပေမယ့် အဲဒီ့အချက်ကို ဆရာဝန်အများစုက မေ့ထားကြတာ ၀မ်းနည်းဖွယ်ရာပါပဲ။
လူနာတွေရဲ့ လေးစားမှုကို ခံရဖို့အတွက် တခြားဆရာဝန်တွေကို ဝေဖန်ဖို့မလိုပါ။ စိန်ခေါ်ဖို့လဲမလိုပါ။
ကျွန်တော်မကြာခင်က ဆောင်းပါးတစ်ခုမှာ ဖတ်လိုက်ရတယ်။ ပြိုင်ဖက် ဆရာဝန် တစ်ယောက်က ကုလို့မပျောက်တဲ့ ကင်ဆာရောဂါသည်လူနာလေးရဲ့မိဘတွေကို ပြောတာ ပါ။ “သူနဲ့သာ အစောကြီးကတည်းက ကုသမယ်ဆိုရင် လူနာရဲ့အသက်ကို ကယ်နိုင်မယ်” အဲဒီ့ဆရာဝန် က လူနာကို အစောကတည်းက ပြုစုကုသခဲ့တဲ့ ကင်ဆာဆရာဝန်ရဲ့ယူဆချက်ကို လုံးဝငြင်း ပယ်လိုက်တာပါ။ မူလကင်ဆာဆရာဝန်ကိုလည်း ပြန်လည်တိုင်ပင်ခြင်းမရှိဘဲ လူနာရှင်ကို အဲဒီလိုပြောလိုက်တာဟာ လူနာရဲ့ဆရာဝန်အပေါ် ယုံကြည်မှုကိုလုံးဝပျက်ပြားသွားစေနိုင်ပါတယ်။ ဒီလိုဆရာဝန်အချင်းချင်း ငြင်းခုန်နေခြင်းဟာ လူနာရဲ့စိတ်ဝင်စားမှုကိုလည်း ပျက်ပြားစေနိုင်ပါတယ်။ ဒီလိုပဲ ပြိုင်ဘက်ဆရာဝန်တွေက သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို အပုတ်ချတဲ့လိမ်လည်ညာမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ ပုဂ္ဂလိကဆေးရုံကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ နှလုံးအထူးကုသမားတော် သူငယ်ချင်းတစ်ယောက်ကို သူ့ရဲ့ပြိုင်ဖက်တစ်ယောက်က သူ့ကိုယ်သူပိုတော်၊ ပိုအတွေ့အကြုံရှိ တယ်လို့ လူနာကိုပြောတာကြားဖူးပါတယ်။ တစ်ခါခွဲစိတ်ဆရာဝန်တစ်ယောက်လည်း တခြားဆရာဝန် တစ်ယောက်ရဲ့ ‘‘ကိုယ်ရေးကိုယ်တာတွေ၊ အလုပ်သင်ဘ၀ကအမှားတွေ၊ ကံမကောင်းအကြောင်းမလှ ခဲ့တဲ့အိမ်ထောင်ရေးပြသနာတွေ” ကို လူနာရှင်ကို ပြောပြပါတယ်။ မကြာမီကလည်း ကျွန်တော့် ဂျူနီယာဆရာဝန်တစ်ယောက်က သူ့လုပ်ဖော်ကိုင်ဖက်ကို သူနာပြုဆရာမစားပွဲရှေ့မှာ အပုတ်ချနေ တာကိုယ်တိုင်ကြားလိုက်ရပါတယ်။ ကျွန်တော်ကြားနိုင်တယ်ဆိုတာ သိသိကြီးနဲ့ကို မကြောက်မရွံ့ပဲ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကို မကောင်းပြောနေတာပါ။ အမှန်က အဲဒီ့အပြောခံရတဲ့တစ်ယောက်က ရိုးသားပြီး ယုံကြည်ရတဲ့ ဆရယ၀န်ကောင်းတစ်ယောက်ပါ။ ဒိလိုပြောခြင်းဟာ ပြောဆိုတဲ့သူရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေနိုင်ပါတယ်။ လူနာတွေကလည်း သူတို့ကို တစ်ချိန်မှာအပြောခံရမှာ စိုးရိမ်လာစေပါတယ်။
“ဆရာဝန်အချင်းချင်း အနိုင်မကျင့်သင့်ပါဘူး”
ကျွန်တော် သမားတော်တစ်ယောက်အနေနဲ့ မသင်ယူလေ့လာသေးခင် ဆရာဝန်ငယ်ဘ၀မှာ ဆရာတစ်ယောက်က ပြောဖူးပါတယ်။ ပညာဆက်လက်လေ့လာနေရင်းနဲ့ ဝေဖန်ခံရတာတွေ၊ အနှိမ်ခံရတာတွေကို တဖြည်းဖြည်းအရေထူခံနိုင်လာရမယ်တဲ့။ ဟုတ်ပါတယ်။ ဆရာဝန်တိုင်းက သူတို့ရဲ့ လုပ်သက်တစ်လျှောက်လုံးမှာ တစ်နည်းမဟုတ်တစ်နည်း အနိုင်ကျင့်ခံခဲ့ရတာချည်းပါပဲ။ ခုနက ဆရာဝန်လေးလို လူနာတင်ရက်မှာလွန်ခဲ့တဲ့၁၅မိနစ်က ကြည့်ခဲ့တဲ့လူနာတွေအများကြိးထဲက တစ်ယောက်ရဲ့ အချက်အလက်တွေကို ပေးမကြည့်တာလောက်လဲ ဖြစ်နိုင်ပါတယ်။ နံနက်လှည့်ပတ်ကြည့်ရှုချိန် “ morning rounds”တွေမှာ “အသုံးမကျဘူး”၊ “အရည်အချင်း မရှိဘူး”ဆိုပြီး အဖြေမှားရင် ဆူဆဲခံရတာလဲ ဖြစ်နိုင်ပါတယ်။ ခွဲစိတ်နေတုန်းမှာ စီနီယာခွဲစိတ် ဆရာဝန်တွေက ဘွဲ့လွန်တက်ဆဲနဲ့အလုပ်သင်ဆရာဝန်တွေက အမှားအယွင်းအသေးအမွှား လုပ်မိတာနဲ့ အော်ဆူခံတာ တွေ့ဖူးပါတယ်။ အမှားတွေကို အကြီးအကျယ်ပုံကြီးချဲ့ပြီး “ခွဲစိတ် ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ဖို့ အရည်အချင်းမရှိဘူး” ဆိုပြီး အဆူခံရပါတယ်။
တချို့သမား တော်တွေဟာလည်း နံနက်စောစော ward roundမှာ ဓါတ်ခွဲခန်းအဖြေတွေ အချိန်မီရောက်မလာရင် စိတ်မကြည်ပါ။ အလုပ်သင်ဆရာဝန် တွေကိုယ်တိုင် ဓါတ်ခွဲခန်း ကျွမ်းကျင်စီကို ပို့ရင်တောင်အမှား မရှိဘဲနဲ့ အဆူခံရပါတယ်။
ဓါတ်မှန် ဆရာဝန်ကိုယ်တိုင် ဓါတ်ခွဲခန်းကျွမ်းကျင်စိကို ပို့ရင်တောင် အမှားမရှိဘဲ အဆူခံရပါတယ်။ ဓါတ်မှန်ဆရာဝန်တွေကလည်း အလုပ်သင်ဆရာဝန်တွေက အရေးပေါ်ကွန်ပြူတာ ဓါတ်မှန်(CT) ရိုက် ဖို့ အကုအညီတောင်းရင် အပေါ်စီးက ဆက်ဆံကြပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်သင်ဆရာဝန် တွေအပြောခံရဖို့လွယ်ကူတဲ့ သားကောင်များသဖွယ် ဖြစ်နေလို့ပါ။ အမှန်မှာရိုက်ဖို့ အမိန့်ပေးတာက အတိုင်ပင်ခံ ဆရာဝန်ကြီးတွေပါ။
မိသားစု ဆရာဝန်တွေ၊ အထွေထွေရောဂါကုဆရာဝန် (GP)တွေကလည်း၊ ပထမ လက်ထောက်ဆရာဝန်တွေ၊ အတိုင်ပင်ခံဆရာဝန်တွေရဲ့ ဝေဖန်မှုကို မကြာခဏခံရလေ့ရှိပါတယ်။ အမှန်တကယ်က လူနာတွေကိုဆေးရုံကို လွှတ်သင့်/မသင့် စီစစ်ပြီး Screening လုပ်တဲ့နေရာမှာ သူတို့က အလွန်အရေးပါတဲ့ ကဏ္ဍကပါဝင်နေတာပါ။
ကလေးဆရာဝန်တွေကလမစေ့တဲ့ preterm neonate ကိုဆေးထိုးဖို့ ကိရိယာ (cannula) စိုက်လို့မရရင် ဆဲဆိုတတ်ပေမယ့် ကလေးမိဘရှေ့မှာတော့ ငြိမ်းချမ်းတဲ့ပုံစံနဲ့ ဆက်ဆံမှာပါ။
ကျွန်တော်တို့ဟာ အနိုင်ကျင့်တတ်တဲ့ ဆရာဝန်တွေကို “လူနာတွေနဲ့ အဆင်ပြေတယ်”၊ “တော်တယ်”၊ “လက်ကောင်းတယ်” ဆိုပြီး ခွင့်လွှတ်တတ်ကြပါတယ်။ ဒီအချက်အလက်ဟာလည်း ဆရာဝန်အလုပ်ရဲ့ပုံရိပ်ကို ထင်ထားတာထက်ပိုပြီး ထိခိုက်စေပါတယ်။ ဒီလိုပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ဆရာဝန်တွေဟာ မကျေနပ်မှုတွေကို ပွေ့ပိုက်ပြီးကြီးပြင်းလာရ တာပါ။ တစ်ချိန်မှာ သူတို့ဆရာဝန်ကြီးအနေနဲ့ အရည်အချင်းပြည့်ဝလာချိန်မှာ သူတို့ရဲ့တပည့်တွေကို ဒီလိုပဲသူတို့ တစ်ချိန်က ကြောက်ရွံ့ခဲ့တဲ့ပုံစံထက် ပိုပြီးဆိုးရွားတဲ့ပုံစံမျိုးတောင် ဖြစ်လာနိုင်ပါတယ်။ ဒီလိုနဲ့ သံသရာ လည်နေပြီး အဆူအဆဲခံခဲ့ရတဲ့ အလုပ်သင်ဆရာဝန်တွေက ဆရာဝန်ကြီးတွေဖြစ်လာ တဲ့အခါ ဆူဆဲခြင်းဟာ သင်ကြားခြင်းရဲ့တစ်စိတ်တစ်ပိုင်းလို့ ထင်ခံယူလာကြတော့တယ်။
တကယ်တော့ အနိုင်ကျင့်တယ်ဆိုတာ သူရဲဘောကြောင်ခြင်းပါပဲ။ သူတစ်ပါးကိုစိတ်ဆင်းရဲစေ ခြင်းဟာ ဘယ်လိုနည်းနဲ့မှကောင်းတဲ့လုပ်ရပ် မဖြစ်နိုင်ပါဘူး။ အနိုင်ကျင့်သူတွေအတွက် တစ်ခုတည်း နိုင်ကွက်ဟာ အင်အားပါပဲ။ အင်အားကြီးသူကို အနိုင်မကျင့်ရတဲ့အတွက် ဆေးပညာလောက အဆင့်ဆင့်အားလုံး အင်အားရှိဖို့လိုပါတယ်။ အနိုင်ကျင့်မှုကို မလိုလားတဲ့ ရိုးရာယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းထားသင့်ပါတယ်။ ဒါပေမယ့် ဒီအချက်တွေဟာ အပြောသာလွယ်ပြီး လက်တွေ့လုပ်ဆောင် ဖို့ အလွန်ပင်ခင်ခဲလှပါတယ်။
ကောင်းမွန်ရိုးသားတဲ့ ဆက်ဆံရေးဟာ အသက်တွေကို ကယ်တင်နိုင်ပါတယ်။
ဆရာဝန်သစ်လွင်လေးကို လုပ်နိုင်ကိုင်နိုင်ပြီး လုံခြုံမှုရှိအောင် မှန်ကန်တဲ့လေ့ကျင့်သင်ကြား ပေးမှုလိုအပ်ပါတယ်။ မေးခွန်းများမေးဖို့လည်း အားပေးသင့်ပါတယ်။ လူနာတွေကိုကုသရေးနဲ့ round တုန်းအချိန်မှာ မေးမြန်းရင်းဆုံးဖြတ်ချက်ချပုံကို သင်ယူလေ့လာရမှာပါ။ ဒါမှသာ တစ်ချိန်မှာ ကောင်းမွန်တဲ့ ဆရာဝန်တွေဖြစ်လာမှာပါ။ ဆိုကြပါစို့။ အတိုင်ပင်ခံဆရာကြီးတစ်ယောက်က မေးခွန်းမေးတိုင်း “ အချိန်ကုန်တယ်”၊ “ ဒါကတော့ သိသင့်တယ်” ဆိုပြီး မဖြေဘူးဆိုပါစို့။ ဒါဆိုရင် ဂျူနီယာဆရာဝန်တွေက အဆူခံရမှာကြောက်ပြီး မေးတော့မှာမဟုတ်ပါဘူး။ “သိချင်ယောင်ဆောင် ခြင်း” ဆိုတဲ့ ထောင်ချောက်ထဲကို ရောက်သွားမှာဖြစ်တယ်။ အလုပ်သင်ဆရာဝန်တွေကလည်း roundလိုက်ရာမှာကြောက်ပြီး ဓါတ်ခွဲခန်းအဖြေရှာတာ၊ ဆေးရုံဆင်းလက်မှတ်ရေးတာ၊ လူနာ အခြေအနေရေးတာဆိုတဲ့ အခြေခံကိစ္စတွေနဲ့ အချိန်ကုန်ခံနေမှာ ဖြစ်ပါတယ်။ စာရွက်စာတမ်း ကိစ္စ (paperwork)တွေကြားမှာ အချိန်ကုန်နေပြီး roundဖို့အတွက် ပြင်ဆင်တော့မှာ မဟုတ်ပါဘူး။ တကယ်တော့ အလုပ်သင်ဆရာဝန်တွေနဲ့ ဂျူနီယာဆရာဝန်တွေဟာ အတိုင်ပင်ခံဆရာဝန်ကြီးတွေ အလုပ်ရှုပ်နေချိန်မှာ လူနာဆောင်ကို ဦးစီးရသူတွေပါ။ ဒီတော့ ကောင်းစွာလေ့လာသင်ကြားမှုမရှိတဲ့ အလုပ်သင်ဆရာဝန်တွေဟာ လူနာအခြေအနေစတင်ဆိုးရွားတာကို သတိမထားမိရင်တောင်မှ စီနီယာတွေကိုကြောက်ပြီး အရမ်းနောက်ကျမှ အကြောင်းကြားမိမှာပါ။ ဒီအချိန်မှာ လူနာစောင့်ရှောက် မှုဟာ အကြီးအကျယ်ကို စိုးရိမ်ဖွယ်ရာ ဖြစ်သွားပါပြီ။ ဒီအတွက် အပြစ်တင်ခံရရင်ပိုပြီး ကြောက်ရွံ့ သွားမှာပါ။ အကယ်၍ ပြန်လည်ချေပခဲ့ရင်လည်း ဘ၀တစ်လျှောက်လုံး နာလိုစိတ်မရှိသူအနေနဲ့ နာမည်ခံအတပ်ခံရမှာပါပဲ။
ဒါ့အပြင် အရှက်တရားဟာ တိုးတက်မှုကိုဖြစ်စေမှာ မဟုတ်ပါဘူး။ အမှားအယွင်းများကိုသာ ပိုဆိုးစေပါတယ်။ အမှားအယွင်းများကိုလည်း အပြစ်ပေးခံရမှာကြောက်ပြီး ဖုံးကွယ်ထားမှာ ဖြစ်ပါတယ်။ ဒီတော့ လူနာတွေအတွက်လည်း မကောင်းပါဘူး။ ဒီအတွက်ကြောင့် လူနာနဲ့ဆရာဝန်ဆက်ဆံရေးဟာ ဆရာဝန်အချင်းချင်းဆက်ဆံရေးအပေါ် အကြီးအကျယ်ကို မှီခိုနေပါတယ်။
ဆရာဝန်အချင်းချင်း အယုံအကြည်မရှိမှု ဆက်ဆံရေးပျက်ပြားမှုများဟာ လူနာများကို စောင့်ရှောက်မှုမှာ ထိခိုက်စေပါတယ်။ ကြင်နာ၊ သည်းခံပြီး လေးစားမှုတွေနဲ့ ပြည့်ဝနေတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရသူတွေကတော့ လူနာတွေအပေါ်မှာလည်း ပိုပြီးဆက်ဆံရေးကောင်း မွန်မှာပါ။ ဆရာဝန်အငယ်လေးတွေဟာလည်း ဒီလိုပတ်ဝန်းကျင်မှာ ကြီးပြင်းလာပြီး တစ်ချိန်မှာ ဆရာဝန်ကြီးဖြစ်လာတဲ့အခါ ဒီလိုတန်ဖိုးတွေနဲ့ ပြည့်ဝနေမှာပါ။ ဂရိအတွေးခေါ်ပညာရှင်ကြီး ပလေတိုက ပြောခဲ့ဖူးပါတယ်။ “ကြင်နာသနားကြပါ။ သင်နဲ့တွေ့ဆုံရတဲ့သူတိုင်းက သင့်ထက်ပိုဆိုးတဲ့ အခက်အခဲကို ရင်ဆိုင်နေရသူတွေပဲ ဖြစ်လို့ပါ”။

English version here: https://dharmarajkarthikesan.com/…/dear-doctors-be-kind-to…/

See More

https://www.facebook.com/SreedheviIyer/posts/486967451651569:0 Guys, it's been while since I posted something. This book is written by a childhood friend and I'm so proud and happy for her. Please get it online or at your nearest bookstore. 🙏🙏🙏

No photo description available.
Sreedhevi Iyer

AND IT'S HERE!!!!

The Southeast Asian edition of JUNGLE WITHOUT WATER releases today! Deep gratitude to Gerakbudaya for its initiative and commitment to getting... this done!

As the cover of the original edition was quite effective, much of it has been retained, with minimal tweaks.

JUNGLE WITHOUT WATER will be available in major bookshops in the region soon - watch this space!!

See More
Photos