Facebook ပေါ်တွင် ရိုက်စားများကို ရှောင်ရှားခြင်း

Facebookတွင် ရိုက်စားမှုတစ်ခုဟု သင်ယူဆသောအရာတစ်ခုကို မြင်တွေ့ရပါက တစ်စုံတစ်ခုကို မြင်တွေ့ရပါက ကျွန်ုပ်တို့ထံသို့ ၎င်းကိုတိုင်ကြားပါ
Facebook မှ သင်၏ သက်ဝင်ခံစားမှုများသည် အန္တရာယ်ကင်းပြီး ဘေးကင်းလုံခြုံသင့်ပါသည်။ ရည်ရွယ်ချက်ရှိရှိဖြင့် လိမ်လည်လှည့်ဖျားသော၊ တမင်တကာ လွဲမှားတင်ပြသော သို့မဟုတ် အခြားတစ်နည်းအားဖြင့် ပိုက်ဆံအတွက် သို့မဟုတ် ပစ္စည်းအတွက် အခြားသူများကို ခေါင်းပုံဖြတ်သော သို့မဟုတ် လိမ်လည်လှည့်ဖျားသော အကြောင်းအရာကို ကျွန်ုပ်တို့ဖယ်ရှားသည်။
အောက်ပါသိကောင်းစရာများနှင့် ကိရိယာများသည် အွန်လိုင်းပေါ်တွင် လုံခြုံစေရန်အကူအညီပေးနိုင်ပြီး သင့်အကောင့်များကို ကာကွယ်ရန်အတွက်လည်း အကူအညီဖြစ်နိုင်ပါသည်။

ရိုက်စားများအကြောင်း

ရိုက်စားသူများသည် ထိခိုက်လွယ်သော သတင်းအချက်အလက်များ သို့မဟုတ် ငွေများပေးလာစေရန် လူများကို ပစ်မှတ်ထား၍လှည့်စားပါသည်။ အမြတ်ရရန် လွယ်ကူမြန်ဆန်သည့် ရင်းနှီးမြုပ်နှံမှုစီမံချက်တစ်ခုကို ကမ်းလှမ်းသည့် အီးမေးများ သို့မဟုတ် အကူအညီလိုအပ်နေသည့်သူငယ်ချင်းဟု ပြောဆိုသည့် တစ်စုံတစ်ယောက်ထံမှအရေးပေါ်စာသားမက်ဆေ့တစ်စောင် သို့မဟုတ် Meta ထံမှလာသည်ဟု လိမ်လည်ကာ သင့်အကောင့်ပြဿနာများအတွက် သတိပေးရန်နှင့် ၎င်းကိစ္စရပ်ကို ပိုမိုသိရှိနိုင်ရန်အတွက် လင့်ခ်တစ်ခုကိုချက်ခြင်း နှိပ်ရန် တောင်းဆိုသည့် လိမ်လည်၍ အချက်အလက်ခိုးယူသည့်အီးမေးတစ်စောင် စသည်တို့ကို စဉ်းစားကြည့်ပါ။
ထိုသူများသည် အကောင့်တုများဖန်တီးပြီး တစ်စုံတစ်ယောက်အဖြစ်ဟန်ဆောင်ကာ သို့မဟုတ် လက်ရှိလူမှုကွန်ရက်ပေါ်ရှိအကောင့်များအသွင် ညှိယူပြီး သင် သို့မဟုတ် သင့်သူငယ်ချင်းများ၏ ငွေ၊ ကိုကိုယ်ရေးကိုယ်တာ အချက်အလက် ရယူခြင်း သို့မဟုတ် သင့်အကောင့် (များ) ကိုဝင်ရောက်အသုံးပြုနိုင်ရန် လှည့်ဖြားရန် သို့မဟုတ် လိမ်လည်ရန် ကြိုးစားပါသည်။
မှတ်ချက်- အကယ်၍ သင်သည် Facebook မှလာသည်ဟု အခိုင်အမာပြောဆိုနေသော သံသယဖြစ်ဖွယ်အီးမေးဖြစ်စေ မက်ဆေ့ဖြစ်စေ ရပါက၊ မည်သည့်လင့်ခ်များ သို့မဟုတ် တွဲစပ်မှုများကိုမျှ မနှိပ်ပါနှင့်။ သင့် Facebook ဆက်တင်များတွင် Facebook မှလတ်တလောပေးပို့ထားသည့် အီးမေးများကိုကြည့်ရှုနိုင်ပါသည်။

သင့်အကောင့်ကို ကာကွယ်ပုံ

ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ စကားဝှက်များ၊ သို့မဟုတ် အကြွေးဝယ်ကတ်နံပါတ်များကို မျှဝေရန် လူများကို လှည့်စားသည့် လူလိမ်များသည် အများအားဖြင့် ဘဏ်၊ အီးမေးဝန်ဆောင်မှုပေးသူ သို့မဟုတ် လူမှုကွန်ရက်ပလက်ဖောင်းကဲ့သို့ တရားဝင်အဖြစ်မြင်တွေ့ရသော ဝက်ဘ်ဆိုက်များ သို့မဟုတ် မက်ဆေ့များ၊ အယောင်ဆောင်အီးမေးများမှတစ်ဆင့် လိမ်လည်ပါသည်။ အောက်တွင် အဖြစ်များသော ရိုက်စားများကို ပိုမိုကြည့်ရှုနိုင်ပါသည်။
စတင်ရန်အတွက် ရိုက်စားတစ်ခုတွေ့ကြုံသည့်အခါ သင့်ကိုယ်သင်ကာကွယ်ရန်ရိုးရှင်းသည့်စည်းမျဉ်းသုံးခုရှိသည်
  1. အရှိန်လျှော့ပါ - ရိုက်စားသူများသည် သင့်အကောင့် သို့မဟုတ် အခြားလုပ်ဆောင်ချက် တစ်ခုခု ဆုံးရှုံးမည်ဟု ခြိမ်းခြောက်ခြင်း သို့မဟုတ် အရေးကြီးသည်ဟု ခံစားရစေရန် ဖန်တီးခြင်းတို့ကို အများအားဖြင့် လုပ်ဆောင်ကြသည်။ အချိန်ယူပြီး မေးခွန်းများမေးပြီးနောက် သေချာစွာစဉ်းစားပါ။
  2. လျှပ်တစ်ပြက် စစ်ဆေးခြင်း - လိမ်လည်သူများသည် သင်တစ်ခုခုလုပ်ဆောင်လာစေရန် အများအားဖြင့် ပြဿနာတစ်ရပ်ကို ရည်ညွှန်းပြီး တိုက်တွန်းလေ့ရှိကြသည်။ လင့်ခ်များ သို့မဟုတ် ဖိုင်များဒေါင်းလုဒ်လုပ်ရန် မနှိပ်ခင် အသေးစိတ်အချက်များကို ပြန်လည်တိုက်ဆိုင်စစ်ဆေးရန် ရှာဖွေလေ့လာပါ။ သူတို့သင့်ကိုပြောနေသည့်အရာများ အဓိပ္ပါယ်ရှိပါသလား။
  3. မပို့ပါနှင့် - ရိုက်စားသူများသည် သင့်ကို စည်းရုံးသိမ်းသွင်းရန် ရင်းနှီးကျွမ်းဝင်သည့် အဖွဲ့အစည်းထံမှ လာကြောင်းဟန်ဆောင်ကာ အင်တာနက်မှ ခိုးယူထားသည့် ဝန်ထမ်းဓာတ်ပုံကို အသုံးပြုလေ့ရှိသည်။ ဂုဏ်သတင်းရှိသည့် မည်သည့်အဖွဲ့အစည်းမဆို ချက်ခြင်းငွေပေးချမှု ပြုလုပ်ရန် တောင်းဆိုမည်မဟုတ်ပါ။
လူမှုကွန်ရက်တွင် သူငယ်ချင်းဖြစ်ခွင့် တောင်းဆိုခြင်းတစ်ခုလက်ခံ/မခံ သို့မဟုတ် မက်ဆေ့တစ်ခုကို စာပြန်/မပြန် စဉ်းစားသည့်အခါ အောက်ပါလက္ခဏာများကို ကြည့်ပါ -
  • သင့်ထံမှ ငွေတောင်းခံနေသော သင်မသိသောသူများ သို့မဟုတ် နာမည်ကြီးပုဂ္ဂိုလ်များ။
  • ချေးငွေ၊ ဆု သို့မဟုတ် အခြားဆုမဲပေါက်ခြင်းများကို လက်ခံရန် သင့်ထံမှ ကြိုတင်ငွေကြေး တောင်းဆိုခြင်း။
  • အရေးကြီးကိစ္စကြုံနေရသော သူငယ်ချင်း သို့မဟုတ် ဆွေမျိုး တစ်ယောက်ဖြစ်ကြောင်း ပြောလာသူများ။
  • သင်တို့စကားဝိုင်းကို Facebook ပြင်ပသို့ရွှေ့ပြောင်းရန် တောင်းဆိုသည့်လူများ။
  • သင်နှင့် ချစ်ရေးချစ်ရာဆက်ဆံရေးလိုချင်သည်ဟု အလျင်အမြန်ပြောဆိုပြီးနောက် ငွေတောင်းသောလူများ။
  • ညံ့ဖျင်းသော စာလုံးပေါင်းနှင့် သဒ္ဒါအမှားများ ပါဝင်သော မက်ဆေ့များ သို့မဟုတ် ပိုစ့်များ။
  • သင့်အွန်လိုင်းအကောင့် တစ်စုံတစ်ခုမှားယွင်းနေသည့်အတွက် အမြန်စာပြန်ရန် တောင်းဆိုသည့် မက်ဆေ့။
  • သင်အွန်လိုင်းဖြင့် အသုံးပြုနေသည့် ဝန်ဆောင်မှုများအကြောင်း အရေးကြီးသည့်မက်ဆေ့တစ်စောင်ဖတ်ရန် သင့်လူမှုကွန်ရက်အကောင့်၊ အီးမေး သို့မဟုတ် ဘဏ်အကောင့်များသို့ လော့ဂ်အင်ဝင်ရန်ရိုးရှင်းစွာ တောင်းဆိုသည့်မက်ဆေ့။
  • Facebook ပေါ်ရှိ သူငယ်ချင်းများ၊ ပရိုဖိုင် ဓာတ်ပုံများမရှိဘဲ သို့မဟုတ် အစစ်အမှန်ဟုပုံပေါ်သည့်လုပ်ဆောင်ချက်များမရှိသည့် အကောင့်များ။

သင့်အကောင့်ကို လုံခြုံအောင်ထားရှိရန် နည်းလမ်းများ

  • သံသယဖြစ်ဖွယ်လင့်ခ်များကို မနှိပ်ပါနှင့် - သံသယဖြစ်ဖွယ်အီးမေးတစ်စောင်၊ စာသားမက်ဆေ့ သို့မဟုတ် လူမှုကွန်ရက်မက်ဆေ့တစ်ခုမှ Facebook ဟုပြောဆိုခြင်းကို သင်ရရှိလျှင် မည်သည့်လင့်ခ် သို့မဟုတ် ပူးတွဲပါဖိုင်များကို မနှိပ်ပါနှင့်။ ပထမဦးစွာ ၎င်းသည် Facebook မှ လာခြင်းဟုတ်/မဟုတ် Facebook ဆက်တင်တွင် စစ်ဆေးပါ။
  • သင်မသိသည့်လူများထံမှ လာသည့် ဖိုင်များနှင့် ဆော့ဖ်ဝဲများကို ဒေါင်းလုဒ်မလုပ်ရန် - ဘရောက်ဇာအပိုသွင်းဆော့ဖ်ဝဲများနှင့် ကြားခံပြင်ပအက်ပ်များကို သတိထားထည့်သွင်းပါ၊ အထူးသဖြင့် အစစ်အမှန်ဖြစ်ပုံမရသည့် လုပ်ဆောင်ချက်များ သို့မဟုတ် ၎င်းတို့ကိုအသုံးမပြုခင်မှာပင် သင့်လူမူကွန်ယက် အထောက်အထားများဖြင့် လော့ဂ်အင်ဝင်ရန်လိုအပ်သည့်အရာများကို ထိုသူများက ကမ်းလှမ်းသည့်အခါ သတိထားပါ။
  • သင့်အောက်ပါအရာများကို တောင်းဆိုသည့် မက်ဆေ့များကို တိုင်ကြားရန်နှင့် ဖြေကြားရန်မလုပ်ဆောင်ပါနှင့် -
    • စကားဝှက်
    • လူမှုဖူလုံရေးနံပါတ်
    • အကြွေးဝယ်ကတ်နံပါတ်များကဲ့သို့ ဘဏ္ဏာရေးဆိုင်ရာအချက်အလက်များ
  • သင့်အွန်လိုင်းဘေးကင်းလုံခြုံရေးကို တိုးမြှင့်ပါ -
    • အင်တာနက်ရှိ သင့်အကောင့်များတွင် ထပ်ဆင့်လုံခြုံရေးအလွှာတစ်ခုကို ထည့်သွင်းရန် နှစ်ဆင့်ခံလုံခြုံရေးစနစ်ကို ဖွင့်ထားပါ။ ဤနေရာတွင် နှစ်ဆင့်ခံလုံခြုံရေးစနစ်သည် အကောင့်ခိုးယူရန်ကြိုးစားခြင်းကို တိုက်ဖျက်ရာ၌ ထိရောက်မှုအရှိဆုံးကိရိယာများထဲမှ တစ်ခုဖြစ်သည်။
    • များစွာသော ဝက်ဘ်ဆိုက်များအနှံ့တွင် သင့်စကားဝှက်ကို မည်သည့်အခါမှ ပြန်မသုံးပါနှင့်။
    • ယုံကြည်ရသည့် ဗိုင်းရပ်ကာကွယ်ရေး ဆော့ဖ်ဝဲကို အသုံးပြုပါ။ ၎င်းဆော့ဖ်ဝဲကို နောက်ဆုံးပေါ်ဖြစ်စေရန်နှင့် သင့်ဖုန်း/ကွန်ပျူတာများကို မဲလ်ဝဲအတွက် ပုံမှန်စစ်ဆေးမှုပြုလုပ်ရန် အရေးကြီးပါသည်။
    • တစ်စုံတစ်ဦးသည် သင့်အကောင့်သို့ ဝင်ရောက်ရန်ကြိုးစားသည့်အခါ သင့်အား အသိပေးမည့် လော့ဂ်အင်ဝင်မှုဆိုင်ရာ သတိပေးချက်များ ကိုဖွင့်ထားပါ။ မည်သည့် ဖုန်း/ကွန်ပျူတာများသည် သင့်အကောင့်သို့ ဝင်ရောက်ထားသည်ကို သင်မှတ်မိကြောင်း သေချာစေရန် သင်၏ ယခင်က လော့ဂ်အင်ဝင်ထားသည့်ကာလများကို စိစစ်သုံးသပ်ပါ။
    • သင့်အကောင့်ဘေးကင်းလုံခြုံရေးကို ပံ့ပိုးပေးရန်အတွက် လုံခြုံရေးစစ်ဆေးမှုကိရိယာတွင် ဝင်ရောက်ကြည့်ရှုပါ။
    • လုပ်ငန်းများအတွက် - လုပ်ငန်းအသိပေးချက်များကို ဖွင့်ထားပါ သို့မှသာ သင့် Meta လုပ်ငန်းမန်နေဂျာအကောင့်အတွင်ရှိ မည်သည့်ပြောင်းလဲမှုကိုမဆို သတိထားမိနေမည်ဖြစ်သည်။ ဤနေရာတွင်ပိုမိုကြည့်ရှုပါ။
သင့်အကောင့်သို့ တစ်စုံတစ်ယောက် ဝင်ရောက်အသုံးပြုနေသည်ဟု ထင်မြင်ခြင်း သို့မဟုတ် လော့ဂ်အင်ဝင်၍မရပါက သင့်အကောင့်အသုံးပြုခွင့်ပြန်လည်ရရှိရန် လုပ်ဆောင်ရမည့်အဆင့်များကို ကျေးဇူးပြု၍ဤစာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုပါ

အဖြစ်များသောရိုက်စားများ

  • ရင်းနှီးမြုပ်နှံမှုဆိုင်ရာရိုက်စားများ- လိမ်လည်သူများသည် ငွေနည်းနည်းထည့်ဝင်ရုံနှင့် အမြတ်များစွာ (ဥပမာ - ဒေါ်လာ ၁၀၀ = ဒေါ်လာ ၁၀၀၀) ရရှိနိုင်သောကမ်းလှမ်းခြင်းမျိုးကဲ့သို့ လက်တွေ့မဖြစ်နိုင်သော ငွေကြေးခံစားခွင့်များရရှိမည်ဟု ကတိပေးပြီး သင့်ထံမှငွေတောင်းခံပါမည်။ ပုံမှန်အားဖြင့် ရိုက်စားသူများသည် ငွေပေးချေပြီးသည်နှင့် ပျောက်ကွယ်သွားသည်။ သတိထားရမည့် မမှန်ကန်သောရင်းနှီးမြုပ်နှံမှုရိုက်စား အမျိုးအစားအချို့တွင် "အရင်းနည်းနည်းဖြင့် အမြတ်များများရယူရေး"၊ ပါဝင်သူများလေလေ ဝင်ငွေပိုများလေလေဟု မက်လုံးပေးသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရိုက်စားမှု (Ponzi schemes) သို့မဟုတ် "အမြန်ချမ်းသာနည်း" အစီအစဉ်များပါဝင်သည်။
  • အချစ်ရေးဆိုင်ရာ ရိုက်စားများ - လိမ်လည်သူများသည် ၎င်းတို့နှင့် မသိကျွမ်းသူများထံ ချစ်ရေးချစ်ရာ မက်ဆေ့များ ပို့တတ်ကြပြီး ကွာရှင်းထားသူ၊ တစ်ခုလပ် သို့မဟုတ် မသာယာသော အိမ်ထောင်ရေးအတွင်း ရှိနေသူများဖြစ်ပြီး ချစ်သူရှာနေပုံအဖြစ် ဟန်ဆောင်တတ်ကြပါသည်။ လေယာဉ်လက်မှတ်ဝယ်ရန် သို့မဟုတ် ဗီဇာလျှောက်ရန် သင့်အချက်အလက်လိုကြောင်း သို့မဟုတ် ငွေလိုအပ်နေကြောင်းပြောလေ့ရှိကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်သည် သင်၏ ယုံကြည်မှုကိုရရှိရန် ဦးစွာပထမဖြစ်သောကြောင့် ငွေကြေးမတောင်းဆိုမီ ရက်သတ္တပတ်သို့မဟုတ် လပေါင်းများစွာကြာအောင် စကားပြောဆိုမှုများ ပြုလုပ်မည် ဖြစ်ပါသည်။
  • အလုပ်အကိုင်ရိုက်စားများ - လိမ်လည်သူများသည် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ သို့မဟုတ် ပိုက်ဆံကို ရယူရန်အတွက် နားလည်မှုလွဲစေသော သို့မဟုတ် အလုပ်အကိုင်အတုကြော်ငြာများကို အသုံးပြုပါသည်။ သင့်အလုပ်လျှောက်လွှာလက်ခံစဉ်းစားခြင်းမပြုမီ မယုံကြည်နိုင်လောက်အောင် ကောင်းလွန်းနေသော သို့မဟုတ် ငွေကြိုပေးခိုင်းသော အလုပ်ခေါ်စာများကိုရှောင်ရှားပါ။ အလုပ်ခေါ်စာတွင်ရှိသော လင့်ခ်တစ်ခုကို နှိပ်သောအခါတွင်၊ မူလအလုပ်ခေါ်စာနှင့် အပ်စပ်မှုမရှိသော ဝက်ဘ်ဆိုက်ထဲရောက်သွားခြင်း သို့မဟုတ် အရေးကြီးသောအချက်အလက်များ (ဥပမာ- အစိုးရမှထုတ်ပေးသော အိုင်ဒီ) ကို မေးမြန်းထည့်သွင်းခိုင်းသော်လည်း လုံခြုံသော (https) ဘရောက်ဇာကိုမသုံးထားသော ဝက်ဘ်ဆိုက်များကို သတိထားပါ။ အကြံပြုချက်များပိုမိုရရှိရန် ကျွန်ုပ်တို့၏Facebook ရှိအလုပ်အကိုင်များအတွက် လမ်းညွှန်ချက်များတွင် ကြည့်ရှုပါ။
  • ထီပေါက်သည်ဟု ရိုက်စားများ - ရိုက်စားသူများသည် သင်သိသည့်တစ်စုံတစ်ယောက် သို့မဟုတ် တရားဝင်အဖွဲ့အစည်း (အစိုးရအေဂျင်စီကဲ့သို့) အကောင့်များ သို့မဟုတ် စာမျက်နှာများအဖြစ် အယောင်ဆောင်ပြီး သင်သည်ထီပေါက်သူများထဲမှ တစ်ဦးဖြစ်ပြီး ကြိုတင်ငွေအနည်းငယ်ရရှိနိုင်ကြောင်းပြောဆိုပါသည်။ သင်ဆုလက်မခံမီတွင် "သင်မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားအတည်ပြုရန်" ဘဏ်အသေးစိတ်အချက်အလက် သို့မဟုတ် သင့်နေရပ်လိပ်စာကဲ့သို့ ကိုယ်ရေးကိုယ်တာအချက်အလက် များကို ရိုက်စားသူမှ တောင်းခံပါမည်။
  • ချေးငွေဆိုင်ရာ ရိုက်စားများ - ရိုက်စားသူများသည် ကြိုတင်ငွေအနည်းငယ်ပေးပါက အတိုးနည်းနည်းနှင့် ချေးငွေချက်ခြင်းရနိုင်ကြောင်း ကမ်းလှမ်းသည့် မက်ဆေ့များပေးပို့ခြင်း ပို့စ်များမျှဝေထားခဲ့ခြင်းတို့ လုပ်ဆောင်တတ်ပါသည်။ ကနဦးငွေပေးချေမှုပြုလုပ်ပြီးသည်နှင့် ပိုများပြားသော ချေးငွေကို ထပ်မံတောင်းခံခြင်း သို့မဟုတ် စကားပြောဆိုမှုများကို ရိုးရှင်းစွာရပ်တန့်လိုက်ပြီး ငွေပေးချေမှုနှင့်တကွပျောက်ကွယ်သွားပါသည်။
  • လှူဒါန်းမှုဆိုင်ရာ ရိုက်စားများ - ရိုက်စားသူများသည် နာမည်ကျော် ဘာသာရေးပုဂ္ဂိုလ်များပရဟိတအဖွဲ့အစည်းများ သို့မဟုတ် မိဘမဲ့ကျောင်းများမှ ကိုယ်စားလှယ်များအဖြစ် အွန်လိုင်းအကောင့်များသုံးပါသည်။ ထို့နောက် အလှူငွေများတောင်းခံပါသည်။
  • အမွေ ရိုက်စားများ - ရိုက်စားသူများသည် ရှေ့နေတစ်ဦး သို့မဟုတ် အခြားဥပဒေရေးရာ တာဝန်ရှိသူတစ်ဦးထံမှ အဖြစ် ဟန်ဆောင်ပြီး ကွယ်လွန်သွားသူတစ်ဦး၏ ပိုင်ဆိုင်မှုများကို ကိုယ်စားပြုနိုင်သယောင် ဟန်ဆောင်ကြပါသည်။ ထိုသူများမှ သင်သည် အမွေဆက်ခံသူအဖြစ် အမည်တင်သွင်းထားကြောင်းနှင့် အမွေရရှိရန် ဘဏ်အသေးစိတ်အချက်အလက်များ သို့မဟုတ် နေရပ်လိပ်စာကဲ့သို့ သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များပေးရန် တောင်းခံပါသည်။
  • ကုန်သွယ်ရေး ရိုက်စားများ - ရိုက်စားသူများသည် မယုံကြည်နိုင်လောက်အောင် နည်းပါးသောဈေးနှင့်အွန်လိုင်းကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ရောင်းချနေပြီး သင်သည် အီးမေး သို့မဟုတ် စကားပြောရန်အက်ပ်များကဲ့သို့ အခြားဆက်သွယ်ရေးချန်နယ်များသို့ပြောင်းလျှင် ပိုကောင်းသောဈေးပေးမည်ဟု တိုက်တွန်းမည်ဖြစ်သည်။ သူတို့ကို ငွေပေးချေလိုက်သည်နှင့် သင့်ကို စာပြန်မည်မဟုတ်ဘဲ ကုန်ပစ္စည်းကိုလည်းပေးပို့မည်မဟုတ်ပါ။ မှာယူမှုကို အလျင်အမြန်လုပ်ဆောင်ရန် လူများကိုအရေးကြီးသည့်ခံစားချက်ရအောင် တိုက်တွန်းပြီး ဒစ်ဂျစ်တယ်ငွေကြေးမှတစ်ဆင့် ငွေပေးချေမှုပြုလုပ်ရန် တောင်းဆိုသည်။
  • အခပေးရသော စာရင်းသွင်းခြင်းဆိုင်ရာ ဝန်ဆောင်မှု - ရိုက်စားသူများသည် ငွေပေးချေမှုတစ်ကြိမ်ပြုလုပ်ရုံနှင့် လူတိုင်းလိုချင်လောက်သည့် စာရင်းပေးသွင်းမှုဝန်ဆောင်မှုများ တစ်သက်စာရယူခြင်းကို ဝယ်ရန် ကမ်းလှမ်းမည်ဖြစ်ပြီး ကုန်ပစ္စည်းကိုဘယ်သောအခါမျှပို့ပေးမည်မဟုတ်ပါ။

ဒီဆောင်းပါးက အထောက်အကူ ဖြစ်စေခဲ့ပါသလား။

အထောက်အကူ ဖြစ်စေခဲ့သည်
မကြိုက်ပါဘူး