ဆိုက်တစ်ခုကို နှစ်သက်မှု ခလုတ်နှင့် မိမိလည်ပတ်သည့်အခါ Facebook က မည်သည့်အချက်အလက်များရရှိသနည်း?

သင်က Facebook သို့လော့ဂ်အင်ဝင်ထားပြီး နှစ်သက်မှု ခလုတ်နှင့် ဝက်ဘ်ဆိုက်တစ်ခုကိုလည်ပတ်သည့်အခါ သင်လည်ပတ်ကြောင်း သတင်းအချက်အလက်ကို ကျွန်ုပ်တို့ထံ သင့်ဘရောင်ဇာကပေးပို့သည်။ နှစ်သက်မှုခလုတ်သည် အခြားဝက်ဘ်ဆိုက်တွင် Facebook ကမြှုပ်နှံထားသော အပိုင်းအစလေးဖြစ်၍ ထိုစာမျက်နှာတွင် Facebook အကြောင်းအရာတင်ပေးရန် တောင်းဆိုချက်နှင့်ပတ်သက်သည့် အချက်အလက်ကို ဘရောင်ဇာကပေးပို့ပေးခြင်းဖြစ်သည်။
ဤအချက်အလက်တစ်ချို့ကို ကျွန်ုပ်တို့မှတ်တမ်းတင်ရသည်မှာ ထိုဆိုက်တွင် သင့်အတွက် ပုဂ္ဂိုလ်ရေးအလိုက်ပြင်ဆင်ထားသော အတွေ့အကြုံရရှိရန်နှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ပြုပြင်မွမ်းမံရန်ဖြစ်သည်။ ဥပမာအားဖြင့် ဝက်ဘ်ဆိုက်တစ်ခုသို့ နှစ်သက်မှု ခလုတ်နှင့် သင်သွားသည့်အခါ ထိုဆိုက်တွင် သင့် Facebook သူငယ်ချင်းများက မည်သည်တို့ကို ကြိုက်နှစ်သက်ထားကြောင်းပြနိုင်ရန် သင်မည်သူဖြစ်ကြောင်း သိဖို့လိုအပ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့လက်ခံရရှိသော ဒေတာတွင် သင့်အသုံးပြုသူ ID၊ သင်လည်ပတ်နေသော ဝက်ဘ်ဆိုက်၊ ရက်စွဲ၊ အချိန်နှင့် အခြားဘရောင်ဇာနှင့် ဆက်စပ်သော အချက်အလက်များပါဝင်သည်။
သင်က လော့ဂ်အောက်ထွက်ထားလျှင် သို့မဟုတ် Facebook အကောင့်တစ်ခုမရှိလျှင် နှစ်သက်မှုခလုတ် သို့မဟုတ် အခြားလူမှုပလဂ်အင်နှင့် ဝက်ဘ်ဆိုက်တစ်ခုကို လည်ပတ်ပါက သင့်ဘရောင်ဇာက ကျွန်ုပ်တို့ထံ ကန့်သတ်ထားသော အချက်အလက်များသာ ပေးပို့ပါသည်။ ဥပမာအားဖြင့် သင်က Facebook သို့လော့ဂ်အင်မဝင်ထားသည့်အတွက် လော့ဂ်အင်ဝင်ထားသူထက် လျော့နည်းကာ ကွတ်ကီးများလက်ခံရရှိမည်ဖြစ်သည်။ အင်တာနက်ရှိအခြားဆိုက်များကဲ့သို့ သင်လည်ပတ်နေသော ဝက်ဘ်စာမျက်နှာနှင့်ပတ်သက်ပြီး အချက်အလက်များ၊ အချိန်နှင့် ရက်စွဲ၊ အခြားဘရောင်ဇာနှင့် သက်ဆိုင်သော အချက်အလက်များ လက်ခံရရှိသည်။ ဤအချက်အလက်များကို ကျွန်ုပ်တို့၏ ထုတ်ကုန်များအား ပြုပြင်မွမ်းမံနိုင်ရန် မှတ်တမ်းတင်ထားရှိခြင်းဖြစ်သည်။
ကျွန်ုပ်တို့၏ ဒေတာပေါ်လစီ ကဖော်ပြထားသည့်အတိုင်း Facebook ပေါ်နှင့် ပြင်ပတွင် သင့်အား ကြော်ငြာများပြရန် ကွတ်ကီးများကို ကျွန်ုပ်တို့အသုံးပြုပါသည်။ လူမှုပလဂ်အင်များနှင့် ဆိုက်တစ်ခုကို သင်ဝင်ရောက်သည့်အခါတွင်လည်း သင့်ကို ပိုစိတ်ဝင်စားဖို့ကောင်းပြီး အသုံးဝင်သော ကြော်ကြာများပြနိုင်ရန် ကျွန်ုပ်တို့လက်ခံရရှိသော အချက်အလက်များကို သုံးနိုင်ပါသည်။

ဒီဆောင်းပါးက အထောက်အကူ ဖြစ်စေခဲ့ပါသလား။

အထောက်အကူ ဖြစ်စေခဲ့သည်
မကြိုက်ပါဘူး