သီးသန့် Facebook ပွဲအစီအစဉ်တစ်ခု ဖန်တီးရန်

Android App အကူအညီ
ကွန်ပျူတာ အကူအညီ
iPad အက်ပ် အကူအညီ
iPhone အက်ပ် အကူအညီ
မိုဘိုင်းဘရောက်ဇာအကူအညီ
Facebook Lite အက်ပ် အကူအညီ
သင်သည် ပွဲအစီအစဉ်တစ်ခုကို ဖန်တီးပြီးသွားသည်နောက် ပွဲအစီအစဉ်ကိုယ်ရေးလုံခြုံမှုဆက်တင်များကို ပြောင်းလဲ၍မရနိုင်တော့ပါ။ ဥပမာ - အများဆိုင် ပွဲအစီအစဉ်မှ သီးသန့်ပွဲအစီအစဉ်သို့‌ပြောင်း၍မရပါ။
သီးသန့်ပွဲအစီအစဉ်မှာ ဖိတ်ခေါ်ထားသည့်သူများသာ မြင်တွေ့နိုင်ပါသည်။ ပွဲအစီအစဥ်၏ အကြောင်းအရာ၊ ဓာတ်ပုံများ၊ ပို့စ်များနှင့် ဗီဒီယိုများကို ထိုသူများသာ မြင်တွေ့နိုင်ပါသည်။
ဧည့်သည်များအား ၎င်းတို့၏ သူငယ်ချင်းများကို ဖိတ်ခေါ်ခွင့်ပေးရန် သင်ရွေးချယ်နိုင်ပါသည်။ ဆိုလိုသည်မှာ ထိုသူတို့သည် ပွဲအစီအစဥ်သို့ အခြားသူများအား ဖိတ်ခေါ်နိုင်မည် ဖြစ်ပါသည်။ ၎င်းတွင် သင်မသိသောသူများဖြစ်စေ၊ Facebook သို့မဟုတ် Messenger အသုံးမပြုသောသူများဖြစ်စေ ပါဝင်နိုင်ပါသည်။ ပွဲအစီအစဉ်များအတွက် ကိုယ်ရေးလုံခြုံမှုဆက်တင်များအကြောင်းကို ပိုမိုလေ့လာပါ။

သီးသန့် ပွဲအစီအစဉ်တစ်ခု ဖန်တီးရန်

  1. သင့်သတင်းစဥ်မှ ဘယ်ဘက်မီနူးရှိ  eventsပွဲအစီအစဥ်များကို နှိပ်ပါ။ သင့်အနေဖြင့် ပိုမိုကြည့်ရှုရန် ကို ဦးစွာနှိပ်ရနိုင်ပါသည်။
  2. + ပွဲအစီအစဉ်အသစ် ဖန်တီးမယ်ကို နှိပ်ပြီးလျှင် လူကိုယ်တိုင်တက်ရောက်မယ် သို့မဟုတ် အွန်လိုင်းကို နှိပ်ပါ။
  3. ပွဲအစီအစဥ် အသေးစိတ်အချက်အလက်များ ထည့်သွင်းပါ။ ၎င်းသည် ထပ်တလဲလဲ ရှိနေမည့် ပွဲအစီအစဉ် ဖြစ်ပါက ထပ်တလဲလဲ ရှိနေမည့် ပွဲအစီအစဉ်ကို နှိပ်ပါ။
  4. ၎င်းကိုမည်သူမြင်နိုင်သလဲကို နှိပ်ပြီးနောက် သီးသန့်ကို ရွေးပါ။ သင်ပွဲအစီအစဥ်ဖန်တီးပြီးနောက်တွင် ဤဆက်တင်ကို သင် ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း သတိရပါ။
  5. ပွဲအစီအစဉ်ဖန်တီးခြင်းကို အပြီးသတ်ရန် လမ်းညွှန်ချက်များအတိုင်းဆောင်ရွက်သွားပါ။

ဒီဆောင်းပါးက အထောက်အကူ ဖြစ်စေခဲ့ပါသလား။

အထောက်အကူ ဖြစ်စေခဲ့သည်
မကြိုက်ပါဘူး