META ဥရောပသား အချက်အလက် လွှဲပြောင်းမှုဆိုင်ရာ ဖြည့်စွက်ချက်
ဤဥရောပသား အချက်အလက် လွှဲပြောင်းမှုဆိုင်ရာ ဖြည့်စွက်ချက် ("အချက်အလက် လွှဲပြောင်းမှုဆိုင်ရာ ဖြည့်စွက်ချက်") ကို အချက်အလက် စီမံဆောင်ရွက်မှုဆိုင်ရာ စည်းမျဉ်းများထဲတွင် ရည်ညွှန်းကိုးကားချက်ဖြင့် ပေါင်းစပ်ထည့်သွင်းထားပါသည်။ Meta Ireland က သင်၏ စီမံဆောင်ရွက်သူအဖြစ် ဥရောပသား အချက်အလက်များကို သက်ဆိုင်ရာ ထုတ်ကုန်စည်းမျဉ်းများအရ စီမံဆောင်ရွက်ပေးပြီး EU၊ EEA သို့မဟုတ် ဆွစ်ဇာလန်မှ အစပြု၍ Meta Platforms, Inc သို့ အဆိုပါအချက်အလက်များကို လွှဲပြောင်းသည့် အတိုင်းအတာအထိ ၎င်းက သက်ရောက်မှုရှိပါသည်။
  1. သက်ဆိုင်ရာ ထုတ်ကုန် စည်းမျဉ်းများနှင့်အညီ သက်ဆိုင်ရာ ထုတ်ကုန်များကို ပံ့ပိုးပေးနိုင်ရန်အတွက် Meta Ireland သည် ဥရောပသား အချက်အလက်များကို Meta Platforms, Inc. သို့ လွှဲပြောင်းပြီး ထိုမှတစ်ဆင့် ဥရောပသား အချက်အလက်များကို အခြားသော Meta ၏ တစ်ဆင့်ခံ စီမံဆောင်ရွက်သူများ ထံ ဆက်လက်လွှဲပြောင်းနိုင်သည်ကို သင်က သိရှိ သဘောတူပါသည်။
  2. Meta Platforms, Inc. သည် EU-U.S. အချက်အလက်ဆိုင်ရာ ကိုယ်ရေးလုံခြုံမှုကာကွယ်ရေး မူဘောင်တွင် ၎င်း၏ ပါဝင်မှုကို မှန်ကန်ကြောင်း တရားဝင်ဖော်ပြခဲ့သည်။ Meta Ireland သည် Meta ၏ အချက်အလက်ဆိုင်ရာ ကိုယ်ရေးလုံခြုံမှုကာကွယ်ရေး မူဘောင် ထုတ်ဖော်ချက်တွင် ဖော်ပြထားသည့်အတိုင်း ဥရောပသားအချက်အလက်များကို အမေရိကန်ပြည်ထောင်စုရှိ Meta Platforms, Inc. သို့ လွှဲပြောင်းမှုများအတွက် EU-U.S. အချက်အလက်ဆိုင်ရာ ကိုယ်ရေးလုံခြုံမှုကာကွယ်ရေး မူဘောင်နှင့် ဥရောပကော်မရှင်၏ ဆက်စပ်သော ပြည့်စုံလုံလောက်သည့် ဆုံးဖြတ်ချက်ပေါ် အမှီပြုသည်။ Meta Ireland သည် GDPR နှင့် စီမံဆောင်ရွက်သူမှ စီမံဆောင်ရွက်သူသို့ SCC များ သို့မဟုတ် ပြည့်စုံလုံလောက်သော ဆုံးဖြတ်ချက်တစ်ရပ်ကဲ့သို့ EEA နှင့် ဆွစ်ဇာလန်ရှိ အခြား သက်ဆိုင်ရာ အချက်အလက် ကာကွယ်ပေးမှု ဥပဒေများတွင် အသိအမှတ်ပြုထားသည့် အခြား လွှဲပြောင်းနည်းများကိုလည်း အသုံးပြုခွင့်ရှိသည်။ Meta ၏ တစ်ဆင့်ခံ စီမံဆောင်ရွက်သူများထံသို့ ရှေ့ဆက်လွှဲပြောင်းမှုများကို သက်ဆိုင်သည့်နေရာတွင်နှင့် အချက်အလက်စီမံဆောင်ရွက်ခြင်း စည်းမျဉ်းများအရ အထွေထွေခွင့်ပြုချက်နှင့်အညီ EU-U.S. အချက်အလက်ဆိုင်ရာ ကိုယ်ရေးလုံခြုံမှုကာကွယ်ရေး မူဘောင်၏ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပါသည်။
  3. သက်ဆိုင်ရာ ထုတ်ကုန်စည်းမျဉ်းများနှင့် ကွဲလွဲဆန့်ကျင်သည့် သို့မဟုတ် တစ်သမတ်တည်းမဖြစ်သည့် အတိုင်းအတာအထိ ဤအချက်အလက် လွှဲပြောင်းမှုဆိုင်ရာ ဖြည့်စွက်ချက်ကို ဦးစားပေးရမည်။ ဤအချက်အလက် လွှဲပြောင်းမှုဆိုင်ရာ ဖြည့်စွက်ချက် (သို့မဟုတ် ဤအချက်အလက် လွှဲပြောင်းမှုဆိုင်ရာ ဖြည့်စွက်ချက်တွင် မွမ်းမံပြင်ဆင်မှု ပြုလုပ်လျှင် သက်ဆိုင်ရာ ဖြည့်စွက်ချက်) စတင်အကျုံးဝင်သည့်ရက်တွင်ဖြစ်စေ၊ ယင်းနောက်ပိုင်းတွင်ဖြစ်စေ သက်ဆိုင်ရာ ထုတ်ကုန်များကို ဆက်လက်ဝင်ရောက်သုံးစွဲခြင်း သို့မဟုတ် အသုံးပြုခြင်းဖြင့် သင်သည် အချက်အလက် လွှဲပြောင်းမှုဆိုင်ရာ ဖြည့်စွက်ချက်ကို မွမ်းမံပြင်ဆင်ထားသည့်အတိုင်း လိုက်နာရန် သဘောတူရာရောက်သည်။
  4. ဤအချက်အလက် လွှဲပြောင်းမှုဆိုင်ရာ ဖြည့်စွက်ချက်တွင်-
    1. သက်ဆိုင်ရာ ထုတ်ကုန်” ဆိုသည်မှာ သက်ဆိုင်ရာ ထုတ်ကုန် စည်းမျဉ်းများ သက်ရောက်သည့် Meta ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကို ဆိုလိုသည်။
    2. သက်ဆိုင်ရာ ထုတ်ကုန်စည်းမျဉ်းများ” ဆိုသည်မှာ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကို ပံ့ပိုးပေးရာတွင် Meta Ireland သည် ဥရောပသား အချက်အလက်များကို အချက်အလက် စီမံဆောင်ရွက်မှုဆိုင်ရာ စည်းမျဉ်းများ နှင့်အညီ သင်၏ စီမံဆောင်ရွက်သူအဖြစ် စီမံလုပ်ဆောင်ကြောင်း အဆိုပါစည်းမျဉ်းများတွင် ဖော်ပြထားသည့် အတိုင်းအတာအထိ Meta ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုနှင့်သက်ဆိုင်သော စည်းမျဉ်းများကို ဆိုလိုပါသည် (အဆိုပါသက်ဆိုင်ရာ ထုတ်ကုန်စည်းမျဉ်းများကို အခါအားလျော်စွာ မွမ်းမံပြင်ဆင် သို့မဟုတ် အစားထိုးသည်)။
    3. EEA” ဆိုသည်မှာ ဥရောပ စီးပွားရေး နယ်မြေကို ဆိုလိုပါသည်။
    4. EU” သည် ဥရောပ သမဂ္ဂကို ဆိုလိုသည်။
    5. ဥရောပသား အချက်အလက်များ” ဆိုသည်မှာ သင်၏ အဆိုပါ အချက်အလက်များကို စီမံဆောင်ရွက်ရာတွင် GDPR သို့မဟုတ် EEA သို့မဟုတ် ဆွစ်ဇာလန်နိုင်ငံများရှိ အချက်အလက် ကာကွယ်ပေးမှု ဥပဒေများက သက်ရောက်သည့် အတိုင်းအတာအထိ သက်ဆိုင်ရာ ထုတ်ကုန်စည်းမျဉ်းများနှင့်အညီ Meta Ireland က သင်၏ စီမံဆောင်ရွက်သူအဖြစ် စီမံလုပ်ဆောင်ထားသော သင်တစ်ဦးတည်းသာ ထိန်းချုပ်ပိုင်ခွင့်ရှိသည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဆိုလိုသည်။
    6. Meta Ireland” သည် Meta Platforms Ireland Limited ကို ဆိုလိုသည်။
    7. Meta ၏ တစ်ဆင့်ခံစီမံဆောင်ရွက်သူ” ဆိုသည်မှာ ဥရောပသား အချက်အလက်များကို စီမံဆောင်ရွက်ရန် အချက်အလက် စီမံဆောင်ရွက်မှုဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ပါဝင်ဆောင်ရွက်နေသည့် တစ်ဆင့်ခံ စီမံဆောင်ရွက်သူကို ဆိုလိုသည်။
    8. စီမံဆောင်ရွက်သူမှ စီမံဆောင်ရွက်သူသို့ SCC များ” ဆိုသည်မှာ သက်ဆိုင်ရာ လွှဲပြောင်းမှုနှင့် စပ်လျဉ်းသည့်- (က) GDPR နှင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ ရက်စွဲပါ ဥရောပ ကော်မရှင်အဖွဲ့၏ ဆုံးဖြတ်ချက် ၂၀၂၁/၉၁၄ ဖြင့် စိစစ်အတည်ပြုထားသည့်အတိုင်း ပြင်ပနိုင်ငံများသို့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လွှဲပြောင်းခြင်းအတွက် စံစာချုပ်ဆိုင်ရာ အပိုဒ်ငယ်များ၏ မော်ဂျူး ၃ (စီမံဆောင်ရွက်သူမှ စီမံဆောင်ရွက်သူသို့) သို့မဟုတ် (ခ) EU၊ EEA သို့မဟုတ် ဆွစ်ဇာလန်ရှိ သက်ဆိုင်သည့် အချက်အလက် ကာကွယ်ရေး ဥပဒေများအောက်တွင် အသိအမှတ်ပြုထားသည့် ပြင်ပနိုင်ငံများသို့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လွှဲပြောင်းခြင်းအတွက် အခြား (စီမံဆောင်ရွက်သူမှ စီမံဆောင်ရွက်သူသို့) စံစာချုပ်ဆိုင်ရာ အပိုဒ်ငယ်များ (မည်သည့်ဖြစ်စဉ်တွင်မဆို Meta က ရွေးချယ်ထားသည့်အတိုင်း ဆန္ဒရှိလျှင် ရွေးချယ်နိုင်သည့် အပိုဒ်ငယ်များ) ကို ဆိုလိုသည်။
  5. ဤအချက်အလက် လွှဲပြောင်းမှုဆိုင်ရာ ဖြည့်စွက်ချက်၏ ရည်ရွယ်ချက်များအတွက် အခြားတစ်နည်းနည်းဖြင့် သတ်မှတ်ဖော်ပြထားသည်မှလွဲ၍ စာလုံးကြီးဖြင့် ရေးသားထားသည့် စကားလုံးများ၏ အဓိပ္ပာယ်များကို သက်ဆိုင်ရာ ထုတ်ကုန်စည်းမျဉ်းများတွင် ဖော်ပြထားပါသည်။ အချက်အလက် စီမံဆောင်ရွက်မှုဆိုင်ရာ စည်းမျဉ်းများ အပါအဝင် သက်ဆိုင်ရာ ထုတ်ကုန်စည်းမျဉ်းများကို ရည်ညွှန်းချက်များသည် သက်ဆိုင်ရာ ထုတ်ကုန်စည်းမျဉ်းများနှင့်အညီ အခါအားလျော်စွာ မွမ်းမံပြင်ဆင်ထားသည့်အတိုင်း ဖြစ်ပါသည်။
ဤအချက်အလက် လွှဲပြောင်းမှုဆိုင်ရာ ဖြည့်စွက်ချက်သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်မှ စတင်၍ အကျုံးဝင်ပါမည်။