စာမျက်နှာ အသေးစိတ်အစီရင်ခံစာ ဒေတာများနှင့် ပတ်သက်သော အချက်အလက်

Meta ထုတ်ကုန်များကို သင်အသုံးပြုသည့်အခါ Facebook စာမျက်နှာများ ("စာမျက်နှာများ") အပါအဝင် Meta ၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒရှိ "မည်သို့သော အချက်အလက်များကို ကျွန်ုပ်တို့ စုစည်းရယူသနည်း။" အောက်တွင် ဖော်ပြထားသော အချက်အလက်များကို Meta က စုစည်းရယူပြီး အသုံးပြုပါသည်။ ကွတ်ကီးများနှင့် အလားတူနည်းပညာများအား ကျွန်ုပ်တို့ အသုံးပြုပုံနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ ကွတ်ကီးမူဝါဒတွင် ပိုမိုလေ့လာပါ။
စာမျက်နှာများအတွက်ဆိုလျှင် စာမျက်နှာစီမံသူများအား ၎င်းတို့၏စာမျက်နှာများပေါ်တွင် လူများပြုလုပ်သော လုပ်ဆောင်မှုအမျိုးအစားများကို ၎င်းတို့နားလည်စေနိုင်ရန်အတွက် ကိန်းဂဏန်းများနှင့် အသေးစိတ်အစီရင်ခံစာများ ("စာမျက်နှာ အသေးစိတ်အစီရင်ခံစာများ") ကို Meta က ပေးအပ်ထားပါသည်။
ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးလုံခြုံမှုနှင့် ပတ်သက်၍ အလေးထားသောကြောင့် သင်နှင့်စပ်လျဉ်းသော အသေးစိတ်အချက်များကို ခွဲခြားဖော်ပြခြင်း မပြုဘဲ စာမျက်နှာစီမံသူများအား အရေးကြီးသော အလားအလာများ ပြသပေးရန် စာမျက်နှာ အသေးစိတ်အစီရင်ခံစာများကို ဖန်တီးထားပါသည် (သင်က စာမျက်နှာ စီမံသူများ၏ စာမျက်နှာကို နှစ်သက်ထားပြီး သင်၏ စာမျက်နှာနှစ်သက်မှုများကို အများမြင် သတ်မှတ်ထားပါက ၎င်းတို့သည် အသေးစိတ်အစီရင်ခံစာများထဲတွင် သင်၏ ပရိုဖိုင်ဓာတ်ပုံကို သင်၏ စာမျက်နှာနှစ်သက်မှုများနှင့် ဆက်စပ်ဖော်ပြနိုင်သည်ကို သတိပြုပါ)။

စာမျက်နှာ အသေးစိတ်အစီရင်ခံစာများ ဖန်တီးရာတွင် အသုံးပြုသော အချက်အလက်

စာမျက်နှာ အသေးစိတ်အစီရင်ခံစာများသည် စာမျက်နှာများအပြင် ၎င်းတို့နှင့်ဆက်စပ်သော အကြောင်းအရာများအပေါ် လူပုဂ္ဂိုလ်များ တုံ့ပြန်စဉ် Meta ဆာဗာများက မှတ်တမ်းတင်ထားသော အချို့လုပ်ဆောင်ချက်များမှတစ်ဆင့် ဖန်တီးရရှိသည့် ပေါင်းစပ်ကိန်းဂဏန်းများ ဖြစ်ပါသည်။
အဆိုပါလုပ်ဆောင်ချက်များတွင် သတ်မှတ်လုပ်ဆောင်ချက်တစ်ခုပေါ် မူတည်၍ အောက်ပါတို့ကဲ့သို့သော ဒေတာအမှတ်အမျိုးမျိုး ဖွဲ့စည်းပါဝင်သည်-
  • လူပုဂ္ဂိုလ်များ၏ လုပ်ဆောင်မှုများ။ ယင်းတွင် အောက်ပါတို့ကဲ့သို့ လုပ်ဆောင်မှုများ ပါဝင်သည်-
    • စာမျက်နှာ၊ ပို့စ်၊ ဗီဒီယို၊ စတိုရီ သို့မဟုတ် စာမျက်နှာတစ်ခုနှင့် ဆက်စပ်သော အခြားအကြောင်းအရာကို ကြည့်ရှုခြင်း
    • စတိုရီတစ်ခုနှင့် အပြန်အလှန်တုံ့ပြန်ခြင်း
    • စာမျက်နှာတစ်ခုကို စောင့်ကြည့်ခြင်း သို့မဟုတ် စောင့်မကြည့်ခြင်း
    • စာမျက်နှာ သို့မဟုတ် ပို့စ်ကို ကြိုက်ခြင်း သို့မဟုတ် မကြိုက်ခြင်း
    • ပို့စ် သို့မဟုတ် မှတ်ချက်တွင် စာမျက်နှာတစ်ခုကို အကြံပြုခြင်း
    • စာမျက်နှာတစ်ခု၏ ပို့စ်အား မှတ်ချက်ပေးခြင်း၊ မျှဝေခြင်း သို့မဟုတ် တုံ့ပြန်ခြင်း (တုံ့ပြန်ချက်အမျိုးအစား အပါအဝင်)
    • စာမျက်နှာ၏ ပို့စ်ကို ဝှက်ထားခြင်း သို့မဟုတ် ၎င်းကို အမှိုက်စာအဖြစ် တိုင်ကြားခြင်း
    • စာမျက်နှာပါ အကြောင်းအရာ၏ နမူနာမြင်ကွင်းကို ကြည့်ရှုရန် စာမျက်နှာ သို့မဟုတ် စာမျက်နှာအမည် သို့မဟုတ် ပရိုဖိုင်ဓာတ်ပုံအတွက် လင့်ခ်အား မောက်စ်တင်ကြည့်ခြင်း
    • စာမျက်နှာရှိ ဝက်ဘ်ဆိုက်၊ ဖုန်းနံပါတ်၊ လမ်းညွှန်ချက်များရယူရန် ခလုတ် သို့မဟုတ် အခြားခလုတ်ကို ကလစ်နှိပ်ခြင်း
    • မျက်နှာပြင်ပေါ်တွင် စာမျက်နှာတစ်ခု၏ ပွဲအစီအစဉ်အား ထားရှိခြင်း၊ တုံ့ပြန်မှုအမျိုးအစားအပါအဝင် ပွဲအစီအစဉ်တစ်ခုအား တုံ့ပြန်ခြင်း၊ ပွဲအစီအစဉ်လက်မှတ်များရယူရန် လင့်ခ်တစ်ခုအပေါ် နှိပ်ခြင်း
    • Messenger မှတစ်ဆင့် အဆိုပါစာမျက်နှာနှင့် စတင်ဆက်သွယ်ခြင်း
    • စာမျက်နှာ၏ အရောင်းဆိုင်တွင်ရှိသော ပစ္စည်းများအား ကြည့်ရှုခြင်း သို့မဟုတ် နှိပ်ခြင်း
  • အောက်ပါတို့ကဲ့သို့ လုပ်ဆောင်မှုများနှင့်ပတ်သက်သော အချက်အလက်၊ လုပ်ဆောင်မှုများပြုလုပ်သူနှင့် လုပ်ဆောင်မှုများအတွက် အသုံးပြုသော ဘရောက်ဇာများ/အက်ပ်များ-
    • လုပ်ဆောင်မှုပြုသည့် ရက်စွဲနှင့် အချိန်
    • နိုင်ငံ/မြို့ (IP လိပ်စာမှ သို့မဟုတ် လော့ဂ်အင်ဝင်ထားသော အသုံးပြုသူများအတွက်ဆိုလျှင် အသုံးပြုသူပရိုဖိုင်မှ ခန့်မှန်းရရှိသည်)
    • ဘာသာစကားကုဒ် (ဘရောက်ဇာ၏ http အက္ခရာတွဲ နှင့်/သို့မဟုတ် ဘာသာစကား ဆက်တင်များမှ ရယူသည်)
    • အသက်/ကျားမအုပ်စု (လော့ဂ်အင်ဝင်ထားသော အသုံးပြုသူများအတွက်သာ အသုံးပြုသူပရိုဖိုင်မှ ရယူသည်)
    • ယခင်ဝင်ရောက်ကြည့်ရှုထားသော ဝက်ဘ်ဆိုက် (ဘရောက်ဇာ၏ http အက္ခရာတွဲမှ ရယူသည်)
    • လုပ်ဆောင်မှုအား ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းတွင် ပြုလုပ်ထားခြင်းရှိ၊ မရှိ ဖော်ပြချက် (ဘရောက်ဇာ၏ အသုံးပြုသူကိုယ်စားလှယ် သို့မဟုတ် အက်ပ်သွင်ပြင်လက္ခဏာများမှ ရယူသည်)
    • FB အသုံးပြုသူအိုင်ဒီ (လော့ဂ်အင်ဝင်ထားသော အသုံးပြုသူများအတွက်သာ)
ကျွန်ုပ်တို့၏ ကွတ်ကီးမူဝါဒ နှင့်အညီ ကွတ်ကီးများမှတစ်ဆင့် သင်က Facebook သို့ လော့ဂ်အင်ဝင်ထားခြင်းရှိ၊ မရှိကို ကျွန်ုပ်တို့ ဆုံးဖြတ်ပါသည်။ သင့်အနေဖြင့် Facebook သို့ လော့ဂ်အင် ဝင်ရောက်မထားပါက လုပ်ဆောင်ချက်အချို့ကိုသာ စတင်ဆောင်ရွက်နိုင်သည်။ ယင်းတွင် စာမျက်နှာတစ်ခုကို ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် ပို့စ်ထဲရှိ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို နှိပ်၍ ကြည့်ရှုခြင်းတို့ ပါဝင်သည်။
စာမျက်နှာ စီမံသူများအနေဖြင့် လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် စီမံဆောင်ရွက်ထားသော အချက်အလက်များအား အသုံးပြုခွင့်မရှိသော်လည်း ပေါင်းစည်းထားသော စာမျက်နှာ အသေးစိတ်အစီရင်ခံစာများကိုမူ အသုံးပြုနိုင်ပါသည်။

စာမျက်နှာ အသေးစိတ်အစီရင်ခံစာများ ဖန်တီးရာတွင် အသုံးပြုသော သင့်အချက်အလက်များအတွက် တာဝန်ယူမှု

စာမျက်နှာတစ်ခုအတွက် ပံ့ပိုးပေးထားသော စာမျက်နှာ အသေးစိတ်အစီရင်ခံစာများအတွက် ကိုယ်ရေးကိုယ်တာ အချက်အလက်များအပေါ် စီမံဆောင်ရွက်မှုအား ဥရောပ အထွေထွေအချက်အလက်ကာကွယ်မှု စည်းမျဉ်း (သို့မဟုတ် "GDPR") အရ ကာကွယ်ပေးထားရန် လိုအပ်နိုင်သည်။ သင်သည် ဥပမာအားဖြင့် ဥရောပသမဂ္ဂတွင် နေထိုင်ပါက GDPR သည် ယေဘုယျအားဖြင့် စာမျက်နှာ အသေးစိတ်အစီရင်ခံစာများအတွက် သင့်အချက်အလက်များကို စီမံဆောင်ရွက်ခြင်းအပေါ်သာ အကျုံးဝင်ပါသည်။ ထို့နောက် Meta Platforms Ireland Limited, Serpentine Avenue, Block J, Dublin 4, Ireland (“Meta Ireland”) နှင့် စာမျက်နှာ စီမံသူတို့တွင် စာမျက်နှာ အသေးစိတ်အစီရင်ခံစာများ ဖန်တီးရန်အတွက် စာမျက်နှာ သို့မဟုတ် ၎င်းနှင့်ဆက်စပ်သော အကြောင်းအရာကို ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် အခြားသော တုံ့ပြန်ဆက်သွယ်မှုနှင့် စပ်လျဉ်း၍ သင့်အချက်အလက်များကို စီမံဆောင်ရွက်ခြင်းအတွက် ပူးတွဲတာဝန်ရှိပါလိမ့်မည်။ ဤအခြေအနေတွင် အောက်ပါအတိုင်း သက်ရောက်မှုရှိပါမည်-
  • Meta Ireland နှင့် စာမျက်နှာစီမံသူတို့သည် GDPR အောက်ရှိ လိုက်နာရမည့် ဝတ္တရားများနှင့်အညီ ၎င်းတို့၏ သက်ဆိုင်ရာ တာဝန်များအား ဆုံးဖြတ်ရန်အတွက် သဘောတူညီချက် တစ်ရပ်ကို ချုပ်ဆိုထားပြီးဖြစ်သည်။ စာမျက်နှာ စီမံသူနှင့်ပတ်သက်သော အချက်အလက်များကို သိရှိရန် ၎င်းတို့၏ စာမျက်နှာတွင် ဖော်ပြထားသော သို့မဟုတ် ရည်ညွှန်းထားသော အချက်အလက်အား စစ်ဆေးပါ။
  • Meta Ireland တွင် စာမျက်နှာ အသေးစိတ်အစီရင်ခံစာများအတွက် စီမံဆောင်ရွက်ခြင်းနှင့်စပ်လျဉ်းသော အချက်အလက်များကို သင့်အား ပံ့ပိုးပေးရန်နှင့် GDPR အောက်ရှိ သင့်ရပိုင်ခွင့်များအား သင်ကျင့်သုံးနိုင်အောင် ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း Meta Ireland နှင့် စာမျက်နှာ စီမံသူတို့က သဘောတူထားသည်။ GDPR အရ သင့်တွင် သင့်အချက်အလက်များကို ဝင်ရောက်အသုံးပြုခွင့်၊ ပြင်ဆင်ခွင့်၊ လွှဲပြောင်းသယ်ဆောင်ခွင့်၊ ဖျက်ခွင့်နှင့် သင့်အချက်အလက်များကို စီမံဆောင်ရွက်ခြင်းအပေါ် ကန့်ကွက်ခွင့်နှင့် ကန့်သတ်ခွင့်တို့ ရှိပါသည်။ ဤအခွင့်အရေးများနှင့်ပတ်သက်၍ သင်၏ Facebook ဆက်တင်များတွင် ပိုမိုလေ့လာပါ။ Meta Ireland ၏ အချက်အလက် ကာကွယ်ရေး အရာရှိထံသို့လည်း သင်ဆက်သွယ်နိုင်ပြီး ၎င်းကို ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များအား Meta Ireland ၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒတွင် တွေ့ရှိနိုင်ပါသည်။
  • အိုင်ယာလန် အချက်အလက်ကာကွယ်ရေး ကော်မရှင်သည် စာမျက်နှာ အသေးစိတ်အစီရင်ခံစာများ စီမံဆောင်ရွက်ခြင်းအပေါ် ကွပ်ကဲရန်တာဝန်ရှိသည့် ဦးဆောင်ကြီးကြပ်ရေး အာဏာပိုင်ဖြစ်ကြောင်း Meta Ireland နှင့် စာမျက်နှာစီမံသူတို့က သဘောတူထားပြီးဖြစ်ပါသည် (စာမျက်နှာစီမံသူသည် ပြည်သူ့အာဏာပိုင်ဖြစ်ပါက ခြွင်းချက်များ ရှိကောင်းရှိနိုင်သည်)။ အိုင်ယာလန် အချက်အလက်ကာကွယ်ရေး ကော်မရှင် (www.dataprotection.ie တွင် ကြည့်ပါ) သို့မဟုတ် အခြားသော ကြီးကြပ်ရေး အာဏာပိုင်အဖွဲ့တစ်ခုခုသို့ သင်အမြဲတမ်း တိုင်ကြားပိုင်ခွင့် ရှိသည်။


စတင်အကျုံးဝင်သည့် ရက်စွဲ- ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်