စာမျက်နှာ အသေးစိတ်အစီရင်ခံစာများနှင့် ပတ်သက်သော အချက်အလက်များ

Facebook စာမျက်နှာများ ("စာမျက်နှာများ") အပါအဝင် Meta ထုတ်ကုန်များအား လူတို့ အသုံးပြုကြသောအခါ Meta ("ကျွန်ုပ်တို့" သို့မဟုတ် "ကျွန်ုပ်တို့ကို" ဟုလည်း ရည်ညွှန်းသည်) က Meta ၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒရှိ "ကျွန်ုပ်တို့က မည်ကဲ့သို့သော အချက်အလက်များကို စုစည်းရယူသနည်း" အောက်တွင် ဖော်ပြထားသည့်အတိုင်း အချက်အလက်များအား စုဆောင်းပါသည် (ကွတ်ကီးများနှင့် အလားတူနည်းပညာများကို ကျွန်ုပ်တို့အသုံးပြုပုံနှင့်ပတ်သက်ပြီး အချက်အလက်များကို သိရှိရန် ကျွန်ုပ်တို့၏ ကွတ်ကီးမူဝါဒကို ကြည့်ပါ)။
၎င်းတို့တွင် အသုံးပြုသူများက ကြည့်ရှုသော သို့မဟုတ် စိတ်ဝင်စားသော အကြောင်းအရာအမျိုးအစားများ သို့မဟုတ် ၎င်းတို့ပြုလုပ်သည့် လုပ်ဆောင်ချက်များ (Meta ၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒရှိ "သင်၏ လှုပ်ရှားဆောင်ရွက်မှုနှင့် သင်ပံ့ပိုးပေးသည့် အချက်အလက်များ" အောက်တွင် ကြည့်ရန်) ကဲ့သို့သော Meta ထုတ်ကုန်များကို လူများအသုံးပြုပုံနှင့် ပတ်သက်သော အချက်အလက်များအပြင် ၎င်းတို့အသုံးပြုသော ဖုန်း/ကွန်ပျူတာဆိုင်ရာ အချက်အလက်များ (ဥပမာ- IP လိပ်စာများ၊ စက်လည်ပတ်ရေးစနစ်၊ ဘရောက်ဇာအမျိုးအစား၊ ဘာသာစကားဆက်တင်များ၊ ကွတ်ကီးဒေတာများ၊ Meta ၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒရှိ "အက်ပ်၊ ဘရောက်ဇာနှင့် ဖုန်း/ကွန်ပျူတာ အချက်အလက်များ" အောက်တွင် ကြည့်ရန်) တို့ ပါဝင်သည်။ Meta က အမှန်တကယ် စုဆောင်းသော အချက်အလက်များသည် Meta ထုတ်ကုန်များကို လူများအသုံးပြုခြင်းရှိ၊ မရှိနှင့် အသုံးပြုပုံပေါ်တွင် မူတည်ပါသည်။
Meta ၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒရှိ "ဤအချက်အလက်များအား ကျွန်ုပ်တို့မည်သို့အသုံးပြုသနည်း" အောက်တွင် ရှင်းလင်းထားသည့်အတိုင်း စာမျက်နှာစီမံသူများအား ၎င်းတို့၏စာမျက်နှာများအပြင် စာမျက်နှာများနှင့်ဆက်စပ်သော အကြောင်းအရာများအပေါ် လူပုဂ္ဂိုလ်များ၏ အပြန်အလှန်တုံ့ပြန်ပုံအား ၎င်းတို့နားလည်စေနိုင်ရန်အတွက် စာမျက်နှာ အသေးစိတ်အစီရင်ခံစာများ ဟုခေါ်သော ခွဲခြမ်းစိတ်ဖြာချက် ဝန်ဆောင်မှုများ ပံ့ပိုးပေးရန်လည်း Meta က အချက်အလက်များကို စုဆောင်း၍ အသုံးပြုလျက်ရှိပါသည်။ စာမျက်နှာ အသေးစိတ်အစီရင်ခံစာများအတွက် ကိုယ်ရေးကိုယ်တာ အချက်အလက်များအား စီမံဆောင်ရွက်မှုသည် အောက်ပါ ပူးတွဲထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက် (စာမျက်နှာ အသေးစိတ်အစီရင်ခံစာများ ထိန်းချုပ်သူဆိုင်ရာ ဖြည့်စွက်ချက်) အား လိုက်နာရမည်။

စာမျက်နှာ အသေးစိတ်အစီရင်ခံစာများအတွက် အချက်အလက်များအား စီမံဆောင်ရွက်ခြင်း

စာမျက်နှာ အသေးစိတ်အစီရင်ခံစာများသည် စာမျက်နှာများအပြင် ၎င်းတို့နှင့်ဆက်စပ်သော အကြောင်းအရာများအပေါ် လူပုဂ္ဂိုလ်များ တုံ့ပြန်စဉ် Meta ဆာဗာများက မှတ်တမ်းတင်ထားသော အချို့လုပ်ဆောင်ချက်များမှတစ်ဆင့် ဖန်တီးရရှိသည့် ပေါင်းစပ်ကိန်းဂဏန်းများ ဖြစ်ပါသည်။
အဆိုပါလုပ်ဆောင်ချက်များတွင် သတ်မှတ်လုပ်ဆောင်ချက်တစ်ခုပေါ် မူတည်၍ အောက်ပါတို့ကဲ့သို့သော မတူကွဲပြားသည့် ဒေတာအမှတ်များ ဖွဲ့စည်းပါဝင်သည်-
  • လုပ်ဆောင်မှုတစ်ခု။ ၎င်းတွင် အောက်ပါတို့ကဲ့သို့သော လုပ်ဆောင်မှုများပါဝင်သည် (သင့်စာမျက်နှာအတွက် ရရှိနိုင်သော ဆောင်ရွက်ချက်များအား သင့်စာမျက်နှာ၏ အသေးစိတ်အစီရင်ခံစာများ ကဏ္ဍတွင် ကြည့်နိုင်သည်)-
    • စာမျက်နှာ၊ ပို့စ်၊ ဗီဒီယို၊ စတိုရီ သို့မဟုတ် စာမျက်နှာတစ်ခုနှင့် ဆက်စပ်သော အခြားအကြောင်းအရာကို ကြည့်ရှုခြင်း
    • စတိုရီတစ်ခုနှင့် အပြန်အလှန်တုံ့ပြန်ခြင်း
    • စာမျက်နှာတစ်ခုကို စောင့်ကြည့်ခြင်း သို့မဟုတ် စောင့်မကြည့်ခြင်း
    • စာမျက်နှာ သို့မဟုတ် ပို့စ်ကို ကြိုက်ခြင်း သို့မဟုတ် မကြိုက်ခြင်း
    • ပို့စ် သို့မဟုတ် မှတ်ချက်တွင် စာမျက်နှာတစ်ခုကို အကြံပြုခြင်း
    • စာမျက်နှာတစ်ခု၏ ပို့စ်အား မှတ်ချက်ပေးခြင်း၊ မျှဝေခြင်း သို့မဟုတ် တုံ့ပြန်ခြင်း (တုံ့ပြန်ချက်အမျိုးအစား အပါအဝင်)
    • စာမျက်နှာ၏ ပို့စ်ကို ဝှက်ထားခြင်း သို့မဟုတ် ၎င်းကို အမှိုက်စာအဖြစ် တိုင်ကြားခြင်း
    • စာမျက်နှာပါ အကြောင်းအရာ၏ နမူနာမြင်ကွင်းကို ကြည့်ရှုရန် စာမျက်နှာ သို့မဟုတ် စာမျက်နှာအမည် သို့မဟုတ် ပရိုဖိုင်ဓာတ်ပုံအတွက် လင့်ခ်အား မောက်စ်တင်ကြည့်ခြင်း
    • စာမျက်နှာရှိ ဝက်ဘ်ဆိုက်၊ ဖုန်းနံပါတ်၊ လမ်းညွှန်ချက်များရယူရန် ခလုတ် သို့မဟုတ် အခြားခလုတ်ကို ကလစ်နှိပ်ခြင်း
    • မျက်နှာပြင်ပေါ်တွင် စာမျက်နှာတစ်ခု၏ ပွဲအစီအစဉ်အား ထားရှိခြင်း၊ တုံ့ပြန်မှုအမျိုးအစားအပါအဝင် ပွဲအစီအစဉ်တစ်ခုအား တုံ့ပြန်ခြင်း၊ ပွဲအစီအစဉ်လက်မှတ်များရယူရန် လင့်ခ်တစ်ခုအပေါ် နှိပ်ခြင်း
    • Messenger မှတစ်ဆင့် အဆိုပါစာမျက်နှာနှင့် စတင်ဆက်သွယ်ခြင်း
    • စာမျက်နှာ၏ အရောင်းဆိုင်တွင်ရှိသော ပစ္စည်းများအား ကြည့်ရှုခြင်း သို့မဟုတ် နှိပ်ခြင်း
  • အောက်ပါတို့ကဲ့သို့ လုပ်ဆောင်မှုနှင့်ပတ်သက်သော အချက်အလက်၊ လုပ်ဆောင်မှုပြုလုပ်သူနှင့် လုပ်ဆောင်မှုအတွက် အသုံးပြုသော ဘရောက်ဇာ/အက်ပ်-
    • လုပ်ဆောင်မှုပြုသည့် ရက်စွဲနှင့် အချိန်
    • နိုင်ငံ/မြို့ (IP လိပ်စာမှ ခန့်မှန်းဖော်ပြချက် သို့မဟုတ် လော့ဂ်အင်ဝင်ထားသော အသုံးပြုသူများအတွက်ဆိုလျှင် အသုံးပြုသူပရိုဖိုင်မှ လွှဲပြောင်းထည့်သွင်းချက်)
    • ဘာသာစကားကုဒ် (ဘရောက်ဇာ၏ http အက္ခရာတွဲ နှင့်/သို့မဟုတ် ဘာသာစကား ဆက်တင်များမှ ရယူသည်)
    • အသက်/ကျားမအုပ်စု (လော့ဂ်အင်ဝင်ထားသော အသုံးပြုသူများအတွက်သာ အသုံးပြုသူပရိုဖိုင်မှ ရယူသည်)
    • ယခင်ဝင်ရောက်ကြည့်ရှုထားသော ဝက်ဘ်ဆိုက် (ဘရောက်ဇာ၏ http အက္ခရာတွဲမှ ရယူသည်)
    • လုပ်ဆောင်မှုအား ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းတွင် ပြုလုပ်ထားခြင်းရှိ၊ မရှိ ဖော်ပြချက် (ဘရောက်ဇာ၏ အသုံးပြုသူကိုယ်စားလှယ် သို့မဟုတ် အက်ပ်သွင်ပြင်လက္ခဏာများမှ ရယူသည်)
    • FB အသုံးပြုသူအိုင်ဒီ (လော့ဂ်အင်ဝင်ထားသော အသုံးပြုသူများအတွက်သာ)
လူပုဂ္ဂိုလ်များသည် Meta တွင် လော့ဂ်အင်ဝင်ထားသော အသုံးပြုသူများဟုတ်၊ မဟုတ်ကို ကျွန်ုပ်တို့၏ ကွတ်ကီးမူဝါဒ နှင့်အညီ ကွတ်ကီးများမှတစ်ဆင့် ဆုံးဖြတ်သည်။ Meta သို့ လော့ဂ်အင်ဝင်ရောက်မထားသူများက လုပ်ဆောင်ချက်အချို့ကိုသာ စတင်ဆောင်ရွက်နိုင်ပါသည်။ ယင်းတွင် စာမျက်နှာတစ်ခုကို ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် ပို့စ်ထဲရှိ ဓာတ်ပုံ သို့မဟုတ် ဗီဒီယိုကို နှိပ်၍ ကြည့်ရှုခြင်းတို့ ပါဝင်သည်။
စာမျက်နှာ စီမံသူများအနေဖြင့် လုပ်ဆောင်ချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် စီမံဆောင်ရွက်ထားသော ကိုယ်ရေးအချက်အလက်များအား အသုံးပြုခွင့်မရှိသော်လည်း ပေါင်းစည်းထားသော စာမျက်နှာ အသေးစိတ်အစီရင်ခံစာများကိုမူ အသုံးပြုနိုင်ပါသည်။ စာမျက်နှာ အသေးစိတ်အစီရင်ခံစာများ ဖန်တီးရန်အသုံးပြုသော လုပ်ဆောင်ချက်များသည် Meta သို့ လော့ဂ်အင်ဝင်ရောက်ထားသော လူပုဂ္ဂိုလ်များ၏ FB အသုံးပြုသူအိုင်ဒီမှလွဲ၍ လူပုဂ္ဂိုလ်များနှင့်ဖြစ်စေ၊ ၎င်းတို့၏ ဖုန်း/ကွန်ပျူတာများနှင့်ဖြစ်စေ ဆက်စပ်သော IP လိပ်စာများ၊ ကွတ်ကီးအိုင်ဒီများ သို့မဟုတ် အခြား မည်သူမည်ဝါ ခွဲခြားဖော်ထုတ်နိုင်သော အချက်အလက်များကို သိမ်းဆည်းမည်မဟုတ်ပါ။
စာမျက်နှာ အသေးစိတ်အစီရင်ခံစာများ ဖန်တီးရန် Meta က မှတ်တမ်းတင်ထားသော လုပ်ဆောင်ချက်များအား Meta ကသာ သီးသန့်သတ်မှတ်မည်ဖြစ်ကာ စာမျက်နှာစီမံသူများက အခြားတစ်နည်းအားဖြင့် သတ်မှတ်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် လွှမ်းမိုးထိန်းချုပ်ခြင်းများ ပြုလုပ်နိုင်မည် မဟုတ်ပါ။

စာမျက်နှာ အသေးစိတ်အစီရင်ခံစာများ ထိန်းချုပ်သူဆိုင်ရာ ဖြည့်စွက်ချက်

သင့်စာမျက်နှာအပြင် စာမျက်နှာနှင့်ဆက်စပ်သော အကြောင်းအရာများကို လူများ၏ အပြန်အလှန်တုံ့ပြန်မှုသည် သင့်အားစီမံဆောင်ရွက်ပေးနေသူ (နှင့်/သို့မဟုတ် အဆိုပါစာမျက်နှာအား ဖန်တီးရန် သို့မဟုတ် ကြီးကြပ်ရန် သင်ဆောင်ရွက်ပေးနေသည့် ကြားခံပြင်ပအဖွဲ့အစည်းများ) ၏ ကိုယ်ရေးအချက်အလက်များ ပါဝင်သော စာမျက်နှာ အသေးစိတ်အစီရင်ခံစာများအတွက် လုပ်ဆောင်ချက်ကို အစပြုဖန်တီးမည်ဖြစ်ပြီး Meta Platforms Ireland Limited နှင့် ပူးတွဲဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ရည်ရွယ်ချက်များကို သတ်မှတ်ပေးမည်ဖြစ်ကာ သင်ကိုယ်တိုင် (နှင့် အဆိုပါ ကြားခံပြင်ပအဖွဲ့အစည်းများ ကိုယ်စားနှင့် ကိုယ်စားလှယ်အဖြစ်) ဤစာမျက်နှာ အသေးစိတ်အစီရင်ခံစာများ ထိန်းချုပ်သူဆိုင်ရာဖြည့်စွက်ချက် ("စာမျက်နှာ အသေးစိတ်အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်") သည် အောက်ပါတို့ကို သက်ရောက်မှုရှိကြောင်း သင်က သိရှိသဘောတူပါသည်-
  • သင်နှင့် Meta Platforms Ireland Limited, Serpentine Avenue, Block J, Dublin 4 Ireland ("Meta Ireland"၊ "ကျွန်ုပ်တို့" သို့မဟုတ် "ကျွန်ုပ်တို့၏"၊ စုစည်းခေါ်ဆိုပါက "အဖွဲ့များ") တို့သည် GDPR အခန်း ၂၆ အရ စာမျက်နှာ အသေးစိတ်အစီအရင်ခံစာများ အတွက် လုပ်ဆောင်ချက်များတွင် ဤကဲ့သို့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ စီမံဆောင်ရွက်ခြင်းတွက် ပူးတွဲထိန်းချုပ်သူများအဖြစ် သိရှိသဘောတူပါသည်။ ပူးတွဲထိန်းချုပ်မှုတွင် အဆိုပါလုပ်ဆောင်ချက်များ ဖန်တီးခြင်းနှင့် စာမျက်နှာစီမံသူများအား ပံ့ပိုးသည့် စာမျက်နှာ အသေးစိတ်အစီရင်ခံစာများအပေါ် လုပ်ဆောင်ချက်များ ပေါင်းစပ်ထည့်သွင်းထားခြင်းတို့ အကျုံးဝင်ပါသည်။ ရည်ရွယ်ချက်များနှင့် နည်းလမ်းများအား ပူးတွဲဆုံးဖြတ်ခွင့်မရှိသည့် စာမျက်နှာတစ်ခုနှင့်/သို့မဟုတ် စာမျက်နှာတစ်ခုနှင့်ဆက်စပ်ပြီး အခြားသော ကိုယ်ရေးအချက်အလက် စီမံဆောင်ရွက်ခြင်းတစ်ခုခုအတွက် Meta Ireland အပြင် ဖြစ်စဉ်ပေါ်မူတည်ပြီး သင့်အနေဖြင့်လည်း သီးခြားလွတ်လပ်သော ထိန်းချုပ်သူများအဖြစ် ဆက်လက်ဆောင်ရွက်ရန် အဖွဲ့များကသဘောတူပါသည်။
  • အသေးစိတ်အစီရင်ခံစာဒေတာအား စီမံဆောင်ရွက်ခြင်းသည် ဤစာမျက်နှာ အသေးစိတ်အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်ပါ ပြဋ္ဌာန်းချက်များအား လိုက်နာရမည်။ ၎င်းတို့သည် Meta Ireland၊ ၎င်း၏ဝန်ထမ်းများ သို့မဟုတ် စီမံဆောင်ရွက်သူ(များ) က အသေးစိတ်အစီရင်ခံစာ ဒေတာများအား စီမံဆောင်ရွက်သည့် ဖြစ်စဉ်ရှိ လုပ်ဆောင်ချက်အားလုံးအပေါ် အကျုံးဝင်ပါသည်။
  • အသေးစိတ်အစီရင်ခံစာဒေတာအား စီမံဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး GDPR အောက်ရှိ တာဝန်ဝတ္တရားများအား လိုက်နာရန်ဖြစ်သော Meta Ireland နှင့် သင့်တာဝန်များအား အောက်ပါအတိုင်း ဆုံးဖြတ်ထားပါသည်-
    • Meta Ireland- Meta Ireland သည် Meta Ireland ၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒ (“ဥပဒေအခြေခံစနစ်ဆိုင်ရာ အချက်အလက်များ” အောက်တွင် ကြည့်ရန်) တွင် ဖော်ပြထားသော အသေးစိတ်အစီရင်ခံစာ ဒေတာများအား စီမံဆောင်ရွက်ရန်အတွက် ဥပဒေအခြေခံတစ်ရပ်ရှိကြောင်း သေချာအောင်ဆောင်ရွက်ပါမည်။ သင်နှင့် Meta Ireland ကြားရှိ ဤစာမျက်နှာ အသေးစိတ်အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်တွင် အခြားတစ်နည်းအားဖြင့် ဖော်ပြမထားပါက (GDPR ပိုဒ်ခွဲ ၁၂ နှင့် ၁၃၊ GDPR ပိုဒ်ခွဲ ၁၅ မှ ၂၁ ၊ GDPR ပိုဒ်ခွဲ ၃၃ နှင့် ၃၄ တို့ အကန့်အသတ်မရှိ အပါအဝင်) အသေးစိတ်အစီရင်ခံစာဒေတာအား စီမံဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး GDPR အောက်ရှိ သက်ဆိုင်ရာ တာဝန်ဝတ္တရားများအား လိုက်နာရန် Meta Ireland က လက်ခံပါသည်။ Meta Ireland က GDPR ပိုဒ်ခွဲ ၃၂ နှင့်အညီ စီမံဆောင်ရွက်ရာတွင် လုံခြုံမှုရှိကြောင်း သေချာစေရန်အတွက် သက်ဆိုင်ရာ နည်းပညာနှင့် အဖွဲ့အစည်းဆိုင်ရာ စီမံချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ပါလိမ့်မည်။ ၎င်းတွင် အောက်ပါ နောက်ဆက်တွဲတွင် ဖော်ပြထားသော (ဥပမာအားဖြင့် နည်းပညာဆိုင်ရာ တိုးတက်လာမှုများနှင့် လိုက်လျောညီထွေဖြစ်စေရန် အခါအားလျော်စွာ အပ်ဒိတ်လုပ်ထားသည့်) စီမံချက်များ ပါဝင်ပါသည်။ အသေးစိတ်အစီရင်ခံစာ ဒေတာများအား လျှို့ဝှက်ထားရှိရေးကို ထိန်းသိမ်းရန်အတွက် အသေးစိတ်အစီရင်ခံစာဒေတာများ စီမံဆောင်ရွက်ခြင်းတွင်ပါဝင်သော Meta Ireland ၏ ဝန်ထမ်းအားလုံးအနေဖြင့် သက်ဆိုင်ရာ တာဝန်ဝတ္တရားများအား လိုက်နာရပါမည်။
    • စာမျက်နှာစီမံသူများ- အသေးစိတ်အစီရင်ခံစာ ဒေတာများအား စီမံဆောင်ရွက်ရန်အတွက် သင့်တွင်လည်း ဥပဒေအခြေခံစနစ် ရှိကြောင်း သေချာစေရပါမည်။ စာမျက်နှာ အသေးစိတ်အစီရင်ခံစာများနှင့် ပတ်သက်သော အချက်အလက်များ မှတစ်ဆင့် Meta Ireland က အချက်အလက်ပိုင်ရှင်များသို့ ပေးအပ်သော အချက်အလက်များအပြင် သင်လက်ကိုင်ပြုသော တရားဝင်အကျိုးစီးပွားများ အပါအဝင် သင်၏ ကိုယ်ပိုင် ဥပဒေအခြေခံစနစ်အား ခွဲခြားဖော်ပြရမည်ဖြစ်ကာ သက်ဆိုင်မှုရှိလျှင် သင့်ဘက်က တာဝန်ရှိအချက်အလက် ထိန်းချုပ်သူ(များ) ၏ ဆက်သွယ်ရန် အသေးစိတ်အချက်များ အပါအဝင် ၎င်းတို့ မည်သူမည်ဝါဖြစ်ကြောင်းအပြင် အချက်အလက်ကာကွယ်ရေး အရာရှိ(များ)ရှိပါက ၎င်းတို့၏ ဆက်သွယ်ရန် အသေးစိတ်အချက်များ (GDPR ပိုဒ်ခွဲ ၁၃(၁)(က-ဃ)) အား ခွဲခြားဖော်ပြရမည်ဖြစ်သည်။
  • Meta Ireland အနေဖြင့် ဤစာမျက်နှာ အသေးစိတ်အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်၏ အနှစ်သာရကို အချက်အလက်ပိုင်ရှင်များ နားလည်သဘောပေါက်စေရန် ပြုလုပ်ပေးရမည် (GDPR အပိုဒ်ခွဲ ၂၆(၂))။ လက်ရှိတွင် စာမျက်နှာအားလုံးမှ ဝင်ရောက်ကြည့်ရှုနိုင်သည့် စာမျက်နှာ အသေးစိတ်အစီရင်ခံစာများနှင့် ပတ်သက်သော အချက်အလက်များ မှတစ်ဆင့် ဤအရာကို လုပ်ဆောင်ထားပါသည်။
  • Meta Ireland သည် ၎င်း၏တာဝန်များအပေါ် လိုက်နာရမည့်နည်းနာအတွက် ဤစာမျက်နှာ အသေးစိတ်အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်အောက်တွင် ၎င်း၏တစ်ခုတည်းသော ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် ဆုံးဖြတ်ပါသည်။ အသေးစိတ်အစီရင်ခံစာဒေတာများ စီမံဆောင်ရွက်ခြင်းနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်များချမှတ်ရန် Meta Ireland တွင်သာ အခွင့်အာဏာရှိကြောင်း သင်သိရှိသဘောတူထားပါသည်။ ပူးတွဲစီမံဆောင်ရွက်ခြင်းအတွက် ဦးဆောင်ကြီးကြပ်ရေးအာဏာပိုင်မှာ အိုင်ယာလန်အချက်အလက် ကာကွယ်ရေး ကော်မရှင် ဖြစ်ကြောင်းလည်း သင်သိရှိသဘောတူထားပါသည် (သက်ဆိုင်ပါက GDPR အပိုဒ်ခွဲ ၅၅(၂) တွင် မည်သို့ပင်ဆိုထားစေကာမူ)။
  • ဤစာမျက်နှာ အသေးစိတ်အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်သည် ကျွန်ုပ်တို့က သင့်အတွက် စီစဉ်ပေးထားသည့် စာမျက်နှာ အသေးစိတ်အစီရင်ခံစာများ အပါအဝင် Meta ထုတ်ကုန်များနှင့်ပတ်သက်၍ စီမံဆောင်ရွက်ထားသော Meta အသုံးပြုသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ထုတ်ဖော်ပြောကြားပိုင်ခွင့် တောင်းဆိုရန် သင့်အား မည်သည့်အခွင့်အရေးမျှ မပေးထားပါ။
  • စာမျက်နှာ အသေးစိတ်အစီရင်ခံစာ ဒေတာများနှင့် ပတ်သက်သော အချက်အလက်များ သို့မဟုတ် အခြားနောက်ဆက်တွဲ အချက်အလက်တွင် ကိုးကားဖော်ပြထားချက်အရ အဖွဲ့များအနေဖြင့် ဆက်သွယ်ရေးလမ်းကြောင်းများအား အချက်အလက်ပိုင်ရှင်များအတွက် ဆက်သွယ်ရန်နေရာများအဖြစ် သတ်မှတ်ထားလျက်ရှိပါသည်။
  • အချက်အလက်ပိုင်ရှင်များသည် အသေးစိတ်အစီရင်ခံစာ ဒေတာများ စီမံဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ GDPR ပါ ၎င်းတို့၏ အခွင့်အရေးများကို သင့်အပေါ်ကျင့်သုံးပါက (GDPR အပိုဒ်ခွဲ ၂၆ (၃)) သို့မဟုတ် အသေးစိတ်အစီရင်ခံစာ ဒေတာများ စီမံဆောင်ရွက်ခြင်းနှင့် ပတ်သက်ပြီး ကြီးကြပ်ရေးအာဏာပိုင်က သင့်အား ဆက်သွယ်လာပါက အဆိုပါ တောင်းဆိုချက်များ (၎င်းတို့တစ်ခုချင်းစီကို "တောင်းဆိုချက်" တစ်ရပ်) နှင့် ပတ်သက်သော သက်ဆိုင်ရာ အချက်အလက်အားလုံးကို ကျွန်ုပ်တို့ထံသို့ အများဆုံး ပြက္ခဒိန်ရက် ခုနစ်ရက်အတွင်း မဆိုင်းမတွ သင်ပေးပို့ရမည်။ ဤရည်ရွယ်ချက်အတွက် သင်က ဤပုံစံဖောင်ကို တင်သွင်းနိုင်သည်။ အချက်အလက်ပိုင်ရှင်များထံမှ တောင်းဆိုချက်များအား ဤစာမျက်နှာအသေးစိတ် အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်ပါ ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများနှင့်အညီ ကိုင်တွယ်ဖြေရှင်းရန် Meta Ireland က သဘောတူပါသည်။ သင်သည် အဆိုပါတောင်းဆိုချက်မှန်သမျှကို ကိုင်တွယ်ဖြေရှင်းရာတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် သင့်လျော်သော ကြိုးစားအားထုတ်မှုအားလုံးကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် သဘောတူပါသည်။ သင့်တွင် Meta Ireland ကိုယ်စား ဆောင်ရွက်ခွင့် သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခွင့်မရှိပါ။
  • သင် စာမျက်နှာတစ်ခုကို အသုံးပြုပါက ဤစာမျက်နှာ အသေးစိတ်အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်ကြောင့် သို့မဟုတ် ယင်းနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် ကျွန်ုပ်တို့အပေါ် သင်ပြုလုပ်သော မည်သည့် အရေးဆိုချက်၊ တရားစွဲဆိုမှု အကြောင်းရင်း သို့မဟုတ် အငြင်းပွားမှုများကိုမဆို အိုင်ယာလန်တရားရုံးများတွင်သာ သီးသန့် ဖြေရှင်းရမည်ဖြစ်ကာ သင်သည် ထိုအရေးဆိုချက်တစ်ခုခုအား တရားစွဲဆိုရန် ရည်ရွယ်ချက်ဖြင့် အိုင်ယာလန်တရားရုံးများ၏ တရားစီရင်ပိုင်ခွင့်သို့ တင်ပြခြင်းသည် ပြန်လည်ရုပ်သိမ်း၍မရကြောင်းနှင့် အိုင်ယာလန်၏ တရားဥပဒေများသည် ဥပဒေ ပြဋ္ဌာန်းချက်များအကြား ကွဲလွဲမှုများ မည်သို့ပင်ရှိစေကာမူ ဤစာမျက်နှာ အသေးစိတ်အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်အား ထိန်းချုပ်ညွှန်ကြားကြောင်း သင်သဘောတူပြီးဖြစ်သည်။ သင်သည် ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုခုတွင် အခြေကျနေထိုင်သော သုံးစွဲသူတစ်ဦးဖြစ်ပါက ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများပါ အပိုဒ် ၄.၄ ကသာ အကျုံးဝင် သက်ရောက်မှုရှိပါမည်။
  • ကျွန်ုပ်တို့အနေဖြင့် ဤစာမျက်နှာ အသေးစိတ်အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်အား အခါအားလျော်စွာ ပြင်ဆင်ကောင်း ပြင်ဆင်နိုင်သည်။ ဤစာမျက်နှာ အသေးစိတ်အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်အား အပ်ဒိတ်တစ်ခုလုပ်ထားကြောင်း အသိပေးချက်ထုတ်ပြန်ပြီးသည့်တိုင် စာမျက်နှာများအား ဆက်လက်အသုံးပြုပါက ၎င်းအားလိုက်နာရန် သင်သဘောတူပြီးဖြစ်ပါမည်။ အပ်ဒိတ်လုပ်ထားသည့် စာမျက်နှာ အသေးစိတ်အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်ကို သင်က သဘောမတူလျှင် စာမျက်နှာများ အသုံးပြုခြင်းအားလုံးကို ရပ်လိုက်ပါ။ သင်သည် ဥရောပသမဂ္ဂ၏ အဖွဲ့ဝင်နိုင်ငံတစ်ခုခုတွင် အခြေကျနေထိုင်သော သုံးစွဲသူတစ်ဦးဖြစ်ပါက ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများပါ အပိုဒ် ၄.၁ ကသာ အကျုံးဝင် သက်ရောက်မှုရှိပါမည်။
  • ဤစာမျက်နှာ အသေးစိတ်အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်၏ အပိုင်းတစ်ခုခုကို ပြဋ္ဌာန်း၍မရနိုင်ကြောင်း တွေ့ရှိပါက ကျန်ရှိသောအပိုင်းသည် အပြည့်အဝ ဆက်လက်အာဏာတည်ပြီး အကျိုးသက်ရောက်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤစာမျက်နှာ အသေးစိတ်အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်၏ အပိုင်းတစ်ခုခုကို ပြဋ္ဌာန်းဆောင်ရွက်ရန် ပျက်ကွက်ပါက ၎င်းကို ပလပ်လိုက်သည်ဟု မှတ်ယူခြင်းမပြုရပါ။ ဤစည်းမျဉ်းများအား မည်သည့်ပြင်ဆင်မှု သို့မဟုတ် စွန့်လွှတ်မှုကိုမဆို သင်က စာဖြင့်ရေးသား၍ တောင်းဆိုရမည်ဖြစ်ကာ ကျွန်ုပ်တို့က လက်မှတ်ရေးထိုးပေးရမည်။
  • ဤစာမျက်နှာ အသေးစိတ်အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်သည် စည်းမျဉ်း (EU) ၂၀၁၆/၆၇၉ ("GDPR") အကျုံးဝင်သည့် အတိုင်းအတာအတွင်းရှိ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စီမံဆောင်ရွက်ခြင်းအပေါ်သာ သက်ရောက်သည်။ ဤစာမျက်နှာ အသေးစိတ်အစီရင်ခံစာများဆိုင်ရာ ဖြည့်စွက်ချက်ရှိ "ကိုယ်ရေးကိုယ်တာ အချက်အလက်"၊ “စီမံဆောင်ရွက်ခြင်း”၊ “ထိန်းချုပ်သူ”၊ “စီမံဆောင်ရွက်သူ”၊ “ကြီးကြပ်ရေးအာဏာပိုင်” နှင့် "အချက်အလက်ပိုင်ရှင်" တို့တွင် GDPR ၌ဖော်ပြထားသော အဓိပ္ပာယ်များ ရှိပါသည်။

နောက်ဆက်တွဲ- ဘေးကင်းလုံခြုံရေး
"သက်ဆိုင်ရာ ထုတ်ကုန်များ" တွင် Meta စာမျက်နှာများနှင့် စာမျက်နှာ အသေးစိတ်အစီရင်ခံစာများ ပါဝင်သည်။
  1. သတင်းအချက်အလက်လုံခြုံရေးအဖွဲ့အစည်း
    Meta တွင် အဖွဲ့အစည်းအတွင်း လုံခြုံရေးအတွက် အလုံးစုံတာဝန်ယူထားသော သတ်မှတ်ထားသည့် လုံခြုံရေး အရာရှိများရှိပါသည်။ Meta တွင် သက်ဆိုင်ရာထုတ်ကုန်များ၏ လုံခြုံရေးအား ကြီးကြပ်ပေးရန် တာဝန်ယူထားသော အမှုထမ်းများရှိသည်။
  2. ရုပ်ပိုင်းဆိုင်ရာနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံရေး
    Meta ၏ လုံခြုံရေး စီမံချက်များတွင် ဒေတာစီမံဆောင်ရွက်ရေး ဌာနများသို့ ခွင့်ပြုထားသူများသာ လူကိုယ်တိုင်ဝင်ခွင့်ရှိကြောင်းနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်သော ပျက်စီးမှုများအား ထောက်လှမ်းသိရှိရန်၊ ကာကွယ်ရန်နှင့် ထိန်းချုပ်ရန်အတွက် ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းချုပ်မှုများအား ဆောင်ရွက်ထားကြောင်း သင့်လျော်သောအာမခံချက် ပေးစွမ်းနိုင်ရန် စီမံထားသော ထိန်းချုပ်မှုများ ပါဝင်သည်။ ထိန်းချုပ်မှုများတွင် ပါဝင်သည်မှာ-
    1. ဝန်ထမ်းများနှင့် ကန်ထရိုက်တာများ၏ ဒေတာစီမံဆောင်ရွက်ရေး ဌာနများထဲသို့ လူကိုယ်တိုင်ဝင်ရောက်မှုအား မှတ်တမ်းတင်ခြင်းနှင့် စစ်ဆေးခြင်း။
    2. ဒေတာစီမံဆောင်ရွက်ရေးဌာနရှိ ကင်မရာစောင့်ကြည့်ရေးစနစ်များ။
    3. ဒေတာစီမံဆောင်ရွက်ရေးဌာနရှိ ကွန်ပျူတာစက်ကိရိယာများအတွက် အပူချိန်နှင့် စိုထိုင်းဆများအား စောင့်ကြည့်ထိန်းချုပ်သည့် စနစ်များ။
    4. ဒေတာစီမံဆောင်ရွက်ရေးဌာနရှိ ဓာတ်အားပံ့ပိုးရေးနှင့် အရန်မီးစက်များ။
    5. သက်ဆိုင်ရာ ထုတ်ကုန်စည်းမျဉ်းများနှင့်အညီ ဒေတာများအား လုံခြုံစွာဖျက်သိမ်းရေးနှင့် ရှင်းလင်းရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်
    6. သက်ဆိုင်ရာ ထုတ်ကုန်များအတွက် အလုပ်လုပ်နေသော အမှုထမ်းအားလုံးအနေဖြင့် Meta ဌာနအားလုံးသို့ ဝင်ရောက်ရန် အိုင်ဒီကတ်များလိုအပ်မည့် စီမံဆောင်ရွက်ချက်များ။
  3. ဝန်ထမ်းများ
    1. လေ့ကျင့်သင်ကြားရေး။ အသေးစိတ်အစီရင်ခံစာ ဒေတာများအား ဝင်ရောက်သုံးစွဲခွင့်ရှိသော အမှုထမ်းအားလုံးအနေဖြင့် လုံခြုံရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ထားပြီးကြောင်း Meta က သေချာအောင် ဆောင်ရွက်ထားသည်။
    2. စစ်ဆေးခြင်းနှင့် နောက်ခံအချက်အလက် စစ်ဆေးမှုများ။ Meta သည် ဖော်ပြပါတို့အတွက် လုပ်ငန်းစဉ်တစ်ခု ထားရှိပါသည်-
      1. အသေးစိတ်အစီရင်ခံစာ ဒေတာများအား ဝင်ရောက်သုံးစွဲခွင့်ရှိသော အမှုထမ်းများ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားအား အတည်ပြုခြင်းနှင့်
      2. တရားဥပဒေကြောင်းအရ လက်သင့်ခံနိုင်ပါက သက်ဆိုင်ရာထုတ်ကုန်များအတွက် လုပ်ကိုင်နေသော သို့မဟုတ် အဆိုပါထုတ်ကုန်များနှင့် သက်ဆိုင်သည့် ကဏ္ဍရပ်များအပေါ် ပံ့ပိုးပေးနေသော အမှုထမ်းများအား Meta စံနှုန်းများနှင့်အညီ နောက်ခံအချက်အလက် စစ်ဆေးမှုများ ဆောင်ရွက်ခြင်း။
    3. အမှုထမ်းများ၏ လုံခြုံရေး ချိုးဖောက် မှု။ အသေးစိတ်အစီရင်ခံစာ ဒေတာများအား Meta ဝန်ထမ်းများက ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သုံးစွဲသော အခြေအနေတွင် တရားဥပဒေကြောင်းအရ လက်သင့်ခံနိုင်ပါက အလုပ်ထုတ်ခြင်းအပါအဝင် ထိုအတိုင်းအတာအထိ ပြစ်ဒဏ်များပါဝင်သော စည်းကမ်းပိုင်းအရေးယူမှုအား Meta က ဆောင်ရွက်ပါသည်။
  4. လုံခြုံရေးစစ်ဆေးခြင်း
    ပင်မထိန်းချုပ်မှုများအား သေချာစွာအကောင်အထည်ဖော်ခြင်းရှိမရှိနှင့် ထိရောက်မှုရှိမရှိ အကဲဖြတ်ရန်အတွက် Meta အနေဖြင့် လုံခြုံရေးဆိုင်ရာနှင့် အားနည်းချက်ဆိုင်ရာ စစ်ဆေးမှုများအား ပုံမှန်ဆောင်ရွက်ပါသည်။
  5. ဝင်ရောက်အသုံးပြုခွင့် ထိန်းချုပ်ခြင်း
    1. စကားဝှက်စီမံခန့်ခွဲရေး။ Meta အနေဖြင့် အောက်ပါအချက်များအား အနိမ့်ဆုံးထည့်သွင်းလျက် ၎င်း၏ အမှုထမ်းများအတွက် စကားဝှက်စီမံခန့်ခွဲရေး လုပ်ငန်းစဉ်များအား ချမှတ်ထားပြီး စကားဝှက်များသည် တစ်ဦးချင်းစီအတွက် သီးသန့်ဖြစ်ကြောင်းနှင့် ခွင့်ပြုချက်မရှိသူက ဝင်ရောက်သုံးစွဲနိုင်ခြင်းမရှိကြောင်း သေချာစေရန် ဖန်တီးထားသည်-
      1. အသစ်၊ အစားထိုး သို့မဟုတ် ယာယီစကားဝှက်မထုတ်ပေးခင် အသုံးပြုသူ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားအား အတည်ပြုရန် ဖန်တီးထားသော လုပ်ထုံးလုပ်နည်းများပါဝင်သည့် စကားဝှက်ဖန်တီးပေးခြင်း။
      2. ကွန်ပျူတာစနစ်များတွင် သိမ်းထားစဉ် သို့မဟုတ် ကွန်ရက်တစ်ဝန်းကူးပြောင်းစဉ်တွင် စကားဝှက်များအား ဝှက်စာဖြင့် ကာကွယ်ထားခြင်း။
      3. ရောင်းချသူများထံမှ ပုံသေစကားဝှက်များအား ပြောင်းလဲခြင်း။
      4. ရည်ရွယ်ထားသော အသုံးပြုမှုနှင့်အညီ အားကောင်းသော စကားဝှက်များနှင့်
      5. ကောင်းမွန်သော စကားဝှက်ထားရှိခြင်း အလေ့အကျင့်များကို ပညာပေးခြင်း။
    2. ဝင်ရောက်အသုံးပြုခွင့် စီမံခန့်ခွဲခြင်း။ Meta သည် ၎င်း၏အမှုထမ်းများ ၎င်း၏စနစ်အတွင်းသို့ ဝင်ရောက်မှုအား အောက်ပါတို့ကို အသုံးပြုပြီး ထိန်းချုပ် စောင့်ကြည့်ပါသည်-
      1. အပိုစောင့်ဆိုင်းရခြင်းမရှိဘဲ ဝင်ရောက်အသုံးပြုခွင့်များနှင့် အသုံးပြုသူအိုင်ဒီများအား ပြောင်းလဲခြင်းနှင့် ရုပ်သိမ်းခြင်းအတွက် သတ်မှတ်ထားရှိသော လုပ်ထုံးလုပ်နည်းများ။
      2. ချိုးဖောက်ခံထားရသော ဝင်ရောက်ခွင့် လျှို့ဝှက်အချက်အလက်များ (စကားဝှက်များ၊ တိုကင်များ စသည်ဖြင့်) အား တိုင်ကြားရန်နှင့် ရုပ်သိမ်းရန် သတ်မှတ်ထားရှိသော လုပ်ထုံးလုပ်နည်းများ။
      3. သက်ဆိုင်ရာနေရာများတွင် အသုံးပြုသူအိုင်ဒီနှင့် အချိန်ကာလများဖြင့် အပါအဝင် သင့်တော်သော လုံခြုံရေးမှတ်တမ်းများအား ထိန်းသိမ်းခြင်း။
      4. နာရီများအား NTP နှင့် ချိန်ကိုက်ခြင်းနှင့်
      5. အောက်ပါ အသုံးပြုသူများ၏ ဝင်ရောက်မှုအပေါ် စီမံခန့်ခွဲသည့် အနိမ့်ဆုံးလုပ်ဆောင်ချက်များအား မှတ်တမ်းတင်ခြင်း-
        • ခွင့်ပြုချက်ရယူခြင်းဆိုင်ရာ အပြောင်းအလဲများ။
        • မအောင်မြင်သောနှင့် အောင်မြင်သော အထောက်အထားစိစစ်ခြင်းနှင့် ဝင်ရောက်ရန်ကြိုးပမ်းမှုများနှင့်
        • ဖတ်၊ ရေး လုပ်ငန်းစဉ်များ။
  6. ဆက်သွယ်မှုများ၏လုံခြုံရေး
    1. ကွန်ရက်လုံခြုံရေး
      1. Meta သည် ကွန်ရက်ခွဲခြားခြင်းအတွက် လုပ်ငန်းနယ်ပယ်၏ စံနှုန်းများနှင့်ကိုက်ညီသော နည်းပညာများကို အသုံးပြုထားပါသည်။
      2. Meta စနစ်များသို့ အဝေးကွန်ရက်မှ ဝင်ရောက်ရန်အတွက် လုံခြုံအောင်ပြုလုပ်ထားသော လုပ်ထုံးလုပ်နည်းများမှတစ်ဆင့် လျှို့ဝှက်စနစ်သုံးထားသော ဆက်သွယ်မှုများနှင့် အဆင့်ဆင့် အထောက်အထားစိစစ်ခြင်းအား အသုံးပြုခြင်းတို့ကို လိုအပ်သည်။
    2. အကူးအပြောင်းအတွင်း အချက်အလက်များအား ကာကွယ်ခြင်း။ အများသုံးကွန်ရက်များအတွင်း ကူးပြောင်းနေစဉ် အချက်အလက်များ၏ လျှို့ဝှက်ထိန်းသိမ်းရေးအား ကာကွယ်ရန် ဖန်တီးထားသည့် သင့်တော်သော လုပ်ထုံးလုပ်နည်းများအား အသုံးပြုမှုကို Meta က သတ်မှတ်ပြဋ္ဌာန်းပါသည်။
  7. အားနည်းချက်အပေါ် စီမံခန့်ခွဲခြင်း
    Meta သည် သက်ဆိုင်ရာထုတ်ကုန်များ အကျုံးဝင်သည့် အားနည်းချက်စောင့်ကြည့်ရေး၊ အားနည်းချက် အန္တရာယ်ရှိနိုင်ခြေ အကဲဖြတ်ချက်နှင့် ကွန်ပျူတာပရိုဂရမ် အပြောင်းအလဲများအား ထိရောက်စွာအသုံးချရေးတို့အတွက် အခန်းကဏ္ဍများနှင့် တာဝန်များဆိုင်ရာ ဖွင့်ဆိုသတ်မှတ်ချက်များ ပါဝင်သော အားနည်းချက် စီမံခန့်ခွဲရေးအစီအစဉ်တစ်ခုအား ဖန်တီး၍ ထိန်းသိမ်းဆောင်ရွက်သည်။
  8. လုံခြုံရေးဖြစ်ရပ်အပေါ် စီမံခန့်ခွဲခြင်း
    1. Meta သည် အသေးစိတ်အစီရင်ခံစာ ဒေတာများအပေါ် သက်ရောက်မှုရှိသည့် ဖြစ်နိုင်ခြေရှိသော လုံခြုံရေးဖြစ်ရပ်များအား စောင့်ကြည့်ရန်၊ ရှာဖွေရန်နှင့် ကိုင်တွယ်ရန်အတွက် လုံခြုံရေးဖြစ်ရပ်အပေါ် တုံ့ပြန်ရေးအစီအစဉ်တစ်ခုအား ထိန်းသိမ်းထားလျက်ရှိပါသည်။ လုံခြုံရေးဖြစ်ရပ်အပေါ် တုံ့ပြန်ရေးအစီအမံတွင် အနည်းဆုံးအနေဖြင့် အခြေခံအကြောင်းရင်းစိစစ်ချက်နှင့် ကုစားရေးအစီအမံများအပါအဝင် အခန်းကဏ္ဍများနှင့် တာဝန်များဆိုင်ရာ ဖွင့်ဆိုသတ်မှတ်ချက်များ၊ ဆက်သွယ်ရေးနှင့် စီမံချက်ပြီးဆုံးချိန်တွင် စီမံချက်၏ အားသာမှု နှင့် အားနည်းမှုများစစ်ဆေးခြင်းဆိုင်ရာ သုံးသပ်ချက်များ ပါဝင်သည်။
    2. Meta သည် အသေးစိတ်အစီရင်ခံစာ ဒေတာများအပေါ် သက်ရောက်မှုရှိသည့် လုံခြုံရေးချိုးဖောက်မှုနှင့် ထိခိုက်ပျက်စီးစေနိုင်သော လုပ်ဆောင်ချက်မှန်သမျှကို စောင့်ကြည့်ပါသည်။

စတင်အကျုံးဝင်သည့် ရက်စွဲ- ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်