Photos
Posts

အရှိန်မထိန်းနိုင်ဘဲ ယာဉ်နှစ်စီးချိတ်မိရာမှ ယာဉ်နှစ်စီးလုံး မီးလောင်ကျွမ်းမှုဖြစ်ပွား

ကျောက်တံခါး ဇွန် ၂၇

ဇွန် ၂၀ ရက် နံနက် ၂ နာရီ ၃၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ်၊ ရန်ကုန် မန္တလေး ပုံမှန်လမ်း၊ မိုင်တိုင် ၁၁၉/၁ နှင့် ၂ ကြား ကျောက်တံခါး မြို့နယ်၊ ကျွန်းကုန်းကျေးရွာအနီး ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ သံချောင်းများ တင်ဆောင်လျက် ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ၂၂ ဘီး အနက်ရောင် ယာဉ်မှာ လမ်းဘေးတွင် ရပ်ထားခဲ့စဉ် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ)ေ...မာင်းနှင်လာသည့် ယာဉ်အမှတ် (စုံစမ်းဆဲ) စားအုန်းဆီပီပါများ တင်ဆောင်လာသည့် ၂၂ ဘီး အဖြူရောင် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ဘေးမှဝင်ရောက် ချိတ်မိခဲ့၍ ယာဉ်နှစ်စီးလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ယာဉ်မောင်းနှစ်ဦးမှာ အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့ ပြီးခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မနရမှူး (ကျောက်တံခါး) ရဲမှူး၊ကျောက် တံခါးမြို့မရဲစခန်းမှ စခန်းမှူး၊

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_8446.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
No automatic alt text available.

ထိုင်းမှာ ယာယီနေထိုင် အလုပ်လုပ်ခွင့် ထုတ်ပေးမယ်

မဟာချိုင် ဒေသမှာ အစမ်းသဘော စတင် လုပ်ပေးမယ်

ထိုင်းနိုင်ငံ မဟာချိုင် ဒေသမှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ယာယီ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် လက်မှတ်ကို ဇူလိုင် ၃ဝ ရက်နေ့က စပြီး ရက်ပေါင်း ၃ဝ အတွင်း ထိုင်း စစ်အစိုးရက ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

...

ဆေးစစ်ခနဲ့ အခမဲ့ ဆေးကုသခွင့် အလုပ်လုပ်ခွင့် အပါအဝင် အသက်သာဆုံးနဲ့ အလွယ်ကူဆုံး ဆောင်ရွက်ပေးမယ့် အစီအစဉ်အရ တစ်ယောက်ကို ဘတ်ငွေ ၂၅ဝဝ နီးပါး အလုပ်သမားတွေ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_2419.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
No automatic alt text available.

လက်ပံတောင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရ

သောကြာနေ့၊ ဇွန်လ ၂၇ ရက်၊ ၂၀၁၄ ခုနှစ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် တာဝန်ထမ်းဆောင် နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို အမျိုးသမီးတစ်ဦးက အရိုးအသွား ရှစ်လက်မခန့်ရှိ ကြက်သွန်လှီးဓားဖြင့် ထိုးသည်ဟုဆိုကာ ဆားလင်းကြီး မြို့မရဲစခန်းက ကျူးလွန်သူကို ဇွန် ၂၅ ရက်က အမှုဖွင့် ဖမ်းဆီးလိုက်သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။

...

ဓားဖြင့် ထိုးခံရသူမှာ ရဲတပ်ဖွဲ့ဝင်မှာ အမှတ်(၂၈)မှ ရဲတပ်ဖွဲ့ဝင် ကိုယ်ပိုင်အမှတ် လ/၁၉၄၉၁၃ ရဲတပ်သား ထွန်းတင် ဆိုသူဖြစ်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုံခြုံရေးကင်းအမှတ် 8MCC နေရာရှိ ဘား တိုက်ရှေ့တွင်ထိုင်နေစဉ် အမျိုးသမီးတစ်ဦး၏

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_1490.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
No automatic alt text available.

ဆမ်ဆောင်းအရောင်းမြှင့်ရန် 2NE1 ဖျော်ဖြေမည်

By ဇွဲဉာဏ် ဆွေမွန်

-တောင်ကိုရီးယားနိုင်ငံ ၏ ထုတ်ကုန်တစ်ခုဖြစ်သော ဆမ် ဆောင်းက ၎င်းတို့၏ ကုန်ပစ္စည်း များကို အရောင်းမြှင့်တင်ရန် နာ မည်ကျော်ကေပေါ့ပ်အဖွဲ့ 2NE1 ဖျော်ဖြေပွဲကို ရန်ကုန်တွင် ပြုလုပ်သွားရန် စီစဉ်လျက်ရှိသည်။

...

‘‘ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေ ကို ဇူလိုင်လဆန်းမှာ ထုတ်ပြန် ပေးမှာပါ။ သေချာတာကတော့ သြဂုတ် ၂ ရက်မှာ 2NE1 က မြန် မာနိုင်ငံမှာလာပြီး ဖျော်ဖြေပေးမှာ ပါ’’ ဟု ဆမ်ဆောင်း (မြန်မာ) ကုမ္ပဏီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းဖျော်ဖြေပွဲကို ဘိုဘိုအင်တာတိန်းမင့်မှ ပူးပေါင်းစီစဉ်တင်ဆက်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အနုပညာရှင်အချို့ပါဝင်မည်ဖြစ်ကာ အသေးစိတ်အစီအစဉ်များကိုမူ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/2ne1.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
Image may contain: 3 people

ကြပ်ကြပ် သတိထား

ကျွန်မတို့ ကလေးဘဝက အမှားလုပ်မိတဲ့ အခါ ဒါမှ မဟုတ် ကြောက် ရကောင်းမှန်း မသိ အန္တရာယ်ရှိတဲ့ အလုပ်မျိုး လုပ်မိတဲ့အခါ လူကြီးတွေက ဒဏ်ပေးရင် ကြိမ်းမောင်း လေ့ရှိတဲ့စကား ‘ကြပ်ကြပ်သတိထား’တဲ့။ အခု ဒီအသက်အရွယ် ရောက်မှ အိမ်ထဲက အိမ်ပြင်ထွက်ခါနီး၊ ရန်ကုန်မြို့ထဲ သွားခါနီး ကိုယ့်ကိုယ်ကိုယ် သတိပေး မိနေတယ်။ သတိထား၊ ကြပ်ကြပ်သတိထားလို့။

မြန်မာဓလေ့ အခေါ်အဝေါ် တွေထဲမှာ အထက်အရပ်ကို အညာ။ အောက်အရပ်ကိုအကြေ။ မန္တလေးမြို့ အနီးအနားမှာနေသူ တွေကို အညာသူအညာသားပေါ့။ မန္တလေးအောက် ရန်ကုန်ဒေသ သားတွေက ...အောက်သားပေါ့။ အဲဒီလိုဒေသကိုခွဲပြီးခေါ်ကြတယ်။‘ဒဂျဲ’ဆိုတဲ့ရွာငယ်လေးကိုတော့ စာဖတ်သူများ ကြားဖူးမယ်မထင် ပါ။ မျက်စိထဲမြင်သာအောင်ပြောရရင်တော့ မန္တလေးအထက် ပုဂံညောင်ဦးနယ်ကပါ။ ဘုရားမီး ပူဇော်တော့ ဖယောင်းတိုင်။ ညအခါ မိသားစုထမင်းလက်ဆုံစားတော့ အလင်းရောင်မှိန် ဖျော့ဖျော့ရေနံဆီမီးခွက်။ ကားလမ်း မပေါက်၊ တယ်လီဖုန်းတိုင်မရှိ၊ လျှပ်စစ်မီးမသိတဲ့အရပ်။ လျှပ်စစ်နဲ့သုံးရတဲ့ ပစ္စည်းဘာဆိုဘာမှမရှိ။

ဒါပေမဲ့ အဲဒီရွာကအညာသူ လေးတစ်ယောက်ကတော့

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_7420.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
No automatic alt text available.

စုန်း တကယ်ရှိ မရှိ

ရေးသားသူ။ ။မောင်မြေသစ်(၀ါးခယ်မ)

(၁)...
မြန်မာမှုတွင် ‘စုန်း ဟူသောအမည်ကို အားလုံးသိပြီးဖြစ်နေကြ၏၊မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသ ၊အလယ် ပိုင်း မြေလတ်ဒေသ၊အထက်ပိုင်အညာမြေနှင့် တောင်တန်းဒေသများ အထိ ‘စုန်း’ ‘စုန်းပညာ’ ‘စုန်းမ’စသည့်အမည်နာမများကို လူကြီးသူမတို့ပြောပြမှုများကြောင့် ကလေး အရွယ်ကပင်နားယဉ်နေပေပြီ။ နားယဉ်ရုံမျှမက အချို့လည်း ကိုယ်တွေ့ကြုံခဲ့ရသူများရှိ၏။’စုန်း’ ဟု ဆိုသည်နှင့် ပြုစားသည်ဟုမှတ်ချက်ပြုပြီးဖြစ်သည်။ ပြုစားသည်ဆိုရာတွင် အကောင်းမရှိ အဆိုသာ ရှိ၏။စုန်းပြုစားခြင်းခံရသူသည် ငိုခြင်း၊ရယ်ခြင်း၊ကြောက်လန့်ခြင်း စသည်များခံစားရသည့်ပြင် လူမမာ တယောက်ကဲ့သို့ပင် အမြဲတမ်းငြိုးငယ်နေတတ်၏။

စုန်းပြုစားပုံကလည်း နေရာဒေသအလျှောက် လူမျိုးများ၏ ဓလေ့စရိုက်များအပေါ်မူတည်ကာ တနေရာနှင့်တနေရာကွဲပြားလျှက်ရှိ၏။ သည့်အပြင်မုန်းလို့ပြုစားသည်၊ချစ်လို့ပြုစားသည်လည်း ဆိုကြ ပြန်သည်။

ယခုစာရေးသူဖော်ပြမည့်အကြောင်းအရာမှာ စာရေးသူ၏ဖခင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို ဖခင်ပြောပြခဲ့သဖြင့် မှတ်မိနေသောအကြောင်းအရာကို ပြန်လည်ရေးသားဖော်ပြ ခြင်းသာဖြစ်ပါသည်။ယခုစာပါအကြောင်းအရာထဲတွင်ဖော်ပြထားသော နံမည်များမှာ မူလအမည်များ မဟုတ်ပဲ စာရေးသူ၏စိတ်ကူးနှင့်ပေးထားသောအမည်များဖြစ်ပါသည်။ အကြောင်းအရာကသာအမှန် ဖြစ်ပါ၏။အဘယ်ကြောင့်ဟူမူ စုန်း ပြုစားခြင်းခံရသူများ၏ အဆက်အနွယ်မိသားစုများအား တစုံတရာ ထိခိုက်မည်စိုးသောကြောင့်ပင်ဖြစ်ပါ၏။

(၂)
သူဌေးကုန်းရေကျော်ရွာကလေးသည် မြစ်ဝကျွန်းပေါ်ဒေသ ၀ါးခယ်မမြို့နယ်အပိုင် ဧရာဝတီ မြစ်လက်တက်မြစ်ကြီးတစင်း၏ မြစ်ကမ်းနဘေးတွင်တည်ရှိသောရွာတရွာဖြစ်ပြီး မြန်မာဗုဒ္ဓဘာသာဝင် များနေထိုင်ရာဖြစ်ပါ၏။ သည်နေရာတွင် မြစ်ဝကျွန်းပေါ်သားတို့ တဦးနှင့်တဦး

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6916.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
Image may contain: 1 person

တပ်ကသိမ်းထားတဲ့ ဖရူးဆိုး လယ်မြေ ဧက ၂၀၀ နီးပါးကို အာဏာပိုင်တွေ ယာယီပြန်ပေး

ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ စစ်တပ်ကသိမ်းထားတဲ့ မြေတွေထဲက ဧက ၂၀၀ နီးပါးကို မြို့နယ်အုပ်ချုပ်ရေးမှူးက အခမ်းအနားကျင်းပပြီး ဒေသခံတောင်သူ ၇၉ ဦးထံ ယာယီလုပ်ပိုင်ခွင့်လက်မှတ်တွေ ဒီနေ့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ယာယီလုပ်ပိုင်ခွင့်လက်မှတ် ပြန်ရခဲ့တဲ့ မာခရော်ရှေ့ကျေးရွာက တောင်သူ ဦးသဲရယ်က ဒီလိုပြန်ပေးတာနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

...

"ယာယီချပေးတဲ့ ဒီပုံစံ ၃ အပေါ်မှာတော့ လုံးဝလုပ်ပိုင်ခွင့်အဆင့် နောက်ဆုံးအဆင့်အထိ ပေးသင့်တယ်လို့ ကျနော်ထင်ပါတယ်၊ ယာယီလောက်ပဲပေးတယ်ဆိုတော့

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_4552.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
No automatic alt text available.

စစ်တွေတွင်ဖမ်းမိသည့် ခိုးဝင်ဘင်္ဂါလီနှစ်ဦးကို ဒိုင်ယာစီပင် ထိုးဆေးများနှင့်အတူ ဖမ်းမိ

စစ်တွေမြို့ သဲချောင်း ဘင်္ဂါလီဒုက္ခသည်စခန်းအနီးရှိ သဲချောင်းထဲသို့ စက်လှေတစ်
စီး ခိုးဝင်လာ၍ လိုက်လံဖမ်းဆီးရာခြောက်ဦး လွတ်မြောက်သွားပြီး နှစ်ဦးကိုဒိုင်ယာစီပင်
ထိုးဆေးများနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်းစစ်တွေမြို့မရဲစခန်းမှ သတင်းရရှိသည်။

...

ဇွန်လ ၂၆ ရက် ညကိုးနာရီ ခန့်က စစ်တွေမြို့တွင် မိုးသည်း ထန်စွာရွာသွန်းနေပြီး သဲချောင်း အတွင်း လူရှစ်ဦးတင်လာသည့် စက်လှေခိုးဝင်လာခဲ့သောကြောင့် လုံခြုံရေးစောင့်နေသည့် အမှတ် (၄)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ် တွေမြို့မရဲစခန်းမှ ဒုတိယရဲမှူး သန်းလှိုင်က ပြောသည်။

‘‘သဲချောင်းကနေ အမှောင် ထုကိုအသုံးချပြီး ဖြတ်ဝင်လာ တာ။ အဲဒီအချိန်က မိုးကမှောင် နေတာ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_7077.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
Image may contain: text

မဟာသန္တိသုခ အမှုရုံးချိန်း (ရုပ်/သံ)

မဟာသန္တိသုခ ကျောင်းတိုက်က သံဃာ ၅ ပါးကို သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆို ထားတဲ့ အမှုဟာ သာသနာတော် တခုလုံးနဲ့ သက်ဆိုင်နေတဲ့ အတွက် အမှုမှန် ပေါ်ပေါက်တဲ့ အထိ ဘက်မလိုက်ဘဲ သေသေ ချာချာ စစ်ဆေးဖို့ လိုအပ်တယ်လို့ တရားစွဲ ခံထားရတဲ့ ဆရာတော် ဦးဥတ္တရက မိန့်ကြား လိုက်ပါ တယ်။

ဒီကနေ့ ရန်ကုန် တာမွေမြို့နယ်တရားရုံးမှာ ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးအမှုကို

...

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_7712.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
Image may contain: 1 person

ဆွာရက်စ် ကိုက်တယ်။ ဘာလို့ ကိုက်လဲ ? Psychologist တွေအတော်များများက ချယ်ဆီး နဲ့ ပွဲစဉ်ပြီးကတည်းက ဆွာရက်စ် ဟာ စိတ်ရောဂါ အခံရှိတာကြောင့် ကုသမှုလိုတယ်လို့ အသေအချာပြောထား

၎ လ နိုင်ငံတကာပွဲ ၉ ပွဲ ၊ ကလပ်ပွဲက ပရီးမီးယားလိဂ် ၉ ပွဲ ၊ ချန်ပီယံလိဂ် ၃ ပွဲ ၊ လိဂ်ဖလား ၁ ပွဲ အားလုံးပေါင်း ၁၃ ပွဲ ပယ်ခံရတယ်။ ဆွာရက်စ် သူမှားလို့ သူပြစ်ဒဏ် ခံရတာမပြောလို။ လေ့ကျင့်ခန်း ကော ၊ ကစားကွင်း အတွင်းပါ မ၀င်ရဆိုတာတော့ နည်းနည်းများသွားပြီ။

ဒီနေရာမှာ အင်္ဂလိပ်မီဒီယာတွေ သတင်းအပြိုင်အဆိုင်တင်တာချင်းအတူတူတောင် ဝေဖ...န်ထောက်ပြတာထက် ရှုတ်ချတဲ့ သတင်းတွေကပိုများသလို ဖေ့ဘုတ်တခွင် နိုင်ငံတကာမှာလည်း ဒီဖြစ်ရပ်တစ်ခုတည်းကိုသာ ဇောင်းပေးပြီးအသားပေးဖော်ပြတယ်။ ဘီဘီစီ က Pat Navan နဲ့  အဲဗာတွန်နည်းပြ Martinez တို့ က ဆွာရက်စ် ဟာ စိတ်ပိုင်းဆိုင်ရာအကူအညီလိုနေတဲ့သူဖြစ်ကြောင်းထောက်ပြတာကလွဲလို့  ကျန်တဲ့သူအတော်များများ အခွင့်အရေးရတုန်းဆွမ်းကြီးလောင်းဆိုသလို ၂ နှစ်ပယ် တွေဘာတွေဆိုကြတယ်။

ဆွာရက်စ် ကိုက်တယ်။ ဘာလို့ ကိုက်လဲ ? Psychologist တွေအတော်များများက

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/psychologist.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
Image may contain: 1 person

သစ်ခိုးထုတ်မှုတွေ ရှိနေဆဲဟု မြန်မာသစ်တော ဒုဝန်ကြီးဝန်ခံ

မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတိုင်းမှာ သစ်ခိုးထုတ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒီနေ့ ပြောပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမြင့်က နယ်စပ်ဒေသတွေမှာ သစ်ခိုးထုတ်နေတာတွေကို ဟန့်တားကာကွယ်နိုင်ဖို့အတွက် လုံခြုံရေးအစီအစဉ်တွေ ချမှတ်ထားနိုင်တာ ရှိ၊ မရှိ မေးမြန်းရာ ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က အခုလိုဖြေကြားခဲ့တာဖြစ်ပ...ါတယ်။

"တရားမဝင် သစ်ခိုးထုတ်မှုပေါ်မှာ သစ်တောဦးစီးဌာနက တည်ဆဲဥပဒေများနဲ့အညီ အရေးယူဆောင်ရွက်သလို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_533.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
No automatic alt text available.

ကေတီဗွီ မာဆတ် လိုင်းကြေးယူသည့် ရဲများကို အရေးယူမည်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ၃ နှစ်အတွင်း အနှိပ်ခန်းနဲ့ ကေတီဗွီ၊ လောင်းကစားဒိုင်တွေမှာ လာဘ်ပေးလာဘ်ယူ လုပ်တာ အပါအ၀င် ရဲတပ်ဖွဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖောက်သူ အရာရှိ ၄၃၃ ယောက်နဲ့ အခြားအဆင့် ၂၁၂ ယောက်၊ စုစုပေါင်း ၆၄၅ ယောက်ကို အရေးယူခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။

ဇွန်လ ၂၇ ရက် ကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမရပူရအမတ် ဦးသိန်းထွန်းဦးက အနှိပ်ခန်းတွေ ကေတီဗွီတွေကို

...

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_5153.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
Image may contain: one or more people, people dancing, people standing and wedding

မောင်းနင်လာသည့်ရထားအား ဆိုင်ကယ်ဖြင့်ဝင်တိုက်မိရာမှ ဆိုင်ကယ်သမားသေဆုံး

မုံရွာ၊ ဇွန် ၂၈

မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးနှင့် ဗညားဒလ လမ်းဆုံနေရာတွင် ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်က မောင်းနင်လာသည့်ရထားအား ဆိုင်ကယ်ဖြင့်တိုက်မိရာမှ ဆိုင်ကယ်သမားသေဆုံးသွားခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်ညွှန့်မှ ပြောပြသည်။

...

မုံရွာ - တင်တိန်ရံ လူစီးအဆန်ရထား စက်ခေါင်းအမှတ် (DMG – 206) ရထားအား စက်ခေါင်းမောင်း ဦးသန်းကြွယ်မှ မောင်နှင်လာစဉ် LUOJIAI 125 အမျိုးအစား၊ ယာဉ်အမှတ် ၂၉ယ/ ၁၇…. ဆိုင်ကယ်သည် ဗညားဒလလမ်းအတိုင်း

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6319.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
No automatic alt text available.

သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲဆက်ဖြစ်ပွား အစိုးရတပ်မတော်ဘက် သေဆုံးမှုများ

ဂျွန် ၂၇ ရက် ၂၀၁၄

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ရင်း ၆၄၁၊ ၇၆၆ နှင့် အစိုးရ တပ်မတော် ခလရ ၂၄၇ တို့ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း ရင်ဆိုင်တိုက်ပွဲများ ယနေ့ဆက်ဖြစ်ရာ အစိုးရတပ်မတော်ဘက် ၈ ဦးသေဆုံးသည်ဟု ဒေသအတွင်း သတင်း ရပ်ကွက်ကပြောသည်။

...

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့နယ် ဝမ့်ဝပ်အုပ်စု တာ့ဖါဆောင် ရွာ(တံတား - ယမန်နေ့ကဖြစ်ပွါးခဲ့သောတိုက်ပွဲ) တောင်ဘက် တမိုင်ခွဲအကွာ လွယ်ခေါ်ရွာ အနီး၌ ယနေ့(ဂျွန် ၂၇ ရက် ၂၀၁၄) နံနက် ၁၁.၃၀ နာရီ ၁၃.၃၀ နာရီခန့်အထိ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်ဘက် ၈ ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရှိသည်ဟု ကျေးသီးမြို့အခြေစိုက် ခလရ ၁၃၁ တပ်ဆေးမှူး အသိုင်း အဝိုင်းက ပြောသည်။

“ကျနော်တို့က တာ့ဖါဆောင်တံတားစခန်းမှာ စစ်ကူသွားပေးမလို့လေ။ အဲဒီစစ်ကြောင်းက ကျနော်တို့ ဦးတည်သွားနေတဲ့ဘက်ကို လှည့်လာတော့ တိုက်ပွဲဖြစ်သွားတာ။ ကျနော်တို့ဘက်က တယောက်ဒဏ်ရာ ရတယ်။ သူတို့ဘက် လက်နက်ကြီးတွေ

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_6731.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
Image may contain: one or more people and outdoor

ဗိုလ်ချုပ်ကြီးစိုးဝင်း အတ္ထုပ္ပတ္တိစာအုပ် ထွက်လာ ဒီပဲယင်းအရေးအခင်းအကြောင်း ဖော်ပြမှု အငြင်းပွားဖွယ်ရာများ ပါဝင်နေ

၂၀၀၃ မေ ၂၅ရက်က ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းနှင့် ယာဉ်တန်းကို လိုက်လံနှောင့်ယှက်နေသူများ(ဓာတ်ပုံ− burmalibrary.org)

လွန်ခဲ့သော ခုနစ်နှစ်ခန့် က ကွယ်လွန်သွားခဲ့သည့် နိုင်ငံ တော်ဝန်ကြီးချုပ်ဟောင်း ဗိုလ် ချုပ်ကြီးစိုးဝင်းအကြောင်း ရေး သားထားသည့် ‘မမျှော်လင့်သော ခရီးရှည်’ဟု အမည်ပေးထားသည့် စာအုပ် ယခုရက်ပိုင်းအတွင်း ထွက်ရှိလာသည်။

...

ဗိုလ်ချုပ်ကြီးစိုးဝင်းနေရာ တွင် စာရေးဆရာ မြင့်သူက (First Person) ပုံစံဖြင့် ၀င်ရောက်ရေး သားထားခြင်းဖြစ်ပြီး အတ္ထုပ္ပတ္တိ စာအုပ်အတွက် ကာယကံရှင်နှင့် နီးစပ်ခဲ့သည့် လူ ၁၀၀ ခန့်ကို တွေ့ ဆုံမေးမြန်းပြီးမှ ရေးသားခဲ့ခြင်း ဖြစ်ကြောင်း စာရေးဆရာ မြင့်သူ က စာအုပ်မိတ်ဆက်တွင် ရေး သားထားသည်။

သာမန်တပ်မတော် အရာရှိ ငယ်ဘ၀မှ ၀န်ကြီးချုပ်ဖြစ်လာ သူတစ်ဦး၏ ဘ၀ဖြတ်သန်းမှုကို အသေးစိတ် ရေးသားထားပြီး လူသိနည်းသည့် ကိစ္စအချို့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများဖြင့် ရေးသားထားသည်။

ပြည်တွင်းစစ်ကာလအတွင်း တပ်မတော်သားတစ်ဦး၏ ဖြတ် သန်းမှု၊ ရှစ်လေးလုံးအရေးအခင်း အပါအ၀င် သူကြုံတွေ့ ဖြေရှင်းခဲ့ ရသော အရေးအခင်းများ၊ နာ မည်ကျော် ဒီပဲယင်းအရေးအခင်း

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_4313.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
Image may contain: 1 person, standing and outdoor

ကျွန်န်ုပ်နှင့် သရဲခြောက်သော ၀ါးရုံတော

(၁)

အချိန်ကာလကား လမိုက်ည သန်းခေါင်ယံ ။ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထုက တိတ်ဆိတ်စွာ ကြီးစိုးနေ၏ ။ နွေဦးပေါက်မို့ တစ်ချက်တစ်ချက် တိုက်ခတ်သော လေတိုးသံမှအပ မည်သည့်အသံမျှ မကြားရပေ ။ သက် ကယ်သောင် ရွာကလေးကား အမှောင်ထုအောက်ဝယ် တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေလေ၏ ။ ရွာတောင် ဖက်တွင်ရှိသော သင်္ချိုင်းကုန်းမှ ဆွဲဆွဲငင်ငင် အူလိုက်သော ခွေးအူသံကြောင့် ခြောက်ခြားဖွယ် အလွန် ကောင်း လှပေ၏ ။ ထိုအခိုက် မပီဝိုးတ၀ါး လမိုက်ညတွင် မဲမဲသဏ္ဍာန်နှစ်ခုက ရွာတောင်ဖက် သင်္ချိုင်...းအလည်မှ တရွေ့ ရွေ့သွားနေ၏ ။ သက်ကယ်သောင်ရွာနှင့် ရွာသင်္ချိုင်းကြားတွင် လွန်စွာရှည်လျှားသော ၀ါးရုံတော ကြီးတစ်ခု ရှိလေ၏ ။ ထိုဝါးရုံတောနှင့် ရွာကလေးကလည်း အတော်အလှမ်းဝေး၏ ။ မဲမဲသဏ္ဍာန်နှစ်ခုကား သင်္ချိုင်းကို လွန်မြောက်ပြီးနောက် ၀ါးရုံတောကြီးအောက်သို့ ရောက်ရှိလာ၏ ။ ကွမ်းတစ်ယာညက်ခန့် ကြာသော အခါ ၀ါးရုံတောကြီးသည် တဝေါဝေါမြည်ကာ သွက်သွက်ခါအောင် လှုပ်ယမ်းလာချေ၏ ။ ထိုသို့ ဖြစ်ပြီး မကြာမီမှာ ပင် မဲမဲသဏ္ဍာန်နှစ်ခုသည် သက်ကယ်သောင်ရွာဆီသို့ ပြေးထွက်သွားလေ၏ ။

” ကယ်ကြပါဦးဗျို့… ကယ်ကြပါဦး.. သ…သရဲ ခြောက်လို့ဗျို့ “

အမောတကော ပြေးဝင်လာပြီး အော်ဟစ်နေကြသော အသံများကြောင့် တစ်ရွာလုံးလိုလို နိုးလာလေသည် ။ ထို့ နောက် မီးအိမ်လေးတွေကိုင်ပြီး ရွာလယ်လမ်းမသို့ ထွက်လာကြ၏ ။

” အလို ထွန်းခင်နဲ့ ညိုအေးတို့ပါလား ” ရွာလူကြီး ဦးအေးမောင်က လှမ်းမေးလိုက်သည် ။

” ဟေ့ ဘာဖြစ်လာကြတာတုန်း ညကြီးမင်းကြီး အလန့်တကြားနဲ့ “

” ဟို…ဟို…”

ထိုနှစ်ယောက်ကား ရုတ်တရက် ပြန်မဖြေနိုင်ရှာပေ ။ မောဟိုက်လွန်း၍ အသက်ကို မနဲ ရှုရှိုက်နေရ၏ ။

” ကဲကဲ သူတို့ကို ရေတိုက်လိုက်ပါဦး ” အတော်ကြာအမော ဖြေစေပြီးမှ ထွန်းခင်က

” ဟို ဟို ကျွန်တော်တို့နှစ်ယောက်က ကိုင်းဖိုးငွေတွေ သွားချေတာပါ အဲဒါ ရှစ်ဆိပ်ရွာကနေ အပြန် ရွာ သင်္ချိုင်း လည်း ဖြတ်ပြီးဝါးရုံတောလည်း ရောက်ရော ၀ါးရုံတောကြီးက လေမတိုက်ပဲနဲ့ တဝေါဝေါ မြည်လာတယ် ပြီးတော့ ၀ါးရုံ ပင်ကြီးတွေက ကျွန်တော်တို့ နှစ်ယောက်နောက်ကို လိုက်လာလို့ ကျွန်တော်တို့ အသက်လုပြီး ထွက်ပြေး လာရတာပါ “

” ဟေ.. ဟုတ်လို့လားကွာ ငါတို့ရွာမှာ ဒီလို အဖြစ်မျိုး တစ်ခါမှ မကြားဖူးပါဘူး “

ရွာသားအားလုံး တအံ့တသြနှင့် အထိတ်တလန့် ဖြစ်ကုန်ကြ၏ ။

” ဟယ် ၀ါးရုံတောက သရဲခြောက်တယ်တဲ့ အောင်မလေး “

တစ်ယောက်တစ်ပေါက်ဆူညံကြကုန်၏ ။

” ကဲကဲ ဒါဆိုလည်း လူစုပြီး ၀ါးရုံတောကို သွားကြည့်ကြရအောင် “

” ဟို …ဟို.. ကျွန်တော်တို့တော့ ပြန်မလိုက်ရဲကြတော့ဘူး “

“အေး မင်းတို့ နှစ်ယောက်နေခဲ့ ကျန်တဲ့ ကာလသားတွေ ငါနဲ့လိုက်ခဲ့ “

သူကြီး ဦးအေးမောင် နောက်သို့ ကာလာသများ စုရုံးစုရုံးလိုက်သွားကြသည် ။ ၀ါးရုံတောသို့အရောက် ခြေလှမ်း တိုင်း လိုလိုက နှေးသွားကြလေသည်။ အမှောင်ထုအောက်ဝယ် ၀ါးရုံတောကြီးကား မိစ္ဆာ ကောင်ကြီး ထိုင်နေ သည့် နှယ် ။ အချို့ ကားကြောက်လွန်း၍ မျက်စိမျက်နှာများပင် ပျက်၍ နေပေသည် ။

လူအုပ်ကြီးက ၀ါးရုံပင်ကို တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေလေ၏ ။ တစ်နာရီခန့်ကြာသော်

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/06/blog-post_1833.html

အခြား သတင်းထူးများအား https://www.facebook.com/ygnnews ကို နှိပ်၍ ဖတ်ရှုနိုင်ပါသည်။ သတင်းအသစ်တင်တိုင်း Facebook မှ ဖတ်လိုပါက ၎င်း Page ကို Like လုပ်ထားပေးပါ။

See More
No automatic alt text available.