Facebook
Log In

Nyein Aye Eain's post


Nyein Aye Eain

May 9, 2021  · Shared with Public
ကျွန်တော် အလုပ်လုပ်နေတုန်း ကဗျာဆရာ ကိုခက်သီ ကျဆုံးတဲ့ သတင်းတွေတက်လာပါတယ်။ မျက်ရည်ဝဲရပါတယ်။
မနေ့က ဖမ်းခေါ်သွားတယ်။ ၂၄နာရီမပြည့်ခင် ပြန်ရလိုက်တာက ခင်ဗျားရဲ့ DB တဲ့လားဗျာ။ အမှောင်ခေတ်ကြီးထဲမှာ တရားမဲ့ လူအသတ်ခံရခြင်းတွေက တရားဝင်နေသတဲ့လား။
မြေပုံပေါ်မှာ ခင်ဗျားဇာတိ မြို့ကလေးရဲ့ နာမည်အမှတ်အသားမှာ ခင်ဗျားနာမည်ထိုးလို့ အလေးပြုလိုက်ပါတယ်။
.........
သူတို့က ခေါင်းကိုပစ်တယ်၊
တော်လှန်ရေးက နှလုံးသားမှာရှိတာ
သူတို့ မသိကြဘူး။
(ခက်သီ)
All reactions:
4.4K
20 comments
1K shares
Like
Comment
Most relevant

Author
Nyein Aye Eain
#ရှင်သန်ခြင်းရှင်းတမ်း
#ခက္သီ
သူရဲကောင်းလည်း မဖြစ်ချင်ဘူး
အာဇာနည်လည်းမဖြစ်ချင်ဘူး
ပျော့ညံ့သွေးကြောင်သူလည်း မဖြစ်ချင်ဘူး ။
မိုက်ရူးရဲလည်း မဖြစ်ချင်ဘူး
တွေဝေခြောက်ခြားသူလည်း မဖြစ်ချင်ဘူး
ကိုယ့်ကိုယ်ကို ပြန်အရှက်ရသူလည်း မဖြစ်ချင်ဘူး ။
လျာဖြတ်ခံရတဲ့ပြောရေးဆိုခွင့်ကို ကြုံဖူးတယ်
အကျဉ်းချခံရတဲ့ လူ့အခွင့်အရေးတွေ နေဖူးတယ်
သားကြောဖြတ်ခံရတဲ့ နေရက်တွေနဲ့ ရှင်သန်ဖူးတယ်
ငါတို့ ငရဲကို ငါတို့နဲ့ပဲ အဆုံးသတ်ချင်တယ် ။
ရေပေါ်ဆီ နိုင်ငံရေးသမားမဖြစ်ချင်ဘူး
စိတ်ကူးယဉ်ကဗျာဆရာ မဖြစ်ချင်ဘူး
အဓမ္မဝါဒကို ထောက်ခံတဲ့လူတယောက်မဖြစ်ချင်ဘူး ။
ရှင်သန်မှုဟာ တမိနစ်ပဲကျန်တော့မယ်ဆိုရင်
အဲ့ဒီတမိနစ်ကိုတောင် လိပ်ပြာသန့်သန့်နေချင်တယ် ။ ။
#ခက္သီ
14.2.2021
  • 4y
283
Author
Nyein Aye Eain
"ငါသေနတ်မပစ်တတ်ဘူး"
........
ငါ သေနတ်မပစ်တတ်ဘူး
ငါ့လက်က ဂစ်တာတီးခဲ့တာ။
ငါ သေနတ်မပစ်တတ်ဘူး
ငါ့လက်က ကဗျာပဲရေးတတ်တာ။
ငါ သေနတ်မပစ်တတ်ဘူး
ငါ မွေးနေ့ကိတ်ပဲ အလှဆင်တတ်တာ ။
အခု ငါ့လူတွေ သေနတ်ပစ်ခံရတယ်
ငါကတော့ ကဗျာနဲ့ပဲ ပြန်ပစ်နိုင်ခဲ့တယ်
အဲ့ဒါဟာ မမျှတဘူးလို့ ခံစားနေရတယ်
လိပ်ပြာမလုံဘူးလို့ တွေးရိပ်ထင်နေတယ်
ငါ သေနတ်ပစ်မယ်
ငါ သေနတ်ပစ်မယ်
ပါးစပ်နဲ့မရတာ သေချာတဲ့အခါ
သေနတ်ကို သေသေချာချာ ရွေးချယ်ရတော့မယ်
ငါ သေနတ်ပစ်မယ် ။ ။
ခက်သီ
၂၀၂၁ မတ် ၂၇
ဖက်ဆစ်တော်လှန်ရေးနေ့
  • 4y
234
Author
Nyein Aye Eain
ကစားပွဲ
........
တည့်တည့်ဝင်လာတဲ့ ဓါးကို
ပိုးသတ်ပြီးပြီးလား စစ်ဆေးနေဖို့မလို ။
ကျားခေါင်းထဲ ခေါင်းထိုးပြခဲ့ဖူး
မြွေပွေးကို နမ်းပြခဲ့ဖူး
ဆပ်ကပ်ဓားပေါက်ခန်းတွေမှာ
ဓါးဟာ လွဲမြဲ ။
ဝီလျံတေးရဲ့ မြားချက်တွေက
ပန်းသီးကိုပဲ စိုက်ဝင်မယ် ။
ငါတို့ကြုံနေတာ ဆပ်ကပ်ပွဲမဟုတ်
သားရဲတွင်းထဲက ဂလက်ဒီရေတာတွေ
ငါတို့အားလုံးဟာ ဂလက်ဒီရေတာ
ငါတို့အားလုံးဟာ စပါတာကပ်
ကျွန်ဇာတ်က လွတ်ဖို့ တလမ်းပဲ ကျန်တော့တယ် ။
လက်တည့်စမ်းနေရမယ့်အချိန် မဟုတ်ဘူး
ခြေကုန်ကစားရတော့မယ့် အချိန် ။ ။
ခက်သီ
5.2.2021
  • 4y
185
View 1 reply
Kyaw Wunna
မနှစ်ကမှ ဆေးရုံလာတက်ပြီး အရက်ဖြတ်သွားလို့ ကျန်းကျန်းမာမာနဲ့အကြာကြီးနေရတော့မယ်ဆိုပြီး ကျွန်တော်၀မ်းသာနေခဲ့တာဆရာရယ်။
  • 4y
15
Win Naung Oo
ကျနော် နဲ့ ရွယ်တူ ပါ။ ခင်ပါတယ်။ အညာလေ သံ နဲ့ သူ့ ကို ကဘိုခက် လို့ ခေါ်ရင် သိပ်သဘောကျတာ။ KZW ပြီးတော့ ခက်သီ ပေါ့။ မိသားစု နဲ့ ထပ်ထူ ဝမ်းနဲ ရ ပါတယ်။ ချောချောလည်း CDM ထင်တယ်။ ကောင်းမွန်ရာ ဘုံဘဝ ရောက်ပါစေ သူငယ်ချင်း။
  • 4y
Author
Nyein Aye Eain
ဦးလှသန်းက ခက်သီကို အိမ်မှာ
အိပ်ဖို့ ခေါ်လာတဲ့ ညက...
ငါ့ ကို မချော.. ဒါခက်သီလို့ မိတ်ဆက်ခြင်းမမည်တဲ့
ခပ်ပြတ်ပြတ် စကားနဲ့ မိတ်ဆက်တယ်
ငါက ပြန်မေးတယ်...ဟဲ့...သူကဘာလည်း လို့
ဦးလှသန်းက ခက်သီပါဆိုမှ *မလွယ်ကောင်..*
ပေါ့ကွာတဲ့
အဲ့ဒီကစပြီးသူ့ကို...ငါတို့အိမ်မှာ...မလွယ်ကောင်လို့
ရည်ညွန်းကြတယ်
မလွယ်ကောင်...မို့... ငါတို့ ခုလို....ဂုဏ်ယူနေကြ
ရပြီ
ငါဝမ်းမနည်းပါဘူး
ငါ ဂုဏ်ပြုပါတယ်
ကဗျာဆရာဆိုတာ မလွယ်ကောင်တွေချည်းပဲ
ငါတို့အားလုံးလည်း မလွယ်ကောင်တွေဖြစ်ကြစို့
အာဏာရှင်ကို မလွယ်ကြောင်းပြကြစို့
  • 4y
65
May Linn Aung
ဝမ်းနည်းလိုက်တာ သူတော်ကောင်းတွေ အသက်ပေးရပြန်ပြီ 😭
ယုတ်မာမှုတွေ ပိုလာတယ် အယုတ်တမာတွေ ပိုများလာတယ် အောက်တန်းစားတွေ နင်တို့သေရင် ပြည်သူတွေက မြေဖိုပေးမပေးဘူး မသေမရှင်ကို မီးရှို့ သတ်ပစ်ကြမှာ နင်တို့ မသေမရှင်ဖြစ်နေတာကို အားရပါးရကို ကြည့်ဦးမယ်
  • 4y
Author
Nyein Aye Eain
'' အခွံမာသီး ''
နေရောင်က ဖွဲဖွဲလေးရယ်
နေ့တွေက ကြောင်တောင်ကန်း
သွားပိုးစားနေရှာသူ လမ်းမထက်
လူနဲ့လူချင်း တက်နင်းကြရ
လူနဲ့လူချင်း ဖက်နမ်းနှုတ်ဆက်ကြရ
လူနဲ့လူချင်း လက်ရမ်းနှုတ်ဆက်ကြရ ။
အိပ်နေရှာသူ ခွေးလောက်မှ
အပြစ်ကင်းစင် တောက်ပရတဲ့ အဖြစ်
လူတွေက ညစ်ညမ်းတယ်
အိုးအိမ်တွေက ညစ်ညမ်းတယ်
ရပ်ရွာတွေက ညစ်ညမ်းတယ် ။
ဘယ်နေရာမဆို ဖြတ်လမ်းရှိနေတော့
အရှင်မွေးနေ့ချင်းကြီးတွေ ဒူးတနှံ့နှံ့
မနက်ဖြန်ဟာ လန့်ဖို့ကောင်းတယ် ။
အမှောင်ထဲ ဆုပ်ထားတဲ့ လက်သီး
ခရီးဆောင်အိတ်ထဲက ဒိုင်ယာရီ
ခေါက်သိမ်း အိပ်ရာအောက်က မောင်းချဓါး
တို့အားလုံးဟာ
ဒီစာအုပ်ရဲ့ ရှေ့ပိုင်းအခန်းတွေမှာတော့
လူကြမ်းတွေချည်းပေါ့ကွာ ။
ခင်ဗျားတို့ သိကြရဲ့လား
နွားမကြီး လွယ်ထားတဲ့ ဇီးက
နွားထီးတွေ ကြောင့်ရခဲ့တာပါ ။
ဘယ်နေရာကြည့်ကြည့်
အများစုက လူညံ့ချည်းပဲ
ဘုရားတစ်ခွန်းထူး တစ်မတ်နဲ့
ကိုယ့်အနာဂတ်ကိုယ် သတ်ပစ်ကြတော့မှာလား
ဟေ့
နာမည်ကောင်းလက်မှတ်ကိုင်ပြီး
သမိုင်းကို ရှက်နေရမယ့် အစား
ဘေးထွက်ထိုင်နေလိုက်မယ်
ဒီပွဲမျိုး
ငါ မကစားနိုင်ဘူး ။ ။
ခက်သီ
6.1.2003
  • 4y
32
Thuzar Mg Oo
ရက်စက်လ်ိုက်ကြတာ
  • 4y
5
Sane Thwe
ရက်စက်လွန်းတဲ့မိစ္ဆာတွေဖမ်းပြီးပြန်မလွှတ်ပဲသတ်ပြစ်တာတွေ😬😭
  • 4y