• ၂၀၀၅ ခုနှစ် ဇွန်လ ၁၂ရက် နေ့တွင် ကျင်းပခဲ့သော *Stanford *တက္ကသိုလ်

ဘွဲ့နှင်းသဘင် အခမ်းအနား တွင် *Apple Computer* နှင့်* Pixar Animation

Studio*တို့ကို စတင်တည်ထောင်ခဲ့သူ *Steve Jobs* ပြောကြားခဲ့ သည့်

မိန့်ခွန်း

Continue Reading
• ကျွန်တော် ဒီ ဖေ့ဘုတ် စာမျက်နှာပေါ်မှ နေ၍ ကျွန်တော့်လို လူငယ်တွေကို မက်ဆေ့တစ်ခု ပေးချင်တာရှိပါတယ်။

အဲဒါလေးကတော့ မိမိရဲ့ ဘဝရည်မှန်းချက်ပြီးမြောက်အောင် အမြန်ဆုံး ရောက်အောင် ဘယ်လိုသွားမလဲ ဆိုတာပါပဲ။

လူငယ်တွေရဲ့ ဘဝရည်မှန်းချက်ကတော့ အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ တစ်ချို့က ဆ၇ာဝန်၊ အင်ဂျင်နီယာ၊

Continue Reading
• လူတို့တွင် မျက်ခုံးများရှိကြ၍ တော်သေးသည်။ မျက်ခုံးများ မရှိပါက နဖူးမှ ချွေးများသည် မျက်စိထဲသို့ စီးဆင်းဝင်သွားနိုင်ပေသည်။

လူတို့၏နှာခေါင်းပေါက်များသည် အောက်ဖက်သို့လှည်နေ၍ တော်သေးသည်။ အပေါ်သို့ လှည့်နေပါက မိုးရွာလျှင် ရေဝင်နိုင်ပေသည်။

လူတို့တွင် နားရွက်များရှိ၍ တော်သေးသည်။ နားရွက်များ မရှိပါက မျက်မှန်တပ်သောအခါ သားရေကြိုးဖြင့် ချည်ရဖွယ်ရှိနိုင်သည်။

လူတို့တွင် လက်တစ်ဖက်လျှင် ငါးချောင်းစီပါ၍ တော်သေးသည် အီးတီကဲံသို့ သုံးချောင်းစီသာပါပါက ဂီတာတီး၍ ရနိုင်မည်မထင်ပါ။

လူတို့တွင် နှုတ်ခမ်းများရှိ၍ တော်သေးသည်။ နှုတ်ခမ်းများ မရှိပါက သွားများကို အတိုင်းသားမြင်နေရ၍ အတော်ကြည့်ရဆိုးပေမည်။

လေချွန်၍လည်းရမည်မဟုတ်။ မို့မို့မြင့်အောင်၊ မီးမီးခဲ၊ မိုးယုစံစသော နာမည်များကိုလည်း ခေါ်ဆိုနိုင်မည် မဟုတ်ပါ။

ရေသောက်ရာတွင်လည်း ယခုလို သောက်နိုင်မည် မဟုတ်သည်ပအပြင် ပိုက်ဖြင့်လည်းမစုပ်နိုင်သဖြင့် ခွေးများလို လျှာဖြင့်လျက်ကိန်းဆိုက်ပေမည်။

အဆိုးဆုံးမှာ ချစ်သူချင်းအကြင်နာ ခြွေရာတွင် သွားအချင်းချင်းကိုက်ရသည့် အဖြစ်သို့ ရောက့်မည့်အဖြစ်ပင်။

လူတို့တွင် ဆံပင်သာရှိ၍ တော်သေးသည်။ မျောက်များကဲ့သို့ တစ်ကိုယ်လုံး အမွေးများပါပါက အလှကုန်ကုမ္ပဏီများသည်

......(ဆက်ရန်)

See More
• ကိုထုံတစ်ယောက် ဈေးရှေ့မှာ စိတ်ညစ်နေတယ်။

သူဝယ်ထားတဲ့ပစ္စည်းတွေကို ဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့ လေ....

တောင်းတလုံးရယ်၊ အိမ်သုတ်ဆေးတဂါလံပုံးရယ်၊ ကြက်အရှင် ၂ကောင်နဲ့ ဘဲအရှင်က ၄ ကောင်ရယ်လေ။

ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတုံး မိန်းမတေစ်ယောက်ကလာမေးတယ်...

"ခြံအမှတ် ၀၀၇၊ ရေဝတီလမ်းကို သိပါသလားရှင်"

"သိတာပေါ့၊ ကျနော့်ခြံဘေးကပ်လျက် ခြံဘဲ"

"ဒါဆို ဘယ်လိုသွားရမလဲရှင်"

"ကျနော်လဲ အိမ်ပြန်မှာ ကျနော်နဲ့လိုက်ခဲ့လေ၊ ဒါပေမဲ့ ဒီဟာတွေကိုဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့"

"လွယ်လွယ်လေး၊ အိမ်သုတ်ဆေးပုံးကို တောင်းထဲ ထဲ့လိုက်ပြီး ခေါင်းနဲ့ရွက်လိုက်၊ ကြက်တကောင်စီကို လက်မောင်းမှာ ချိပ်လိုက်၊ ဘဲ၂ ကောင်ဆီကို လက်တဖက်ဆီမှာဆွဲလိုက်"

သူမပြောသလိုလုပ်လိုက်တာ ကိုထုံ တော်တော်အဆင်ပြေသွားတယ်။

အဲလိုနဲ့ အတူတူလျှောက်လာကြရင်း လမ်းခုလပ် လူပြတ်တဲ့နေရာရောက်တော့ အဲဒီမိန်းမက ကိုထုံကို စွပ်စွဲပါတော့တယ်...

"ရှင်..ရှင်...ကျမကို လူပြတ်တဲ့လမ်းကနေ ခေါ်လာပြီး ဗလက္ကာရကျင့်မလို့ မလား"

"ဗျာ...ကျနော့် ခေါင်းပေါ်မှာ ဆေးပုံးကြီးနဲ့တောင်းကို ရွက်ထားတယ်...လက်မောင်းမှာလဲ ကြက်တွေချိပ်ထားတယ်၊ လက်နှစ်ဖက်မှာလဲ ဘဲတွေ ဆွဲထားရတယ်၊ ဒီလိုလူက ခင်ဗျားလေးကို ဘယ်လိုလုပ် ဗလက္ကာရကျင့်လို့ရမလဲဗျာ..."

ဒီတော့ အားနွဲတဲ့ မိန်းကလေးက ဘာပြန်ပြောတယ်ထင်လဲ... ....

"ဘဲတွေကို အောက်ချ လိုက်ပြီး ထွက်မပြေးနိုင်အောင် တောင်းနဲ့ အုပ်လိုက်၊ ဆေးပုံးကို တောင်းအပေါ်ကဖိထားလိုက်၊ ကြက်နှစ်ကောင်ကိုတော့ ကျမ ကိုင်ထားပေးမယ်"....တဲ့။

(အင်္ဂလိပ်ဟာသတခုအား ဆီလျော်အောင်မြန်မာလို ပြန်ဆိုထားပါတယ်)

အားလုံးရယ်မောပျော်ရွှင်နိုင်ကြပါစေ...

See More

တူနှယ်နှဲ့ တူနှယ်နှယ်

မင်္ဂလာပါရှင်

ဗျာတော စ အ ဗျာတော စ ဗြုတ်စဗျင်းတောင်း ဆိုတဲ့အတိုင်း ..

ဗျာတော စ - ဟုတ်မှန်ရာကိုလည်း ဆို၏။

အဗျာတော စ - မဟုတ် မှန်ရာကိုလည်း ဆို၏။

ထိုသို့ ဆိုရခြင်းကြောင့် ဗြုတ်စ - လင်းကွင်းသည်ဗျင်းတောင်း - အိုးစည်ဖြစ်သွားလေသည် ... ဆိုသော စကားနှင့်အညီ

ဟုတ်က မဟုတ်က မဟုတ် တရုတ် ကုလား အားလုံး ...တင်ပြသွားမယ့်- အသံတိတ် အက်ဖ် အမ်- မှ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင် ...။

ဒီကနေ့ ပြည်တွင်း သတင်းကို အစီရင် ခံပါ့မယ်ရှင့် ။

အာပလာဏသီပြည်၊ ဖျက်မှု(၁) ဝန်ကြီးဌာန ဝန်ကြီး ဦးယန္တယားစိန်သည်

ဒီကနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ယန္တယားဇနပုတ်တွင် တည်ဆောက်နေသော

ကမ္ဘာ့အဆင်မီ စွန့်ပစ်ပစ္စည်းမှ အမှိုက်ထုတ်လုပ်သော စက်ရုံကြီးကို သွားရောက်လေ့လာခဲ့ပါတယ်။

အဲဒီနောက်ဝန်ကြီးနှင့် အပေါင်းပါ (အဲလေ) အဖွဲ့ဝင်များသည် ရေသန့်စက်ရုံသို့ သွားရောက်

လေ့လာခဲ့ရာ စက်ရုံမှုး ဦးဂွရှင်က ရေသန့်ဘူးများကို ပီအိတ်(ရှ) 7 ဖြင့် ထုတ်လုပ်ကြောင်း

အစီရင်ခံခဲ့ရာ ဝန်ကြီးက တတ်နိုင်ရင် ပီအိတ်(ရှ) 10 ခန့်ဖြင့် ထုတ်ပါက မကောင်းဘူးလား ဟု

အကြံပေးခဲ့ပြီး မိမိမှာမူ ပီအိတ်(ရှ) 5 ဖြင့် မျက်နှာသစ်ကာ အာခံတွင်း ဆေးကြောင်း ဝမ်းသာအားရ

အားပေးစကား ပြောကြားခဲ့ ပါကြောင်း .. MLL (မင်းလိုလိုက်) သတင်းဌာနမှ

သတင်းရရှိပါတယ်ရှင့်။

See More
• (အစတုံးကတော့ ဒီအကြောင်းကို Post တစ်ခုအနေနဲ့ မရေးဖစ်ခဲ့ပါဘူး .. အသိမိတ်ဆွေတစ်ယောက်ပုံမှာ ညင်းကြ ခုန်ကြရင်း .. မြန်မာလူမျိုးတွေ စည်းကမ်းမရှိဘူး တွေ့ကရာနေရာအမှိုက်ပစ်တယ်ဆိုပီး ဒီမိုကရေစီနဲ့မတန်ဘူးလို့ ပြောလာလို့ ပြန်ရေးထားတဲ့အကြောင်းပါ .. ကြာတော့ကြာပါပီ ..

ဒါပေမယ့် အခု Post တစ်ခုအနေနဲ့ တင်လာရတဲ့ အကြောင်းကတော့ .. အခုတလောလ...

Continue Reading
• လုပ်သားတွေ နားလည်ရမှာကတော့ ငါတို့ဟာ ဒီလုပ်မှာ လုပ်ခြင်းအားဖြင့် ဘယ်လိုတိုးတက်မှုမျိုး ရရှိမလဲ ဆိုတာကို သတိထားရမယ် ဆိုတာကိုပါပဲ။

ကုမ္ပဏီဆိုတိုင်း ရမ်းမယုံသင့်ပါ။ ဒီလုပ်ငန်းကို တတ်လို့ လုပ်တာလား ငတ်လို့လုပ်တာလား။ ပေါ်ပင်လိုက် အချောင်ရမလားလို့ လုပ်ကြည့်တာလား။ ဆန်းစစ်သင့်ပါတယ်.. ။ အိမ်ပေါင်ပြီး မျက်စိမှိတ် ချ တဲ့ ကုမ္ပဏီမျိုးဆိုလို့ကတော့ သေတော့ပဲ။ န...ိုင်ငံခြား ကုမ္ပဏီဆိုရင်လည်း တရားဝင်ကုမ္ပဏီလား နာမည်ခံကုမ္ပဏီလား... ရင်းနှီးမြှုပ်နှံမှု ခိုင်မာသလား... အကင်းပါးပါး လေ့လာသင့်ပါတယ်။ နိုင်ငံခြားမှာ နာမည်ပျက်လို့ ထွက်ပြေလားပြီး ဒီမှာ သူဌေးဂိုက်လာဖမ်းတဲ့ ဖွတ် မျိုးနဲ့တွေ့လိုက်လို့ကတော့ နာပြီသာမှတ်။ အခန့် မသင့်ရင် ကိုယ်ကပါ ပိုက်ဆံပြန်ချေးပေးရတတ်တယ်။ ပွဲစားသာသာ ကုမ္ပဏီမျိုးဆို ကိုယ့်ပေါ်ကတောင် ပြန်ခေါင်းပုံဖြတ်ပါဦးမယ်။

အတွေ့ အကြုံလိုချင်လို့ ဘာဖြစ်ဖြစ် ကြိုးစားလုပ်မယ်ဆိုတာကောင်းပါတယ်...။ ဒါပေမယ့် ကိုယ့်ကြိုးစားမှုဟာ အလဟဿ ဖြစ်မသွားစေပါနဲ့။ကိုယ်ရတဲ့ အတွေ့ကြုံဟာ- လုပ်ငန်းတစ်ခုကို ဘယ်လို အောင်မြင်အောင် လုပ်သွားလဲ -ဆိုတာမျိုးပဲ ဖြစ်ပါစေ။-လုပ်ငန်းတစ်ခုကို မျက်စိရှေ့မှာ ဘယ်လိုကျရှုံးသွားလဲ- ဆိုတာမျိုးကို မတွေ့ကြုံချင်ပါနဲ့။

See More
• အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

အဖြေကို အောက်တွင် ကြည့်ပါ။

၁) သစ်သား၊ ကျောက်သား၊ မြေသား၊ မုသား

၂) စာရွက်၊ တံခါးရွက်၊ ပန်ကာရွက်၊ လှေရွက်

၃) နံပါတ် ၅

၎) ကြယ်သီး၊ ဂေါက်သီး၊ လက်သီး၊ စက်သီး၊ ချိန်သီး၊ မီးသီး၊ လည်သီး၊ နသံသီး၊ လော့ကက်သီး၊ စိန်သီး

၅) ဘောပင်၊ ဆံပင်၊ ပဒေသာပင်

၆) ရေပန်း၊ လင်ပန်း၊ မီးပန်း

See More
• ဉာဏ်စမ်းပဟေဠိလေးတွေ ဖြေကြည့်ကြရအောင်ဗျာ။ မြန်မာစာနဲ့ ပတ်သက်တာလေးတွေပါ။ ပထမဆုံး နမူနာအနေနဲ့ အစမ်းတစ်ခု ဖြေကြည့်ရအောင်။

မေးခွန်း။ `သွေး´ ဖြစ်ပေမယ့် မနီဘူး၊ အဲဒါဘာဖြစ်မလဲ။

အဖြေ။ မီးသွေး

ကဲ… အခုလောက်ဆို သဘောပေါက်လောက်မယ်ထင်တယ်။ အောက်က မေးခွန်းလေးတွေကို ဖြေကြည့်ပါ။ အဖြေတွေက ဒီထက်မက ရှိချင်လည်း ရှိနိုင်ပါတယ်။ ကျွန်တော်က သိသလောက် စုစည်းပေးထားတာပါ။

၁) စားလို့မရတဲ့ အသား လေးသား (စစ်သား၊ ကျောင်းသား စသည်မပါ..)

၂) စားလို့မရတဲ့ အရွက် လေးရွက်

၃) စားလို့မရတဲ့ ငါး

၎) စားလို့မရတဲ့ အသီးများ (ခြောက်ခုအထက် ရှိပါသည်)

၅) စားလို့မရတဲ့ အပင် သုံးပင်

၆) စားလို့မရတဲ့ ပန်း သုံးပန်း

ကိုင်း... စဉ်းစားကြည့်ကြရအောင်ဗျာ...။

ပန်းပေးလက်လျှော့လို့ အဖြေပဲ ကြည့်ချင်တော့တယ် ဆိုရင်ဖြင့် ဒီနေရာမှာပါ... >>> http://www.facebook.com/note.php?created&&note_id=155285417845196&id=161265263903610

See More