Khit Thit Media
about 3 years ago

စစ်ကောင်စီတပ်တွေ မီးတင်ရှို့တဲ့ ကင်းမရွာမှာ ဘိုးဘွား ၂ ဦး မီးလောင် သေဆုံးမှုအတည်ပြုနိုင်၊ အခြား​သေဆုံးဘိုးဘွားအ​ရေအတွက် စုံစမ်း​နေဆဲ

မျက်မှောက်ခေတ်၊ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ် ကင်းမရွာကိုအကြမ်း ဖက်စစ်တပ်က မီးတင်ရှို့ရာမှာ သက်ကြီး ဘိုး၊ဘွား ၂ ဦး မီးလောင်သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦး က အတည်ပြုပြောပါတယ်။

...

ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်တွေက ကင်းမရွာကို မီးရှို့ခဲ့ပြီး အဲ့ဒီမီးလောင်မှုမှာ ဦးမြမောင် နဲ့ ဒေါ်ကြီးမိန် ဆိုတဲ့ သက်ကြီး ဘိုး၊ဘွား ၂ ဦးမီးလောင်သေဆုံးခဲ့တာလို့ သိရပါတယ်။

"မီးလောင်တဲ့အထဲ ဦးမြမောင် နဲ့ ဒေါ်ကြီးမိန်တို့ ၂ ယောက် ပါသွားတာ လောလောဆယ်အတည်ပြုလို့ရပါတယ်။ အရိုးပဲ ကျန်တော့တယ်လို့"ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာလည်း ကင်းမကျေးရွာ အတွင်းကို စစ်ကား(၃)စီးရောက်နေပြီး ဖမ်းဆီးခံရသူတွေလည်းရှိနေတယ်လို့ ပြောပါတယ်။

ကျေးရွာခံပြည်သူအများအပြားကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

မီးလောင်မှုမှာ လက်ရှိအတည်ပြုနိုင်တဲ့ အဘိုး၊အဘွား ၂ ဦးအပြင် တခြားသက်ကြီးရွယ်အိုတွေလည်း သေဆုံးမှုရှ်ိနိုင်တဲ့အတွက် ထပ်မံသိရှိခဲ့ရပါက ဆက်ဖော်ပြပေးပါမယ်။

ဓာတ်ပုံ -ပေါက်မြို့နယ်ဟစ်တိုင်။(ကင်းမရွာ မီးလောင်မှု ဇွန်လ ၁၆ ရက်​​နေ့ နံနက်ပိုင်း မြင်ကွင်း)

(မျက်​မှောက်​ခေတ်သည် ရန်ကုန်​ခေတ်သစ်၏မိတ်ဖက် သတင်းဌာနဖြစ်သည်။)

See more
No photo description available.
No photo description available.
No photo description available.
No photo description available.