
ကိုဗစ်ကာလဟာ လူတိုင်းလိုလို အိမ်ပြင်မထွက်ရတဲ့အတွက် အွန်လိုင်းပေါ်ကနေပဲ အရာအားလုံးကို လုပ်နေကြရတဲ့အချိန်ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့ သင်ယူမှုတွေကိုလည်း ရပ်တန့်လိုက်လို့မရပါဘူး။ ကိုယ့်ရဲ့ လိုအပ်တဲ့Skills တွေကို အွန်လိုင်းပေါ်ကနေ ဘယ်လိုရှာဖွေသင်ယူကြရမလဲဆိုတာကို BGV Institute တည်ထောင်သူ ဒေါ်မြင့်သိင်္ဂီစုမွန်က Duwun Community Voice အစီအစဉ်ကနေ ဝေမျှဆွေးနွေးပေးထားပါတယ်။