ဒီလို ကိုဗစ်အကြပ်အတည်းကာလမှာ လက်ရှိအလုပ်မရှိလို့ဘဲဖြစ်ဖြစ်
လုပ်နေကျ အလုပ်တွေက နားသွားလို့ပဲ ဖြစ်ဖြစ် ဝင်ငွေရှာချင်တဲ့ ၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးချင်တဲ့
အမျိုးသမီးတွေအတွက် (အမျိုးသားများလည်း ပြုလုပ်လို့ရပါတယ်။) ဒီကာလမှာ ဝင်ငွေရရှိအောင် အလုပ်အကိုင်တွေ ဘယ်လိုဖန်တီးကြမလဲဆိုတာကို
ပြည်တွင်းဖြစ် မြန်မာချောကလက်တွေကို ထုတ်နေတဲ့ Ananda Cocoa & Coffee ရဲ့ တည်ထောင်သူ ဒေါ်စိုးအေမီကျော်က Duwun ရဲ့
Community Voice အစီအစဉ်ကနေ ဝေမျှဆွေးနွေးပေးထားပါတယ်။