စည်းမျဉ်းများနှင့် မူဝါဒများ
အောက်ပါစည်းမျဉ်းများအပြင် ကျွန်ုပ်တို့၏ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ၊ လူမှုစံနှုန်းများနှင့် ဝန်ဆောင်မှုဆိုင်ရာစည်းမျဉ်းများသည် စာမျက်နှာများ၊ အဖွဲ့များနှင့် ပွဲအစီအစဉ်များကို ဖန်တီးသူများနှင့် စီမံသူများအတွက် အကျုံးဝင်ပါသည်။ ကျွန်ုပ်တို့၏ တီထွင်ဖန်တီးသူ မူဝါဒများအပါအဝင် အခြားစည်းမျဉ်းများနှင့် မူဝါဒများသည်လည်း ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင် အသုံးပြုပုံပေါ်မူတည်၍ သက်ရောက်နိုင်ကြောင်း သတိပြုပါ။
စာမျက်နှာများ၊ အဖွဲ့များနှင့် ပွဲအစီအစဉ်များသည် စိတ်ဝင်စားမှုချင်းတူညီသော လူမှုအဖွဲ့အစည်းများကို ကူညီဖန်တီးပေးပါသည်။ စီမံသူများသည် ဤလူမှုအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ၊ ထိန်းသိမ်းစောင့်ရှောက်သူများအဖြစ် ဆောင်ရွက်သည်။ မိမိကိုယ်ကိုယ် စစ်မှန်စွာ ကိုယ်စားပြုရန်နှင့် မိမိတို့၏ လူမှုအဖွဲ့အစည်းများတွင် အန္တရာယ်ကင်းရှင်းရေးသာမက ချမ်းသာသုခကို အားပေးမြှင့်တင်ရန် စီမံသူများကို မျှော်လင့်ထားသည်။
စီမံသူများက ကျွန်ုပ်တို့၏ မူဝါဒများအား ချိုးဖောက်သည့် အကြောင်းအရာကို ဖန်တီးသည့်အခါ (သို့မဟုတ် အဖွဲ့စီမံသူများ သို့မဟုတ် စိစစ်သူများက အခြားသူများဖန်တီးသည့် ချိုးဖောက်ထားသော အကြောင်းအရာကို အတည်ပြုသည့်အခါ) ကျွန်ုပ်တို့သည် အကြောင်းအရာပေါ်လာသည့် စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်အပေါ် အရေးယူဆောင်ရွက်နိုင်သည်။
ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်ရန် ရည်ရွယ်သော စာမျက်နှာများ၊ အဖွဲ့များ သို့မဟုတ် ပွဲအစီအစဉ်များကို မဖန်တီးပါနှင့်။ သင် ဖန်တီးသည့် သို့မဟုတ် သင် ဖန်တီးခွင့်ပြုသည့် အကြောင်းအရာသည် ဤစံနှုန်းများနှင့် ကိုက်ညီကြောင်း သေချာစေသင့်သည်။ ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်ရန် ရည်ရွယ်ချက်ဖြင့် စာမျက်နှာများ၊ အဖွဲ့များနှင့် ပွဲအစီအစဉ်များကို ဖန်တီးထားပုံရသည့်အခါဖြစ်စေ၊ ကျွန်ုပ်တို့၏ မူဝါဒများကို ထပ်ခါတလဲလဲ သို့မဟုတ် ပြင်းထန်စွာ ချိုးဖောက်ရန် ၎င်းတို့ကို အသုံးပြုသည့်အခါဖြစ်စေ ၎င်းတို့အပေါ် ကျွန်ုပ်တို့ အရေးယူဆောင်ရွက် နိုင်သည် ကျွန်ုပ်တို့၏ မူဝါဒများကို ချိုးဖောက်ခြင်းကြောင့် စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်တစ်ခုကို ကျွန်ုပ်တို့ ဖယ်ရှားသည့်အခါ ၎င်း၏ စီမံသူ(များ)အား နောင်တွင် တူညီသော သို့မဟုတ် အလားတူ အကြောင်းအရာဖြင့် စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်အသစ်များ ဖန်တီးခွင့်ပြုမည်မဟုတ်ပါ။
သင်၏ စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်တွင် ညစ်ညမ်းအသုံးအနှုန်း ပါဝင်နေသော သို့မဟုတ် ကျွန်ုပ်တို့၏ လူမှုစံနှုန်းများကို ချိုးဖောက်နေသော အမည် သို့မဟုတ် အသုံးပြုသူအမည်ကို မပေးပါနှင့်။ ၎င်း၏ တည်ရှိမှုရည်ရွယ်ချက်ကို သိသာထင်ရှားစွာ ပြောင်းလဲစေသည့်ပုံစံဖြင့် သင့်စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်၏ အမည်ကို မပြောင်းပါနှင့်။ ရည်ရွယ်ချက်များ မတူညီသည့်အခါ စာမျက်နှာနှစ်ခုကို မပေါင်းစည်းပါနှင့်။ စာမျက်နှာများနှင့် ပွဲအစီအစဉ်များ၏ အမည်များအပေါ် ထပ်တိုးကန့်သတ်ချက်များရှိကြောင်း သတိပြုပါ။
သင်၏ စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်ပေါ်ရှိ ပရိုဖိုင်ဓာတ်ပုံ သို့မဟုတ် မျက်နှာဖုံးဓာတ်ပုံတွင်ဖြစ်စေ၊ Facebook က သင်၏ စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်ကို အတည်ပြုစစ်ဆေး သို့မဟုတ် စစ်မှန်မှုစိစစ်ထားကြောင်း မှားယွင်းစွာကိုယ်စားပြုသည့် အခြားနည်းတစ်ခုခုဖြင့်ဖြစ်စေ အတည်ပြုစစ်ဆေးပြီးသား အမှတ်အသားတစ်ခုကို မထည့်ပါနှင့်။
ကျွန်ုပ်တို့၏ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစား ကို ကြော်ငြာရန် စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်တစ်ခုကို အသုံးမပြုပါနှင့်။ ဤတားမြစ်ချက်သည် ကစားရန် ငွေကြေးတန်ဖိုးရှိသော အရာတစ်ခုခုလိုအပ်ပြီး ငွေကြေးတန်ဖိုးရှိသော အရာတစ်ခုခုက ဆု၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည့် ဂိမ်းများအပေါ်တွင်လည်း သက်ရောက်သည်။ တွေ့ရများသော လောင်းကစားခြင်းအမျိုးအစားများ သို့မဟုတ် ဂိမ်းကစားခြင်း လုပ်ဆောင်မှုများတွင် လောင်းကစား၊ ထီ၊ ကံစမ်းမဲ၊ ကာစီနိုများ၊ စိတ်ကူးယဉ် အားကစားများ၊ ဘင်ဂိုနှင့် ပိုကာတို့ ပါဝင်သည်။
ကျွန်ုပ်တို့၏ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်မရှိဘဲ မူးယစ်ဆေးဝါးနှင့် အရက်စွဲခြင်းအတွက် ကုသရေးစင်တာများ ကို ကြော်ငြာရန် စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်ကို အသုံးမပြုပါနှင့်။ မူးယစ်ဆေးဝါးနှင့် အရက်စွဲခြင်းအတွက် ကုသရေးစင်တာများကို Facebook တွင် ကြော်ငြာရန် သတ်မှတ်ချက်မပြည့်မီခင် ၎င်းတို့အတွက် သင့်လျော်စွာ လိုင်စင်ရယူထားရမည်ဟု ကျွန်ုပ်တို့ သတ်မှတ်ထားသည်။
ကျွန်ုပ်တို့၏ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းဆေးဆိုင် မှတစ်ဆင့် ဆေးညွှန်းဆေးဝါးများ ရောင်းချမှုကို ကြော်ငြာရန် စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်ကို အသုံးမပြုပါနှင့်။ အွန်လိုင်းဆေးဆိုင်များကို Facebook တွင် ကြော်ငြာရန် သတ်မှတ်ချက်မပြည့်မီခင် ၎င်းတို့အတွက် သင့်လျော်စွာ လိုင်စင်ရယူထားရမည်ဟု ကျွန်ုပ်တို့ သတ်မှတ်ထားသည်။
ကြော်ငြာအစီအစဉ် (ပြိုင်ပွဲ၊ မေတ္တာလက်ဆောင် သို့မဟုတ် နိုင်သူအကုန်သိမ်း လောင်းကစားနည်း) အကြောင်း ကြေညာရန် သို့မဟုတ် ၎င်းတို့ကို စီမံဆောင်ရွက်ရန် သင်၏ စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်ကို အသုံးပြုပါက သင့်ကြော်ငြာအစီအစဉ်သည် သက်ဆိုင်ရာ ဥပဒေနှင့် စည်းကမ်းပိုင်းဆိုင်ရာ သတ်မှတ်ချက်အားလုံးကို လိုက်နာကြောင်း သေချာစေရမည် (ဥပမာ- ကြော်ငြာအစီအစဉ်ဆိုင်ရာ တရားဝင်စည်းမျဉ်းများ၏ မိတ္တူကို ပါဝင်ယှဉ်ပြိုင်သူများအား ပေးခြင်း၊ ကမ်းလှမ်းမှု စည်းမျဉ်းများနှင့် အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်များကို ထုတ်ဖော်ပြောဆိုခြင်းအပြင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများထံတွင် သင့်ကြော်ငြာအစီအစဉ်ကို စာရင်းသွင်းခြင်း)။ ပါဝင်သူများအနေဖြင့် (က) တာဝန်ခံခြင်းမှ Meta အား အပြည့်အဝ လွတ်ငြိမ်းခွင့်ပြုပြီး ထိခိုက်နစ်နာမှုမရှိအောင် ကာကွယ်ပေးရန်နှင့် (ခ) Meta က ကြော်ငြာအစီအစဉ်အား မည်သည့်နည်းဖြင့်မျှ အခပေးကြော်ငြာထားခြင်း၊ ထောက်ခံခြင်း၊ စီမံဆောင်ရွက်ခြင်း သို့မဟုတ် ၎င်းနှင့် သက်ဆိုင်ခြင်း မရှိကြောင်း အသိအမှတ်ပြုရန်လည်း သင်က သတ်မှတ်ထားရမည်။ သင်၏ ကြော်ငြာအစီအစဉ်သည် မျှဝေရန်၊ ပို့စ်ပြန်တင်ရန်၊ အခြားသူများကို အမည်ကတ်တွဲရန် သို့မဟုတ် သင့်ကြော်ငြာအစီအစဉ်ကို အခြားတစ်နည်းနည်းဖြင့် လူသိရှင်ကြား ကြော်ငြာရန် ပါဝင်သူများအား မသတ်မှတ်ရပါ သို့မဟုတ် မက်လုံးမပေးရပါ။ Meta သည် ကြော်ငြာအစီအစဉ်တစ်ခု စီမံရာတွင် သင့်ကို ကူညီပေးမည်မဟုတ်ကြောင်း သတိပြုပါ။ သင့်ကြော်ငြာအစီအစဉ်ကို စီမံရန် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင်အသုံးပြုပါက တာဝန်ရှိသူမှာ သင်ကိုယ်တိုင်ပင်ဖြစ်သည်။
သင်၏ စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်နှင့် တုံ့ပြန်ဆက်သွယ်သူများထံမှ အကြောင်းအရာများ သို့မဟုတ် အချက်အလက်များ (ဥပမာ- လုပ်ဆောင်ချက်ခလုတ်မှ ရရှိသော အချက်အလက်) ကို စုစည်းရယူလိုပါက သင်သည် ၎င်းတို့ကို ဦးစွာ သတိပေးချက် ပေးပို့ရမည်။ အကြောင်းအရာ သို့မဟုတ် အချက်အလက်ကို သင်စုစည်းရယူထားသူများသည် ၎င်းတို့၏ အချက်အလက်အား သင့်ကို အသုံးပြုခွင့်ပေးကြောင်း အတိအလင်း သဘောတူရမည်။ သင် (Meta မဟုတ်) သည် ဤအချက်အလက်ကို စုစည်းရယူနေခြင်းဖြစ်ကြောင်း သင်က ရှင်းလင်းစွာ ရှင်းပြရမည်။
ဥရောပစီးပွားရေးနယ်မြေ သို့မဟုတ် ဗြိတိန်ရှိ စာမျက်နှာ အသေးစိတ်အစီရင်ခံစာများအတွက် အချက်အလက် စီမံဆောင်ရွက်ခြင်းသည် ဤမူဝါဒများထဲတွင် ကိုးကားချက်ဖြင့် ပေါင်းစပ်ထည့်သွင်းထားသော စာမျက်နှာ အသေးစိတ်အစီရင်ခံစာများ ထိန်းချုပ်သူဆိုင်ရာ ဖြည့်စွက်ချက်ကို လိုက်နာဆောင်ရွက်ရနိုင်သည်။
အခြားတစ်စုံတစ်ဦး၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို သင်၏ စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်အတွင်း ကြော်ငြာရန် သင့်အား မည်သည့်တန်ဖိုးရှိသည့်အရာကိုမဆို ပေးထားပါက သင့်အနေဖြင့် သင့်အကြောင်းအရာ၏ စီးပွားဖြစ်သဘောသဘာဝကို ထုတ်ဖော်ရန် ကျွန်ုပ်တို့၏ အမှတ်တံဆိပ်ကိုယ်စားပြု အကြောင်းအရာဆိုင်ရာ မူဝါဒများကို လိုက်နာရမည်။
သင်သည် ဖော်ပြထားသော ဝင်ခွင့်ကြေးအပြင် နောက်ဆက်တွဲ အခကြေးငွေများ သို့မဟုတ် အသေးအဖွဲစရိတ်များအပါအဝင် ပွဲအစီအစဉ်တစ်ခုတွင် တက်ရောက်ရန် သို့မဟုတ် ပါဝင်ရန် လိုအပ်သော လုပ်ဆောင်မှု သို့မဟုတ် ကုန်ကျစရိတ်မှန်သမျှကို ရှင်းလင်းစွာနှင့် ပေါ်လွင်စွာ ထုတ်ဖော်ရမည်။ ပွဲအစီအစဉ်ဖိတ်ခေါ်လွှာများကို အလိုအလျောက်နည်းလမ်းများဖြင့် မထုတ်ပေးရပါ။
စာမျက်နှာများ၊ အဖွဲ့များနှင့် ပွဲအစီအစဉ်များသည် တရားမဝင်သော လုပ်ဆောင်ချက်များ၊ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ကြော်ငြာပေးခြင်း မပြုရပါ။ သင်၏ စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်သည် အသက်အရွယ်အလိုက် ကန့်သတ်ထားသော လုပ်ဆောင်ချက်များနှင့် အရာဝတ္ထုများကို ကြော်ငြာခြင်းနှင့် စပ်လျဉ်းသည်များ အပါအဝင် သက်ဆိုင်သည့် ဥပဒေ၊ ပြဋ္ဌာန်းချက်နှင့် စည်းမျဉ်းအားလုံးကို လိုက်နာကြောင်း သေချာစေရန် သင့်တွင် တာဝန်ရှိသည်။ သင် ပို့စ်တင်နိုင်သည့် အကြောင်းအရာ၏ စီးပွားဖြစ်သဘောသဘာဝကို ညွှန်ပြရန် လိုအပ်သော ထုတ်ဖော်မှုများအပါအဝင် သင်၏ စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်အတွင်း လိုအပ်သော ထုတ်ဖော်မှုအားလုံးကို ထည့်သွင်းခြင်းအတွက် သင် တစ်ဦးတည်းတွင်သာ တာဝန်ရှိသည်။