ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ

  • ရှာမယ်
  • ကိုယ်ရေးလုံခြုံမှုဆိုင်ရာ အကြောင်းအရာများ
  • နောက်ထပ် ကိုယ်ရေးလုံခြုံမှု အရင်းအမြစ်များ
  • ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ
  • အခြားမူဝါဒများနှင့် ဆောင်းပါးများ
  • ဆက်တင်များ

ကွတ်ကီးမူဝါဒ

ကွတ်ကီးဆိုတာ ဘာလဲနှင့် ဤမူဝါဒတွင် မည်သည်တို့ အကျုံးဝင်သလဲ။
၂၀၂၃၊ ဒီဇင်ဘာ ၁၂ မှာ စတင် အကျုံးဝင်ပါမယ် | ပုံနှိပ်ထုတ်ယူနိုင်တဲ့ ဗားရှင်းကို ကြည့်မယ် | ယခင် ဗားရှင်းဟောင်းများကို ကြည့်ရန်
ကွတ်ကီးများသည် ဝက်ဘ်ဘရောက်ဇာများတွင် အချက်အလက်များကို သိုလှောင်ရန် အသုံးပြုသည့် စာသားအပိုင်းအစငယ်များဖြစ်သည်။ ကွန်ပျူတာများ၊ ဖုန်းများနှင့် အခြားကိရိယာများပေါ်တွင် အမှတ်သင်္ကေတများနှင့် အခြားအချက်အလက်များကို သိုလှောင်ရန်နှင့် လက်ခံရန်အတွက် ကွတ်ကီးများကို အသုံးပြုပါသည်။ သင်၏ ဝက်ဘ်ဘရောက်ဇာ သို့မဟုတ် ဖုန်းပေါ်တွင် ကျွန်ုပ်တို့သိုလှောင်သည့် အချက်အလက်များ၊ သင့်ဖုန်းနှင့် အခြားဆော့ဖ်ဝဲများနှင့် ဆက်စပ်သည့် အမှတ်သင်္ကေတများအပါအဝင် အခြားနည်းပညာများအား အလားတူရည်ရွယ်ချက်များအတွက် အသုံးပြုသည်။ ဤမူဝါဒတွင် ထိုနည်းပညာအားလုံးကို “ကွတ်ကီးများ” အဖြစ် ကျွန်ုပ်တို့ရည်ညွှန်းပါသည်။
သင့်တွင် Facebook သို့မဟုတ် Instagram အကောင့်တစ်ခုရှိပါက၊ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်များနှင့် အက်ပ်များအပါအဝင် Meta ထုတ်ကုန်များကို သင်အသုံးပြုပါက သို့မဟုတ် (နှစ်သက်ရန်ခလုတ် အပါအဝင်) Meta ထုတ်ကုန်များကို အသုံးပြုသည့် အခြားဝက်ဘ်ဆိုက်များနှင့် အက်ပ်များသို့ သင်ဝင်ရောက်ကြည့်ရှုပါက ကွတ်ကီးများကို ကျွန်ုပ်တို့ အသုံးပြုပါသည်။ ကွတ်ကီးများသည် Meta အား သင့်အတွက် Meta ထုတ်ကုန်များကို ကမ်းလှမ်းပေးနိုင်စေသကဲ့သို့ မှတ်ပုံတင်ထားခြင်း သို့မဟုတ် အကောင့်ဝင်ထားခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အခြားဝက်ဘ်ဆိုက်များနှင့် အက်ပ်များကို သင်အသုံးပြုခြင်းဆိုင်ရာ အချက်အလက်များအပါအဝင် သင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ရရှိထားသော အချက်အလက်များကိုလည်း နားလည်နိုင်စေပါသည်။
ဤမူဝါဒတွင် ကွတ်ကီးများကို ကျွန်ုပ်တို့ အသုံးပြုပုံနှင့် သင်ရရှိနိုင်သည့် ရွေးချယ်ခွင့်တို့ကို ရှင်းပြထားသည်။ ဤမူဝါဒတွင် အခြားတစ်နည်းအားဖြင့် ဖော်ပြထားသည်များမှလွဲ၍ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒ သည် ကွတ်ကီးများမှတစ်ဆင့် ကျွန်ုပ်တို့စုဆောင်းထားသော အချက်အလက်များကို ကျွန်ုပ်တို့စီမံဆောင်ရွက်ခြင်းအပေါ် သက်ရောက်မှုရှိပါမည်။
ကျွန်ုပ်တို့က ကွတ်ကီးများကို ဘာကြောင့် အသုံးပြုရသလဲ။
အကြောင်းအရာများကို တစ်ဦးချင်းစိတ်ကြိုက်ပြင်ဆင်ခြင်း၊ ကြော်ငြာများကို အံဝင်ခွင်ကျစီမံခြင်းနှင့် အကဲဖြတ်တိုင်းတာခြင်း၊ ပိုမိုဘေးကင်းသည့် သုံးစွဲမှုအတွေ့အကြုံကို ပံ့ပိုးပေးခြင်းအားဖြင့် ကွတ်ကီးများက Meta ထုတ်ကုန်များကို ပံ့ပိုးရန်၊ ကာကွယ်ရန်နှင့် ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ရန် ကျွန်ုပ်တို့ကို ကူညီပေးပါသည်။ ကျွန်ုပ်တို့ အသုံးပြုသည့် ကွတ်ကီးများတွင် လော့ဂ်အင်ဝင်ထားသည့်ကာလ ကွတ်ကီးဟု ခေါ်သည့် သင့်ဘရောက်ဇာကို ပိတ်သောအခါတွင် ဖျက်လိုက်သည့် ကွတ်ကီးများနှင့် ကြာရှည်ရှိသည့် ကွတ်ကီးဟု ခေါ်သည့် ၎င်းတို့၏ သက်တမ်းကုန်ဆုံးသည့် အချိန်အထိ သို့မဟုတ် သင်က ၎င်းတို့ကို ဖျက်လိုက်သည့်အချိန်အထိ သင့်ဘရောက်ဇာတွင် ဆက်ရှိနေသော ကွတ်ကီးများ ပါဝင်ပါသည်။ ကျွန်ုပ်တို့သည် Meta ထုတ်ကုန်များကို ပိုမိုကောင်းမွန်အောင်လုပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းတို့ ဆောင်ရွက်သဖြင့် ကျွန်ုပ်တို့ အသုံးပြုသော ကွတ်ကီးများနှင့် ၎င်းတို့ကို ကျွန်ုပ်တို့အသုံးပြုပုံ အား အခါအားလျော်စွာ ပြောင်းလဲနိုင်သည်။ ပုံမှန်အားဖြင့် အဆိုပါ ကွတ်ကီးများကို အောက်ပါရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့အသုံးပြုပါသည်-
အထောက်အထားစိစစ်ခြင်း

လုံခြုံရေး၊ ဝက်ဘ်ဆိုက်နှင့် ထုတ်ကုန် စိတ်ချယုံကြည်ရမှု

ကြော်ငြာခြင်း၊ အကြံပြုခြင်းများ၊ အသေးစိတ်အစီရင်ခံစာများနှင့် တိုင်းတာမှု

ဝက်ဘ်ဆိုက်လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှုများ

စွမ်းဆောင်ရည်

ခွဲခြမ်းစိတ်ဖြာခြင်းများနှင့် သုတေသနပြုလုပ်ခြင်း

ကြားခံပြင်ပ ဝက်ဘ်ဆိုက်များနှင့် အက်ပ်များ
ကျွန်ုပ်တို့က ကွတ်ကီးများကို မည်သည့်နေရာတွင် အသုံးပြုသလဲ။
ကျွန်ုပ်တို့က ကွတ်ကီးများကို သင့်ကွန်ပျူတာ သို့မဟုတ် ဖုန်းတွင် ထည့်သွင်းထားနိုင်ပြီး အောက်ပါတို့ကို သင်အသုံးပြုသောအခါ သို့မဟုတ် ဝင်ကြည့်သောအခါ ကွတ်ကီးများတွင် သိမ်းဆည်းထားသည့် အချက်အလက်ကို ကျွန်ုပ်တို့က လက်ခံရရှိနိုင်ပါသည်-
  • Meta ထုတ်ကုန်များ၊
  • Meta ကုမ္ပဏီများ ၏ အခြားအဖွဲ့ဝင်များမှ ပံ့ပိုးထားသော ထုတ်ကုန်များနှင့်
  • Meta နည်းပညာများကို ၎င်းတို့၏ ဝက်ဘ်ဆိုက်များနှင့် အက်ပ်များတွင် ပေါင်းစပ်ထည့်သွင်းထားသည့် ကုမ္ပဏီများအပါအဝင် Meta ထုတ်ကုန်များကို အသုံးပြုသည့် အခြားကုမ္ပဏီများက ပံ့ပိုးပေးသည့် ဝက်ဘ်ဆိုက်များနှင့် အက်ပ်များ။ Meta သည် ထိုဝက်ဘ်ဆိုက်များနှင့် အက်ပ်များသို့ သင်ဝင်ကြည့်သည့်အခါ ကွတ်ကီးများကိုအသုံးပြုပြီး သင့်ဘက်မှ နောက်ထပ် လုပ်ဆောင်ရန် မလိုဘဲ သင့်လှုပ်ရှားဆောင်ရွက်မှုနှင့်ပတ်သက်သည့် အချက်အလက်နှင့် ဖုန်း/ကွန်ပျူတာ အချက်အလက် အပါအဝင် အချက်အလက်များကို လက်ခံရရှိပါသည်။ သင့်တွင် Facebook သို့မဟုတ် Instagram အကောင့်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သင်လော့ဂ်အင်ဝင်ထားသည်ဖြစ်‌စေ မဝင်ထားသည်ဖြစ်စေ ဤသို့ဖြစ်ပေါ်ပါသည်။
အခြားကုမ္ပဏီများသည် Meta ထုတ်ကုန်များနှင့် ဆက်စပ်ပြီး ကွတ်ကီးများကို အသုံးပြုပါသလား။
အသုံးပြုပါသည်၊ ကျွန်ုပ်တို့အား ကြော်ငြာခြင်း၊ တိုင်းတာခြင်း၊ စျေးကွက်ရှာဖွေခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်အပြင် သင့်အတွက် အချို့လုပ်ဆောင်ချက်များကို ပံ့ပိုးပေးရန်နှင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စေရန်အတွက် အခြားကုမ္ပဏီများသည် Meta ထုတ်ကုန်များတွင် ကွတ်ကီးများကို အသုံးပြုပါသည်။
ဥပမာအားဖြင့် အခြားကုမ္ပဏီများ၏ ကွတ်ကီးများသည် Meta ထုတ်ကုန်များ၏ပြင်ပတွင် ကြော်ငြာများကို ကိုက်ညီအောင်လုပ်ပေးခြင်း၊ ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုကို တိုင်းတာခြင်းနှင့် စျေးကွက်ရှာဖွေခြင်း၊ ခွဲခြမ်းစိတ်ဖြာမှုများကို ပံ့ပိုးပေးခြင်းတို့ကို ကူညီပေးပါသည်။ Meta ထုတ်ကုန်များရှိ အချို့သောလုပ်ဆောင်ချက်များ၊ ဥပမာအားဖြင့် အချို့သောမြေပုံများ၊ ငွေပေးချေမှုနှင့် ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်များသည် ၎င်းတို့အလုပ်လုပ်ရန် အခြားကုမ္ပဏီများမှ ကွတ်ကီးများကို အသုံးပြုသည်၊ ။ Meta ထုတ်ကုန်များပေါ်တွင် ကွတ်ကီးများကို အသုံးပြုသည့် ကုမ္ပဏီများအကြောင်း ပိုမိုလေ့လာပါ။
ကြားခံပြင်ပ ကုမ္ပဏီများသည်လည်း Meta ထုတ်ကုန်များနှင့်ဆက်စပ်၍ ၎င်းတို့၏ကိုယ်ပိုင် ဝက်ဘ်ဆိုက်များနှင့် အက်ပ်များ၌ ကွတ်ကီးများကို အသုံးပြုပါသည်။ အခြားကုမ္ပဏီများက ကွတ်ကီးများ အသုံးပြုပုံကို နားလည်စေရန်အတွက် ၎င်းတို့၏မူဝါဒများကို စိစစ်သုံးသပ်ပါ။
သင့်အချက်အလက်ကို သင်မည်ကဲ့သို့ ထိန်းချုပ်နိုင်သနည်း။
အကြောင်းအရာများ နှင့် ဝန်ဆောင်မှုများကို သင့်စိတ်ကြိုက်ပြင်ဆင်ပေးရန်နှင့် ပိုမိုတိုးတက်စေရန်၊ ပိုမိုဘေးကင်းလုံခြုံသော သုံးစွဲမှု အတွေ့အကြုံပေးရန်နှင့် Meta ထုတ်ကုန်များပေါ်နှင့် ပြင်ပတွင် အသုံးဝင်၍ ဆက်စပ်မှုလည်းရှိသော ကြော်ငြာများကို သင့်အား ပြသရာတွင် အကူအညီဖြစ်စေရန်အတွက် ကွတ်ကီးများကို ကျွန်ုပ်တို့ အသုံးပြုပါသည်။ အောက်ပါ ကိရိယာများကို အသုံးပြုခြင်းအားဖြင့် သင့်ထံပြသမည့် ကြော်ငြာများနှင့် အခြားအရာများအတွက် ဒေတာများကို ကျွန်ုပ်တို့အသုံးပြုပုံအား သင်ထိန်းချုပ်နိုင်ပါသည်။
သင့်တွင် Facebook အကောင့်ရှိပါက

သင့်တွင် Instagram အကောင့်ရှိပါက

လူတိုင်း

အွန်လိုင်း ကြော်ငြာနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များ

ဘရောက်ဇာကွတ်ကီးဆိုင်ရာ ထိန်းချုပ်မှုများ