၁။ ကျွန်ုပ်တို့ဖြည့်ဆည်းပေးသော ဝန်ဆောင်မှုများ
ကျွန်ုပ်တို့၏ ပန်းတိုင်မှာ လူများအနေဖြင့် အသိုင်းအဝိုင်းဖန်တီးပြီး ကမ္ဘာကြီးတွင် တစ်ဦးနှင့်တစ်ဦး ပို၍ရင်းနှီးနွေးထွေးလာအောင် အတူတကွ ဆောင်ရွက်နိုင်ရေးအတွက် စွမ်းအားပေးရန်ဖြစ်သည်။ ထိုပန်းတိုင်ကို ရှေ့ဆက်လှမ်းရာတွင် အကူအညီဖြစ်စေရန် ကျွန်ုပ်တို့က အောက်၌ ဖော်ပြထားသည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို သင့်အတွက် ပံ့ပိုးပေးပါမည်-
၁.၁ သင့်အတွက် ကိုက်ညီမှုရှိသော သုံးစွဲမှုပုံစံကို ပံ့ပိုးပေးရန်-
ပို့စ်များ၊ စတိုရီများ၊ ပွဲအစီအစဉ်များ၊ ကြော်ငြာများနှင့် Facebook အလင်းစဉ် သို့မဟုတ် ကျွန်ုပ်တို့၏ ဗီဒီယိုပလက်ဖောင်းတွင် သင်ကြည့်ရှုသည့် အခြားသော အကြောင်းအရာများမှစ၍ သင်စောင့်ကြည့်ထားသော Facebook စာမျက်နှာများနှင့် Facebook Marketplace နှင့် ရှာဖွေမှုကဲ့သို့ သင်အသုံးပြုနိုင်သည့် အခြားသော လုပ်ဆောင်ချက်များအထိ Facebook ပေါ်တွင် သင်၏ ကြည့်ရှုသုံးစွဲမှုပုံစံသည် အခြားသူများနှင့် မတူညီပေ။ ဥပမာအားဖြင့် သင့်သုံးစွဲမှုအတွေ့အကြုံကို ကိုက်ညီအောင်ပြင်ဆင်ရန် ကျွန်ုပ်တို့၏ ထုတ်ကုန်များပေါ်တွင်နှင့် ယင်းပြင်ပတွင် သင်ပြုလုပ်သော ဆက်သွယ်မှုများ၊ သင်ရွေးလိုက်သော ရွေးချယ်မှုများနှင့် ဆက်တင်များ၊ သင်မျှဝေ၍ လုပ်ဆောင်သော အရာများအကြောင်း အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပါသည်။
၁.၂ သင်အလေးထားသည့် လူများ၊ အဖွဲ့အစည်းများနှင့် သင့်ကို ချိတ်ဆက်ပေးရန်-
သင်အသုံးပြုသော Meta ထုတ်ကုန်အသီးသီးတွင် သင့်အတွက် အရေးပါသော လူများ၊ အဖွဲ့များ၊ လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် အခြားအရာများကို သင်ရှာဖွေ၍ ဆက်သွယ်နိုင်စေရန်အတွက် ကျွန်ုပ်တို့က ကူညီပေးပါသည်။ သင်နှင့် အခြားသူများအတွက် အကြံပြုချက်များပေးရန် - ဥပမာအားဖြင့် ပါဝင်နိုင်သောအဖွဲ့များ၊ တက်ရောက်ရန် ပွဲအစီအစဉ်များ၊ စောင့်ကြည့်ရန် သို့မဟုတ် မက်ဆေ့ပို့ရန် Facebook စာမျက်နှာများ၊ ကြည့်ရှုရန် ဖျော်ဖြေရေးအစီအစဉ်များနှင့် သင့်အနေဖြင့် သူငယ်ချင်းဖြစ်လိုသူများ စသည်တို့အတွက် ကျွန်ုပ်တို့က အချက်အလက်များကို အသုံးပြုပါသည်။ ပိုမိုခိုင်မာသော ဆက်ဆံရေးများသည် ပို၍ကောင်းမွန်သော လူမှုအဖွဲ့အစည်းများကို ဖြစ်ပေါ်စေပြီး လူများကို ၎င်းတို့အလေးထားသော ပုဂ္ဂိုလ်များ၊ အဖွဲ့များ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ချိတ်ဆက်ပေးသည့်အခါ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများက အသုံးအဝင်ဆုံးဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။
၁.၃ သင့်ကိုယ်သင် ပိုမိုဖော်ပြခွင့်ပေးရန်နှင့် သင့်အတွက် အရေးပါသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပိုမိုဆက်သွယ်ပြောဆိုခွင့်ပေးရန်-
Facebook ပေါ်တွင် သင့်ကိုယ်သင် ဖော်ပြရန်နှင့် သင့်အတွက် အရေးပါသော အကြောင်းအရာများနှင့်ပတ်သက်၍ သူငယ်ချင်းများ၊ မိသားစုများနှင့် အခြားသူများထံ ဆက်သွယ်ပြောကြားရန် နည်းလမ်းများစွာ ရှိပါသည် - ဥပမာအားဖြင့် Meta ထုတ်ကုန်အသီးသီးတွင် (သင့်ဆက်တင်များနှင့်အညီ) နောက်ဆုံးတင် စာစုများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် စတိုရီများကို မျှဝေခြင်း၊ သူငယ်ချင်းတစ်ဦးထံ သို့မဟုတ် လူများစွာထံ မက်ဆေ့များ ပေးပို့ခြင်း သို့မဟုတ် အသံခေါ်ဆိုမှု သို့မဟုတ် ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်ခြင်း၊ ပွဲအစီအစဉ်များ သို့မဟုတ် အဖွဲ့များ ဖန်တီးခြင်း သို့မဟုတ် သင့်ပရိုဖိုင်တွင် အကြောင်းအရာများ ပေါင်းထည့်ခြင်းတို့အပြင် သင့်အကြောင်းအရာကို အခြားသူများ ထိတွေ့ဆောင်ရွက်ပုံအကြောင်း အသေးစိတ်အစီရင်ခံစာများကို သင့်အား ပြသခြင်း။ ခံစားမှုကို ပို၍ ထိမိစွာဖော်ပြနိုင်ပြီး စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာကို Meta ထုတ်ကုန်များပေါ်တွင် ဖန်တီးမျှဝေရန်အတွက် ပြင်ပကမ္ဘာနှင့် ကွန်ပျူတာဓာတ်ပုံ ပေါင်းစပ်မှုနည်းပညာနှင့် ၃၆၀ ဗီဒီယိုကဲ့သို့သော နည်းပညာများကို လူများအသုံးပြုနိုင်စေမည့် နည်းလမ်းသစ်များအား ကျွန်ုပ်တို့က တီထွင်ဖန်တီးပေးခဲ့သည့်အပြင် နည်းလမ်းအသစ်များကိုလည်း ဆက်လက်စူးစမ်းရှာဖွေလျက်ရှိသည်။
၁.၄ သင်စိတ်ဝင်စားနိုင်သည့် အကြောင်းအရာများ၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို သင်ရှာဖွေတွေ့ရှိအောင် ကူညီပေးရန်-
Facebook နှင့် အခြား Meta ထုတ်ကုန်များကို အသုံးပြုသော လုပ်ငန်းနှင့် အဖွဲ့အစည်း အများအပြားက ကမ်းလှမ်းပေးလာသည့် အကြောင်းအရာ၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို သင်ရှာဖွေတွေ့ရှိနိုင်စေရန်အတွက် ကျွန်ုပ်တို့က သင့်အား ကိုက်ညီမှုရှိသော ကြော်ငြာများ၊ ကမ်းလှမ်းချက်များနှင့် အခြားသော အခပေးကြော်ငြာ သို့မဟုတ် စီးပွားရေးဆိုင်ရာ အကြောင်းအရာများကို ပြသပေးပါသည်။ အောက်ပါ အပိုင်း ၂ တွင် ဤအကြောင်းအရာကို ပိုမိုအသေးစိတ်ရှင်းပြထားသည်။
၁.၅ ကျွန်ုပ်တို့ဝန်ဆောင်မှုများ၏ အန္တရာယ်ကင်းရှင်းရေး၊ ဘေးကင်းလုံခြုံရေးနှင့် သမာသမတ်ကျမှုကို မြှင့်တင်ရန်၊ အန္တရာယ်ရှိသော လုပ်ရပ်များကို တိုက်ဖျက်ရန်နှင့် ကျွန်ုပ်တို့၏ အသုံးပြုသူများရှိရာ အသိုင်းအဝိုင်းကို ဘေးကင်းလုံခြုံအောင်ထားရန်-
လူများသည် ၎င်းတို့ဘေးကင်းလုံခြုံသည်ဟု ခံစားရမှသာလျှင် Meta ထုတ်ကုန်များပေါ်၌ အသိုင်းအဝိုင်းတစ်ခုကို ဖန်တီးတည်ဆောက်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ (ရရှိနိုင်မှု၊ စစ်မှန်မှု၊ တည်တံ့ခိုင်မြဲမှုနှင့် လျှို့ဝှက်ထားရှိမှုများ အပါအဝင်) ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းရန် ကျွန်ုပ်တို့ ကြိုးစားလုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များကို တလွဲသုံးနိုင်သည့် အလားအလာ၊ အခြားသူများကို ထိခိုက်နစ်နာစေသည့် အပြုအမူများနှင့် ချိုးဖောက်နိုင်ခြေရှိသော အကြောင်းအရာကို တိုင်ကြားလာသော အသုံးပြုသူများကို တုံ့ပြန်ခြင်းများ အပါအဝင် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းကိုကူ၍ ပံ့ပိုးပေးနိုင်သော သို့မဟုတ် ကာကွယ်နိုင်သော အခြေအနေများအား ရှာဖွေရန် သီးသန့်အဖွဲ့များကို ကမ္ဘာအနှံ့ ဖွဲ့စည်းပေးထား၍ ပြင်ပမှ ဝန်ဆောင်မှုပေးသူများ၊ မိတ်ဖက်များနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အဆင့်မြင့် နည်းပညာသုံးစနစ်များကို တီထွင်လျက်ရှိပါသည်။ ဤကဲ့သို့ အကြောင်းအရာ သို့မဟုတ် လုပ်ဆောင်မှုကို ကျွန်ုပ်တို့ သိရှိပါက သင့်ကို သတိပေးခြင်း၊ အကူအညီကမ်းလှမ်းခြင်း၊ အကြောင်းအရာကို ဖယ်ရှားခြင်း၊ လုပ်ဆောင်ချက်အချို့အား ဝင်ရောက်အသုံးပြုခွင့်ကို ဖယ်ရှားခြင်း သို့မဟုတ် ကန့်သတ်ခြင်း၊ အကောင့်ပိတ်ခြင်း သို့မဟုတ် ဥပဒေစိုးမိုးရေးဌာနသို့ ဆက်သွယ်ခြင်းတို့အပါအဝင် ကျွန်ုပ်တို့၏ အကဲဖြတ်ချက်ပေါ်အခြေခံ၍ သင့်တော်သလို အရေးယူဆောင်ရွက်နိုင်ပါသည်။ ကျွန်ုပ်တို့၏ထုတ်ကုန်တစ်ခုကို အသုံးပြုနေသော တစ်စုံတစ်ယောက်၏ အလွဲသုံးစားမှု သို့မဟုတ် အန္တရာယ်ရှိသော လုပ်ရပ်ကို ကျွန်ုပ်တို့က ရှာဖွေတွေ့ရှိလျှင် သို့မဟုတ် Meta ထုတ်ကုန်များ၊ အသုံးပြုသူများနှင့် လူမှုအဖွဲ့အစည်းတို့ လုံခြုံစေရန် ထိန်းသိမ်းထားရာတွင် အထောက်ကူဖြစ်စေရန် ကျွန်ုပ်တို့သည် အချက်အလက်များကို Meta ၏ ကုမ္ပဏီများ နှင့် မျှဝေပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် ငွေကြေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးသော Meta ကုမ္ပဏီများအား အန္တရာယ်ကင်းရှင်းရေး၊ ဘေးကင်းလုံခြုံရေးနှင့် သမာသမတ်ကျမှုတို့ကို အားပေးမြှင့်တင်ရန်နှင့် သက်ဆိုင်ရာ ဥပဒေကို လိုက်နာရန်အတွက် ကူညီပေးရန် အချက်အလက်များကို ၎င်းတို့နှင့် မျှဝေပါသည်။ Meta သည် ထိုသို့ပြုလုပ်ရန် ဥပဒေက သတ်မှတ်ထားသည် သို့မဟုတ် ခွင့်ပြုထားသည်ဟု သဘောရိုးဖြင့် ယုံကြည်ပါက သင့်အကြောင်း ၎င်းစုဆောင်းထားသော အချက်အလက်မှန်သမျှကို ဝင်ရောက်အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းနှင့် မျှဝေခြင်းတို့ကို ပြုလုပ်နိုင်သည်။ အချက်အလက်များကို ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ ကို စိစစ်သုံးသပ်ပါ။ အချို့သောကိစ္စရပ်များတွင် ကြီးကြပ်ရေးဘုတ်အဖွဲ့သည် ၎င်း၏စည်းမျဉ်းများနှင့် နည်းဥပဒေများနှင့်အညီ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များကို စိစစ်သုံးသပ်ပေးနိုင်ပါသည်။ ဤနေရာ တွင် ပိုမိုလေ့လာပါ။ ၁.၆ လူတိုင်းအတွက် ဘေးကင်း၍ လက်တွေ့အသုံးဝင်သော ဝန်ဆောင်မှုများကို ဖော်ဆောင်ပေးမည့် အဆင့်မြင့်နည်းပညာများကို အသုံးပြုရန်နှင့် တီထွင်ဖန်တီးရန်-
ရုပ်ပိုင်းဆိုင်ရာစွမ်းရည် သို့မဟုတ် ပထဝီဝင်တည်နေရာတို့နှင့်မဆိုင်ဘဲ ကျွန်ုပ်တို့၏ ထုတ်ကုန်များကို လူများ ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်စေရန် လူလုပ်အသိဉာဏ်တု၊ စိစစ်ဆုံးဖြတ်နိုင်ရန် ကွန်ပျူတာအား လေ့လာသင်ယူစေခြင်းစနစ်များနှင့် ပြင်ပကမ္ဘာနှင့် ကွန်ပျူတာဓာတ်ပုံ ပေါင်းစပ်မှုနည်းပညာကဲ့သို့ အဆင့်မြင့်နည်းပညာများကို ကျွန်ုပ်တို့က အသုံးပြုပြီး တိုးတက်အောင် လုပ်ဆောင်ပါသည်။ ဥပမာ Facebook သို့မဟုတ် Instagram တွင် မျှဝေခဲ့သည့် ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများထဲ၌ ဘာရှိသလဲ သို့မဟုတ် ဘယ်သူလဲဆိုသည်ကို အမြင်အာရုံမကောင်းသူများ သိနားလည်အောင် အထောက်အကူပေးသည့် နည်းပညာကဲ့သို့ ဖြစ်သည်။ ကန့်သတ်ဝင်ခွင့်ရှိသော နေရာများတွင် လူအများပိုမို၍ အင်တာနက်ကို ချိတ်ဆက်ရန် အထောက်အကူဖြစ်စေသည့် ခေတ်မီကွန်ရက်နှင့် ဆက်သွယ်ရေးနည်းပညာကိုလည်း ကျွန်ုပ်တို့က တည်ဆောက်ပေးပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းနှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များ၏ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေမည့် အလွဲသုံးစားပြုသော၊ အန္တရာယ်ရှိသော လှုပ်ရှားဆောင်ရွက်မှုကို ကျွန်ုပ်တို့၏ရှာဖွေဖယ်ရှားနိုင်စွမ်း တိုးတက်လာစေရန် အလိုအလျောက် လုပ်ဆောင်သော စနစ်များကို ကျွန်ုပ်တို့ တီထွင်ဖန်တီးပါသည်။
၁.၇ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေမည့် နည်းလမ်းများကို သုတေသနပြုရန်-
ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ပုံဖော်ဖန်တီးရန်၊ စမ်းသပ်ရန်နှင့် တိုးတက်အောင်လုပ်ရန်အတွက် သုတေသနပြုရာတွင် ကျွန်ုပ်တို့ပါဝင်ဆောင်ရွက်သည်။ ဤတွင် ဥပမာအားဖြင့် စစ်တမ်းများကောက်ယူခြင်း၊ လုပ်ဆောင်ချက်အသစ်များကို စမ်းသပ်ခြင်းနှင့် ပြစ်ချက်ရှာဖွေဖြေရှင်းခြင်းဖြင့် ကျွန်ုပ်တို့၏ အသုံးပြုသူများနှင့် ပတ်သက်၍ ကျွန်ုပ်တို့တွင်ရှိသည့် ဒေတာများကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို လူအများအသုံးပြုပုံအား နားလည်အောင်လုပ်ခြင်းတို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒ တွင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို တီထွင်ဖန်တီးရန်နှင့် တိုးတက်အောင်လုပ်ဆောင်ရန် ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့က အချက်အလက်များကို အသုံးပြု၍ ဤသုတေသနကို ပံ့ပိုးပေးပုံအကြောင်း ရှင်းပြထားသည်။ ၁.၈ Meta ကုမ္ပဏီ ထုတ်ကုန်အသီးသီး၌ တစ်သမတ်တည်းဖြစ်သည့် အဆက်မပြတ်ချောမွေ့သော သုံးစွဲမှုပုံစံများကို ပံ့ပိုးပေးရန်-
ကျွန်ုပ်တို့၏ ထုတ်ကုန်များသည် သင့်အတွက်အရေးပါသည့် လူများ၊ အဖွဲ့များ၊ လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် အခြားအရာများကို သင်ရှာဖွေဆက်သွယ်နိုင်စေရန် ကူညီပေးပါသည်။ သင်အသုံးပြုသည့် မတူညီသော Meta ကုမ္ပဏီ ထုတ်ကုန် အသီးသီးတွင် တစ်သမတ်တည်းဖြစ်သည့် ချောမွေ့လွယ်ကူသော ကြည့်ရှုသုံးစွဲမှု အတွေ့အကြုံများ ရရှိစေရန်အတွက် ကျွန်ုပ်တို့၏စနစ်များကို ဒီဇိုင်းဆွဲထားပါသည်။ ဥပမာအားဖြင့် Facebook ၌ သင်ထိတွေ့ဆက်ဆံမှုရှိသောလူများနှင့် Instagram သို့မဟုတ် Messenger တွင် ပို၍လွယ်ကူစွာ ချိတ်ဆက်နိုင်စေရန် ကျွန်ုပ်တို့က အဆိုပါလူများနှင့်ပတ်သက်သည့် အချက်အလက်များကို အသုံးပြုပါသည်။ ထို့ပြင် Facebook တွင် သင် စောင့်ကြည့်ထားသော လုပ်ငန်းတစ်ခုကို Messenger မှတစ်ဆင့် သင်ချိတ်ဆက်နိုင်စေရန်လည်း ကျွန်ုပ်တို့က လုပ်ဆောင်ပေးပါသည်။ ၁.၉ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုခွင့်ရရှိကြောင်း သေချာစေခြင်း-
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို လည်ပတ်လုပ်ဆောင်ရန်နှင့် ကမ္ဘာတစ်ဝန်းရှိလူများနှင့် သင်ဆက်သွယ်နိုင်စေရန်အလို့ငှာ သင်နေထိုင်သည့် နိုင်ငံပြင်ပ အပါအဝင် ကမ္ဘာအနှံ့ရှိ ကျွန်ုပ်တို့၏ ဒေတာစင်တာများ၊ မိတ်ဖက်များ၊ ဝန်ဆောင်မှုပေးသူများ၊ ရောင်းချသူများနှင့် စနစ်များသို့ အကြောင်းအရာနှင့် အချက်အလက်တို့ကို ကျွန်ုပ်တို့က လွှဲပြောင်းရန်၊ သိမ်းဆည်းရန်နှင့် ဖြန့်ဝေရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်အတွက် ဤကမ္ဘာအနှံ့ အခြေခံအဆောက်အအုံကို အသုံးပြုရန်မှာ မရှိမဖြစ်လိုအပ်ပြီး အရေးကြီးပါသည်။ ဤအခြေခံအဆောက်အအုံကို Meta Platforms, Inc.၊ Meta Platforms Ireland Limited သို့မဟုတ် ၎င်း၏ အဖွဲ့ဝင်များက ပိုင်ဆိုင်နိုင်ပြီး လည်ပတ်လုပ်ဆောင်နိုင် သို့မဟုတ် ထိန်းချုပ်နိုင်ပါသည်။