ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ

  • ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ
    အကျဉ်းချုပ်ဖော်ပြချက်
    ၁။ ကျွန်ုပ်တို့ဖြည့်ဆည်းပေးသော ဝန်ဆောင်မှုများ
    ၂။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ငွေကြေးထောက်ပံ့ပုံ
    ၃။ Facebook နှင့် ကျွန်ုပ်တို့အသိုင်းအဝိုင်းအတွက် သင်၏ ကတိကဝတ်များ
    ၄။ ထပ်ဆောင်းပြဋ္ဌာန်းချက်များ
    ၅။ သင်လိုက်နာရနိုင်သည့် အခြားစည်းမျဉ်းများနှင့် မူဝါဒများ

ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ

အကျဉ်းချုပ်ဖော်ပြချက်
၂၀၂၅၊ ဇန်နဝါရီ ၁ မှာ စတင် အကျုံးဝင်ပါမယ် | ပုံနှိပ်ထုတ်ယူနိုင်တဲ့ ဗားရှင်းကို ကြည့်မယ်
Meta သည် လူအချင်းချင်း ဆက်သွယ်နိုင်ရန်၊ အသိုင်းအဝိုင်းများ တည်ဆောက်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ ကြီးထွားတိုးတက်နိုင်ရန်အတွက် ဆောင်ရွက်ပေးနိုင်သော နည်းပညာများနှင့် ဝန်ဆောင်မှုများကို ဖန်တီးပေးပါသည်။ (ဤစည်းမျဉ်းများမဟုတ်ဘဲ) သီးခြားစည်းမျဉ်းများ သက်ရောက်သည်ဟု ကျွန်ုပ်တို့အတိအလင်း ဖော်ပြထားသော နေရာများမှလွဲ၍ ဤဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများ ("စည်းမျဉ်းများ") သည် Facebook၊ Messenger နှင့် ကျွန်ုပ်တို့ကမ်းလှမ်းသည့် အခြားထုတ်ကုန်များ၊ ဝက်ဘ်ဆိုက်များ၊ လုပ်ဆောင်ချက်များ၊ အက်ပ်များ၊ ဝန်ဆောင်မှုများ၊ နည်းပညာများနှင့် ဆော့ဖ်ဝဲ ( Meta ထုတ်ကုန်များ သို့မဟုတ် ထုတ်ကုန်များ) ကို သင်၏ဝင်ရောက်သုံးစွဲမှုနှင့် အသုံးပြုမှုအပေါ် လွှမ်းမိုးထိန်းချုပ်ပါသည်။ (ဥပမာအားဖြင့် သင် Instagram အသုံးပြုရာတွင် Instagram အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းများကို လိုက်နာရပါသည်)။ Meta Platforms, Inc. က သင့်အား ဤထုတ်ကုန်များကို ပံ့ပိုးပေးပါသည်။ ထို့ကြောင့် ဤစည်းမျဉ်းများသည် သင်နှင့် Meta Platforms, Inc အကြား ပြုလုပ်ထားသော သဘောတူညီချက်တစ်ရပ် ဖြစ်ပါသည်။ ဤစည်းမျဉ်းများကို သင်သဘောမတူပါက Facebook ကိုဖြစ်စေ၊ ဤစည်းမျဉ်းများအရ အကျုံးဝင်သော အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုဖြစ်စေ ဝင်ရောက်သုံးစွဲခြင်း သို့မဟုတ် အသုံးပြုခြင်း မပြုလုပ်ပါနှင့်။
(ရပိုင်ခွင့်နှင့် တာဝန်များဆိုင်ရာ ကြေညာချက်အဖြစ် ယခင်က သိထားသည့်) ဤစည်းမျဉ်းများသည် ကျွန်ုပ်တို့၏ထုတ်ကုန်များကို သင်အသုံးပြုခြင်းနှင့်ပတ်သက်၍ သင်နှင့် Meta Platforms, Inc. အကြားရှိ အလုံးစုံသဘောတူညီချက် ဖြစ်ပါသည်။ ၎င်းတို့သည် ယခင်သဘောတူညီချက်မှန်သမျှကို အစားထိုးသည်။
Facebook ကို အသုံးပြုရန် သို့မဟုတ် ဤစည်းမျဉ်းများအတွင်း အကျုံးဝင်သည့် အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် အခြားနည်းအားဖြင့် ကျွန်ုပ်တို့ ဖော်ပြမထားလျှင် သင့်ထံမှ ကျွန်ုပ်တို့ ငွေကြေးမကောက်ခံပါ။ ၎င်းအစား စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် အခြားလူများက ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ကြော်ငြာများကို သင့်ထံ ပြသပေးရန် ကျွန်ုပ်တို့အား အခကြေးငွေ ပေးထားပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များကို အသုံးပြုခြင်းဖြင့် သင်နှင့် သင်၏ စိတ်ဝင်စားမှုများနှင့် ကိုက်ညီနိုင်သည်ဟု ကျွန်ုပ်တို့ယူဆသော ကြော်ငြာများကို သင့်အားပြသပေးနိုင်ကြောင်း သင်သဘောတူပါသည်။ ကျွန်ုပ်တို့သည် သင့်အား ကိုက်ညီမှုရှိသော မည်သည့်ကြော်ငြာများပြရမည်ကို ဆုံးဖြတ်နိုင်ရန်အတွက် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အသုံးပြုပါသည်။
သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကြော်ငြာသူများအား ကျွန်ုပ်တို့ရောင်းချခြင်း မပြုသလို သင့်ထံမှ တိကျသော ခွင့်ပြုချက် မပေးသရွေ့ သင့်ကို မည်သူမည်ဝါဖြစ်ကြောင်း တိုက်ရိုက်ဖော်ထုတ်သည့် အချက်အလက်များ (သင့်အမည်၊ အီးမေးလိပ်စာ သို့မဟုတ် အခြားဆက်သွယ်ရန် အချက်အလက်များကဲ့သို့) ကို ကြော်ငြာသူများနှင့် ကျွန်ုပ်တို့မမျှဝေပါ။ ယင်းအစား ကြော်ငြာသူများသည် ၎င်းတို့၏ကြော်ငြာများအား မြင်စေလိုသော ပရိသတ်အမျိုးအစားကဲ့သို့ အရာများကို ကျွန်ုပ်တို့ထံ ပြောပြနိုင်ပြီး စိတ်ဝင်စားနိုင်လောက်သူများထံသို့ ထိုကြော်ငြာများကို ကျွန်ုပ်တို့ ပြပေးပါသည်။ ကြော်ငြာသူများအား ၎င်းတို့၏ အကြောင်းအရာအပေါ် လူများမည်သို့တုံ့ပြန်ကြသည်ကို နားလည်စေရန် ၎င်းတို့ကြော်ငြာများ၏ စွမ်းဆောင်ရည်အကြောင်း အစီရင်ခံစာများကိုလည်း ကျွန်ုပ်တို့ ပေးအပ်ပါသည်။ အောက်ပါ အပိုင်း ၂ ကို ကြည့်ရှုပြီး ဤစည်းမျဉ်းများအရ ကိုက်ညီမှုရှိသော ကြော်ငြာခြင်းက Meta ထုတ်ကုန်များတွင် မည်သို့အလုပ်လုပ်ပုံအကြောင်း ပိုမိုလေ့လာပါ။
သင်မြင်တွေ့ရသော ကြော်ငြာအချို့ကို ဆုံးဖြတ်ရန်နှင့် အောက်တွင်ဖော်ပြထားသည့် အခြားဝန်ဆောင်မှုအားလုံးကို ပံ့ပိုးပေးရန်အတွက် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့မည်ကဲ့သို့ စုဆောင်းပြီး၊ အသုံးပြုပုံအကြောင်းကို ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒ တွင် ရှင်းပြပေးထားပါသည်။ သင့်အချက်အလက်ကို ကျွန်ုပ်တို့အသုံးပြုပုံနှင့်ပတ်သက်ပြီး သင့်တွင်ရှိသော ကိုယ်ရေးလုံခြုံမှု ရွေးချယ်ခွင့်များကို စိစစ်သုံးသပ်ရန် သက်ဆိုင်ရာ Meta ထုတ်ကုန်၏ ဆက်တင် စာမျက်နှာများသို့လည်း အချိန်မရွေး သွားရောက်နိုင်ပါသည်။
ဤစည်းမျဉ်းများတွင် မည်သည့်ထုတ်ကုန်များ အကျုံးဝင်သနည်း။
၁။ ကျွန်ုပ်တို့ဖြည့်ဆည်းပေးသော ဝန်ဆောင်မှုများ
ကျွန်ုပ်တို့၏ ပန်းတိုင်မှာ လူများအနေဖြင့် အသိုင်းအဝိုင်းဖန်တီးပြီး ကမ္ဘာကြီးတွင် တစ်ဦးနှင့်တစ်ဦး ပို၍ရင်းနှီးနွေးထွေးလာအောင် အတူတကွ ဆောင်ရွက်နိုင်ရေးအတွက် စွမ်းအားပေးရန်ဖြစ်သည်။ ထိုပန်းတိုင်ကို ရှေ့ဆက်လှမ်းရာတွင် အကူအညီဖြစ်စေရန် ကျွန်ုပ်တို့က အောက်၌ ဖော်ပြထားသည့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို သင့်အတွက် ပံ့ပိုးပေးပါမည်-
၁.၁ သင့်အတွက် ကိုက်ညီမှုရှိသော သုံးစွဲမှုပုံစံကို ပံ့ပိုးပေးရန်-
ပို့စ်များ၊ စတိုရီများ၊ ပွဲအစီအစဉ်များ၊ ကြော်ငြာများနှင့် Facebook အလင်းစဉ် သို့မဟုတ် ကျွန်ုပ်တို့၏ ဗီဒီယိုပလက်ဖောင်းတွင် သင်ကြည့်ရှုသည့် အခြားသော အကြောင်းအရာများမှစ၍ သင်စောင့်ကြည့်ထားသော Facebook စာမျက်နှာများနှင့် Facebook Marketplace နှင့် ရှာဖွေမှုကဲ့သို့ သင်အသုံးပြုနိုင်သည့် အခြားသော လုပ်ဆောင်ချက်များအထိ Facebook ပေါ်တွင် သင်၏ ကြည့်ရှုသုံးစွဲမှုပုံစံသည် အခြားသူများနှင့် မတူညီပေ။ ဥပမာအားဖြင့် သင့်သုံးစွဲမှုအတွေ့အကြုံကို ကိုက်ညီအောင်ပြင်ဆင်ရန် ကျွန်ုပ်တို့၏ ထုတ်ကုန်များပေါ်တွင်နှင့် ယင်းပြင်ပတွင် သင်ပြုလုပ်သော ဆက်သွယ်မှုများ၊ သင်ရွေးလိုက်သော ရွေးချယ်မှုများနှင့် ဆက်တင်များ၊ သင်မျှဝေ၍ လုပ်ဆောင်သော အရာများအကြောင်း အချက်အလက်များကို ကျွန်ုပ်တို့အသုံးပြုပါသည်။
၁.၂ သင်အလေးထားသည့် လူများ၊ အဖွဲ့အစည်းများနှင့် သင့်ကို ချိတ်ဆက်ပေးရန်-
သင်အသုံးပြုသော Meta ထုတ်ကုန်အသီးသီးတွင် သင့်အတွက် အရေးပါသော လူများ၊ အဖွဲ့များ၊ လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် အခြားအရာများကို သင်ရှာဖွေ၍ ဆက်သွယ်နိုင်စေရန်အတွက် ကျွန်ုပ်တို့က ကူညီပေးပါသည်။ သင်နှင့် အခြားသူများအတွက် အကြံပြုချက်များပေးရန် - ဥပမာအားဖြင့် ပါဝင်နိုင်သောအဖွဲ့များ၊ တက်ရောက်ရန် ပွဲအစီအစဉ်များ၊ စောင့်ကြည့်ရန် သို့မဟုတ် မက်ဆေ့ပို့ရန် Facebook စာမျက်နှာများ၊ ကြည့်ရှုရန် ဖျော်ဖြေရေးအစီအစဉ်များနှင့် သင့်အနေဖြင့် သူငယ်ချင်းဖြစ်လိုသူများ စသည်တို့အတွက် ကျွန်ုပ်တို့က အချက်အလက်များကို အသုံးပြုပါသည်။ ပိုမိုခိုင်မာသော ဆက်ဆံရေးများသည် ပို၍ကောင်းမွန်သော လူမှုအဖွဲ့အစည်းများကို ဖြစ်ပေါ်စေပြီး လူများကို ၎င်းတို့အလေးထားသော ပုဂ္ဂိုလ်များ၊ အဖွဲ့များ၊ အဖွဲ့အစည်းများနှင့် ဆက်သွယ်ချိတ်ဆက်ပေးသည့်အခါ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများက အသုံးအဝင်ဆုံးဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။
၁.၃ သင့်ကိုယ်သင် ပိုမိုဖော်ပြခွင့်ပေးရန်နှင့် သင့်အတွက် အရေးပါသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပိုမိုဆက်သွယ်ပြောဆိုခွင့်ပေးရန်-
Facebook ပေါ်တွင် သင့်ကိုယ်သင် ဖော်ပြရန်နှင့် သင့်အတွက် အရေးပါသော အကြောင်းအရာများနှင့်ပတ်သက်၍ သူငယ်ချင်းများ၊ မိသားစုများနှင့် အခြားသူများထံ ဆက်သွယ်ပြောကြားရန် နည်းလမ်းများစွာ ရှိပါသည် - ဥပမာအားဖြင့် Meta ထုတ်ကုန်အသီးသီးတွင် (သင့်ဆက်တင်များနှင့်အညီ) နောက်ဆုံးတင် စာစုများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် စတိုရီများကို မျှဝေခြင်း၊ သူငယ်ချင်းတစ်ဦးထံ သို့မဟုတ် လူများစွာထံ မက်ဆေ့များ ပေးပို့ခြင်း သို့မဟုတ် အသံခေါ်ဆိုမှု သို့မဟုတ် ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်ခြင်း၊ ပွဲအစီအစဉ်များ သို့မဟုတ် အဖွဲ့များ ဖန်တီးခြင်း သို့မဟုတ် သင့်ပရိုဖိုင်တွင် အကြောင်းအရာများ ပေါင်းထည့်ခြင်းတို့အပြင် သင့်အကြောင်းအရာကို အခြားသူများ ထိတွေ့ဆောင်ရွက်ပုံအကြောင်း အသေးစိတ်အစီရင်ခံစာများကို သင့်အား ပြသခြင်း။ ခံစားမှုကို ပို၍ ထိမိစွာဖော်ပြနိုင်ပြီး စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာကို Meta ထုတ်ကုန်များပေါ်တွင် ဖန်တီးမျှဝေရန်အတွက် ပြင်ပကမ္ဘာနှင့် ကွန်ပျူတာဓာတ်ပုံ ပေါင်းစပ်မှုနည်းပညာနှင့် ၃၆၀ ဗီဒီယိုကဲ့သို့သော နည်းပညာများကို လူများအသုံးပြုနိုင်စေမည့် နည်းလမ်းသစ်များအား ကျွန်ုပ်တို့က တီထွင်ဖန်တီးပေးခဲ့သည့်အပြင် နည်းလမ်းအသစ်များကိုလည်း ဆက်လက်စူးစမ်းရှာဖွေလျက်ရှိသည်။
၁.၄ သင်စိတ်ဝင်စားနိုင်သည့် အကြောင်းအရာများ၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို သင်ရှာဖွေတွေ့ရှိအောင် ကူညီပေးရန်-
Facebook နှင့် အခြား Meta ထုတ်ကုန်များကို အသုံးပြုသော လုပ်ငန်းနှင့် အဖွဲ့အစည်း အများအပြားက ကမ်းလှမ်းပေးလာသည့် အကြောင်းအရာ၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို သင်ရှာဖွေတွေ့ရှိနိုင်စေရန်အတွက် ကျွန်ုပ်တို့က သင့်အား ကိုက်ညီမှုရှိသော ကြော်ငြာများ၊ ကမ်းလှမ်းချက်များနှင့် အခြားသော အခပေးကြော်ငြာ သို့မဟုတ် စီးပွား​ရေးဆိုင်ရာ အကြောင်းအရာများကို ပြသပေးပါသည်။ အောက်ပါ အပိုင်း ၂ တွင် ဤအကြောင်းအရာကို ပိုမိုအသေးစိတ်ရှင်းပြထားသည်။
၁.၅ ကျွန်ုပ်တို့ဝန်ဆောင်မှုများ၏ အန္တရာယ်ကင်းရှင်းရေး၊ ဘေးကင်းလုံခြုံရေးနှင့် သမာသမတ်ကျမှုကို မြှင့်တင်ရန်၊ အန္တရာယ်ရှိသော လုပ်ရပ်များကို တိုက်ဖျက်ရန်နှင့် ကျွန်ုပ်တို့၏ အသုံးပြုသူများရှိရာ အသိုင်းအဝိုင်းကို ဘေးကင်းလုံခြုံအောင်ထားရန်-
လူများသည် ၎င်းတို့ဘေးကင်းလုံခြုံသည်ဟု ခံစားရမှသာလျှင် Meta ထုတ်ကုန်များပေါ်၌ အသိုင်းအဝိုင်းတစ်ခုကို ဖန်တီးတည်ဆောက်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ (ရရှိနိုင်မှု၊ စစ်မှန်မှု၊ တည်တံ့ခိုင်မြဲမှုနှင့် လျှို့ဝှက်ထားရှိမှုများ အပါအဝင်) ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းရန် ကျွန်ုပ်တို့ ကြိုးစားလုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များကို တလွဲသုံးနိုင်သည့် အလားအလာ၊ အခြားသူများကို ထိခိုက်နစ်နာစေသည့် အပြုအမူများနှင့် ချိုးဖောက်နိုင်ခြေရှိသော အကြောင်းအရာကို တိုင်ကြားလာသော အသုံးပြုသူများကို တုံ့ပြန်ခြင်းများ အပါအဝင် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းကိုကူ၍ ပံ့ပိုးပေးနိုင်သော သို့မဟုတ် ကာကွယ်နိုင်သော အခြေအနေများအား ရှာဖွေရန် သီးသန့်အဖွဲ့များကို ကမ္ဘာအနှံ့ ဖွဲ့စည်းပေးထား၍ ပြင်ပမှ ဝန်​ဆောင်မှု​ပေး​သူများ၊ မိတ်ဖက်များနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အဆင့်မြင့် နည်းပညာသုံးစနစ်များကို တီထွင်လျက်ရှိပါသည်။ ဤကဲ့သို့ အကြောင်းအရာ သို့မဟုတ် လုပ်ဆောင်မှုကို ကျွန်ုပ်တို့ သိရှိပါက သင့်ကို သတိပေးခြင်း၊ အကူအညီကမ်းလှမ်းခြင်း၊ အကြောင်းအရာကို ဖယ်ရှားခြင်း၊ လုပ်ဆောင်ချက်အချို့အား ဝင်ရောက်အသုံးပြုခွင့်ကို ဖယ်ရှားခြင်း သို့မဟုတ် ကန့်သတ်ခြင်း၊ အကောင့်ပိတ်ခြင်း သို့မဟုတ် ဥပဒေစိုးမိုးရေးဌာနသို့ ဆက်သွယ်ခြင်းတို့အပါအဝင် ကျွန်ုပ်တို့၏ အကဲဖြတ်ချက်ပေါ်အခြေခံ၍ သင့်တော်သလို အရေးယူဆောင်ရွက်နိုင်ပါသည်။ ကျွန်ုပ်တို့၏ထုတ်ကုန်တစ်ခုကို အသုံးပြုနေသော တစ်စုံတစ်ယောက်၏ အလွဲသုံးစားမှု သို့မဟုတ် အန္တရာယ်ရှိသော လုပ်ရပ်ကို ကျွန်ုပ်တို့က ရှာဖွေတွေ့ရှိလျှင် သို့မဟုတ် Meta ထုတ်ကုန်များ၊ အသုံးပြုသူများနှင့် လူမှုအဖွဲ့အစည်းတို့ လုံခြုံစေရန် ထိန်းသိမ်းထားရာတွင် အထောက်ကူဖြစ်စေရန် ကျွန်ုပ်တို့သည် အချက်အလက်များကို Meta ၏ ကုမ္ပဏီများ နှင့် မျှဝေပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် ​​ငွေ​ကြေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်​ဆောင်မှုများကို ပံ့ပိုး​ပေး​​သော Meta ကုမ္ပဏီများအား အန္တရာယ်ကင်းရှင်းရေး၊ ဘေးကင်းလုံခြုံရေးနှင့် သမာသမတ်ကျမှုတို့ကို အား​ပေးမြှင့်တင်ရန်နှင့် သက်ဆိုင်ရာ ဥပ​ဒေကို လိုက်နာရန်အတွက် ကူညီ​ပေးရန် အချက်အလက်များကို ၎င်းတို့နှင့် မျှဝေပါသည်။ Meta သည် ထိုသို့ပြုလုပ်ရန် ဥပဒေက သတ်မှတ်ထားသည် သို့မဟုတ် ခွင့်ပြုထားသည်ဟု သဘောရိုးဖြင့် ယုံကြည်ပါက သင့်အကြောင်း ၎င်းစုဆောင်းထားသော အချက်အလက်မှန်သမျှကို ဝင်ရောက်အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းနှင့် မျှဝေခြင်းတို့ကို ပြုလုပ်နိုင်သည်။ အချက်အလက်များကို ပိုမိုသိရှိရန် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒကို စိစစ်သုံးသပ်ပါ။
အချို့​သောကိစ္စရပ်များတွင် ကြီးကြပ်​ရေးဘုတ်အဖွဲ့သည် ၎င်း၏စည်းမျဉ်းများနှင့် နည်းဥပဒေများနှင့်အညီ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များကို စိစစ်သုံးသပ်​ပေးနိုင်ပါသည်။ ဤနေရာတွင် ပိုမိုလေ့လာပါ။
၁.၆ လူတိုင်းအတွက် ဘေးကင်း၍ လက်တွေ့အသုံးဝင်သော ဝန်ဆောင်မှုများကို ဖော်ဆောင်ပေးမည့် အဆင့်မြင့်နည်းပညာများကို အသုံးပြုရန်နှင့် တီထွင်ဖန်တီးရန်-
ရုပ်ပိုင်းဆိုင်ရာစွမ်းရည် သို့မဟုတ် ပထဝီဝင်တည်နေရာတို့နှင့်မဆိုင်ဘဲ ကျွန်ုပ်တို့၏ ထုတ်ကုန်များကို လူများ ​ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်စေရန် လူလုပ်အသိဉာဏ်တု၊ စိစစ်ဆုံးဖြတ်နိုင်ရန် ကွန်ပျူတာအား လေ့လာသင်ယူစေခြင်းစနစ်များနှင့် ပြင်ပကမ္ဘာနှင့် ကွန်ပျူတာဓာတ်ပုံ ပေါင်းစပ်မှုနည်းပညာကဲ့သို့ အဆင့်မြင့်နည်းပညာများကို ကျွန်ုပ်တို့က အသုံးပြုပြီး တိုးတက်အောင် လုပ်​ဆောင်​ပါသည်။ ဥပမာ Facebook သို့မဟုတ် Instagram တွင် မျှဝေခဲ့သည့် ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများထဲ၌ ဘာရှိသလဲ သို့မဟုတ် ဘယ်သူလဲဆိုသည်ကို အမြင်အာရုံမကောင်းသူများ သိနားလည်အောင် အထောက်အကူပေးသည့် နည်းပညာကဲ့သို့ ဖြစ်သည်။ ကန့်သတ်ဝင်ခွင့်ရှိသော နေရာများတွင် လူအများပိုမို၍ အင်တာနက်ကို ချိတ်ဆက်ရန် အထောက်အကူဖြစ်စေသည့် ခေတ်မီကွန်ရက်နှင့် ဆက်သွယ်ရေးနည်းပညာကိုလည်း ကျွန်ုပ်တို့က တည်ဆောက်ပေးပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းနှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များ၏ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေမည့် အလွဲသုံးစားပြုသော၊ အန္တရာယ်ရှိသော လှုပ်ရှားဆောင်ရွက်မှုကို ကျွန်ုပ်တို့၏ရှာဖွေဖယ်ရှားနိုင်စွမ်း တိုးတက်လာစေရန် အလိုအလျောက် လုပ်ဆောင်သော စနစ်များကို ကျွန်ုပ်တို့ တီထွင်ဖန်တီးပါသည်။
၁.၇ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေမည့် နည်းလမ်းများကို သုတေသနပြုရန်-
ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ပုံဖော်ဖန်တီးရန်၊ စမ်းသပ်ရန်နှင့် တိုးတက်အောင်လုပ်ရန်အတွက် သုတေသနပြုရာတွင် ကျွန်ုပ်တို့ပါဝင်ဆောင်ရွက်သည်။ ဤတွင် ဥပမာအားဖြင့် စစ်တမ်းများကောက်ယူခြင်း၊ လုပ်ဆောင်ချက်အသစ်များကို စမ်းသပ်ခြင်းနှင့် ပြစ်ချက်ရှာဖွေဖြေရှင်းခြင်းဖြင့် ကျွန်ုပ်တို့၏ အသုံးပြုသူများနှင့် ပတ်သက်၍ ကျွန်ုပ်တို့တွင်ရှိသည့် ဒေတာများကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို လူအများအသုံးပြုပုံအား နားလည်အောင်လုပ်ခြင်းတို့ ပါဝင်ပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာမူဝါဒတွင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို တီထွင်ဖန်တီးရန်နှင့် တိုးတက်အောင်လုပ်ဆောင်ရန် ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့က အချက်အလက်များကို အသုံးပြု၍ ဤသုတေသနကို ပံ့ပိုးပေးပုံအကြောင်း ရှင်းပြထားသည်။
၁.၈ Meta ကုမ္ပဏီ ထုတ်ကုန်အသီးသီး၌ တစ်သမတ်တည်းဖြစ်သည့် အဆက်မပြတ်ချောမွေ့သော သုံးစွဲမှုပုံစံများကို ပံ့ပိုးပေးရန်-
ကျွန်ုပ်တို့၏ ထုတ်ကုန်များသည် သင့်အတွက်အရေးပါသည့် လူများ၊ အဖွဲ့များ၊ လုပ်ငန်းများ၊ အဖွဲ့အစည်းများနှင့် အခြားအရာများကို သင်ရှာဖွေဆက်သွယ်နိုင်စေရန် ကူညီပေးပါသည်။ သင်အသုံးပြုသည့် မတူညီသော Meta ကုမ္ပဏီ ထုတ်ကုန် အသီးသီးတွင် တစ်သမတ်တည်းဖြစ်သည့် ချောမွေ့လွယ်ကူသော ကြည့်ရှုသုံးစွဲမှု အတွေ့အကြုံများ ရရှိစေရန်အတွက် ကျွန်ုပ်တို့၏စနစ်များကို ဒီဇိုင်းဆွဲထားပါသည်။ ဥပမာအားဖြင့် Facebook ၌ သင်ထိတွေ့ဆက်ဆံမှုရှိသောလူများနှင့် Instagram သို့မဟုတ် Messenger တွင် ပို၍လွယ်ကူစွာ ချိတ်ဆက်နိုင်စေရန် ကျွန်ုပ်တို့က အဆိုပါလူများနှင့်ပတ်သက်သည့် အချက်အလက်များကို အသုံးပြုပါသည်။ ထို့ပြင် Facebook တွင် သင် စောင့်ကြည့်ထားသော လုပ်ငန်းတစ်ခုကို Messenger မှတစ်ဆင့် သင်ချိတ်ဆက်နိုင်စေရန်လည်း ကျွန်ုပ်တို့က လုပ်ဆောင်ပေးပါသည်။
၁.၉ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုခွင့်ရရှိကြောင်း သေချာစေခြင်း-
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို လည်ပတ်လုပ်ဆောင်ရန်နှင့် ကမ္ဘာတစ်ဝန်းရှိလူများနှင့် သင်ဆက်သွယ်နိုင်​စေရန်အလို့ငှာ သင်နေထိုင်သည့် နိုင်ငံပြင်ပ အပါအဝင် ကမ္ဘာအနှံ့ရှိ ကျွန်ုပ်တို့၏ ဒေတာစင်တာများ၊ မိတ်ဖက်များ၊ ဝန်ဆောင်မှုပေးသူများ၊ ရောင်းချသူများနှင့် စနစ်များသို့ အကြောင်းအရာနှင့် အချက်အလက်တို့ကို ကျွန်ုပ်တို့က လွှဲပြောင်းရန်၊ သိမ်းဆည်းရန်နှင့် ဖြန့်ဝေရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်အတွက် ဤကမ္ဘာအနှံ့ အခြေခံအဆောက်အအုံကို အသုံးပြုရန်မှာ မရှိမဖြစ်လိုအပ်ပြီး အရေးကြီးပါသည်။ ဤအခြေခံအဆောက်အအုံကို Meta Platforms, Inc.၊ Meta Platforms Ireland Limited သို့မဟုတ် ၎င်း၏ အဖွဲ့ဝင်များက ပိုင်ဆိုင်နိုင်ပြီး လည်ပတ်လုပ်ဆောင်နိုင် သို့မဟုတ် ထိန်းချုပ်နိုင်ပါသည်။
၂။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ငွေကြေးထောက်ပံ့ပုံ
Facebook နှင့် ကျွန်ုပ်တို့ပံ့ပိုးပေးသော အခြားထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အခကြေးငွေပေး၍အသုံးပြုမည့်အစား ဤစည်းမျဉ်းများအတွင်း အကျုံးဝင်သည့် Meta ထုတ်ကုန်များကို အသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့က သင့်အား ကိုက်ညီမှုရှိသော ကြော်ငြာများအပြင် Meta ကုမ္ပဏီ ထုတ်ကုန်များပေါ်တွင်နှင့် ယင်းပြင်ပတွင် လုပ်ငန်းများနှင့် အဖွဲ့အစည်းများက ကျွန်ုပ်တို့ကို ငွေပေးချေ၍ ကြော်ငြာခိုင်းထားသည့် အခြားစီးပွားရေးကြော်ငြာနှင့် အခပေးကြော်ငြာ အကြောင်းအရာကို သင့်အား ပြသနိုင်သည်ကို သင်သဘောတူပါသည်။ သင်နှင့်ပိုမိုသက်ဆိုင်မှုရှိနိုင်သည့် ကိုက်ညီမှုရှိသော ကြော်ငြာများနှင့် အခပေးကြော်ငြာ အကြောင်းအရာများကို သင့်အား ပြသရန်အလို့ငှာ သင်၏ လှုပ်ရှားဆောင်ရွက်မှုနှင့် စိတ်ဝင်စားမှုများအကြောင်း အချက်အလက်များကဲ့သို့ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ကျွန်ုပ်တို့ အသုံးပြုပါသည်။
အသုံးပြုသူများ၏ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ခြင်းသည် ကျွန်ုပ်တို့၏ ကိုက်ညီမှုရှိသော ကြော်ငြာစနစ်ကို ဖန်တီးပုံအတွက် အဓိကကျသည်။ ဆိုလိုသည်မှာ သင်မည်သူဖြစ်သည်ကို ကြော်ငြာသူများအား မပြောပြဘဲ သင်နှင့်ဆက်စပ်မှုရှိပြီး အသုံးဝင်သော ကြော်ငြာများကို ကျွန်ုပ်တို့ ပြသနိုင်ပါသည်။ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့ ရောင်းချခြင်းမပြုပါ။ ကြော်ငြာသူများကိုမူ ၎င်းတို့၏ လုပ်ငန်းရည်မှန်းချက်၊ ၎င်းတို့၏ ကြော်ငြာများကို မြင်စေလိုသည့် ပရိသတ်အမျိုးအစား (ဥပမာ- စက်ဘီးစီးခြင်းကို နှစ်သက်သည့် အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား လူပုဂ္ဂိုလ်များ) ကဲ့သို့သော အရာများကို ကျွန်ုပ်တို့အား ပြောပြခွင့်ပြုသည်။ ထို့နောက် သူတို့၏ ကြော်ငြာကို စိတ်ဝင်စားနိုင်လောက်သည်ဟု ကျွန်ုပ်တို့ယူဆသော လူများထံ ပြသပေးပါသည်။
ကြော်ငြာသူများအား Meta ထုတ်ကုန်များပေါ်နှင့် ယင်းပြင်ပတွင် ၎င်းတို့၏ အကြောင်းအရာများကို လူများမည်သို့တုံ့ပြန်ကြသည်ကို နားလည်စေရန် ထိုကြော်ငြာများ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်သော အစီရင်ခံစာများကိုလည်း ကျွန်ုပ်တို့ပေးအပ်ပါသည်။ ဥပမာ- ကြော်ငြာသူများကို ၎င်းတို့၏ ပရိသတ်အကြောင်း ပိုမိုနားလည်စေရန် မက်ဒရစ်တွင်​နေထိုင်​ပြီး ​ဆော့ဖ်ဝဲအင်ဂျင်နီယာပညာကို နှစ်သက်​သော အသက် ၂၅ နှစ်မှ ၃၄ နှစ်အကြားရှိသည့် အမျိုးသမီးများက ​ကြော်ငြာတစ်ခုကို ကြည့်ခဲ့သည်ဟူသော အချက်အလက်ကဲ့သို့ အထွေထွေ လူမှုအချက်အလက်များနှင့် စိတ်ဝင်စားမှု အချက်အလက်များကို ကျွန်ုပ်တို့က ပံ့ပိုးပေးပါသည်။ သင်က ကျွန်ုပ်တို့ကို တိကျသည့် ခွင့်ပြုချက်မပေးထားလျှင် သင်မည်သူမည်ဝါဖြစ်ကြောင်း တိုက်ရိုက်ဖော်ထုတ်သည့် အချက်အလက်များ (သင့်ကိုဆက်သွယ်ရန် အသုံးပြုနိုင်သော သို့မဟုတ် သင် မည်သူဖြစ်ကြောင်း ဖော်ထုတ်သော သင့်အမည် သို့မဟုတ် အီးမေးလိပ်စာကဲ့သို့ အချက်အလက်များ) အား ကျွန်ုပ်တို့မမျှဝေပါ။ Meta ကြော်ငြာများအလုပ်လုပ်ပုံကို ဤနေရာတွင် ပိုမိုလေ့လာပါ။
အထက်တွင်ဖော်ပြထားသော ဝန်ဆောင်မှုများကို သင့်အား ပံ့ပိုးပေးရန် သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ကျွန်ုပ်တို့စုစည်းရယူပြီး အသုံးပြုပါသည်။ သင့်အချက်အလက်အား ကျွန်ုပ်တို့ စုဆောင်းပုံနှင့် အသုံးပြုပုံတို့ကို ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒ တွင်လေ့လာနိုင်ပါသည်။ သင်မြင်တွေ့ရသည့် ကြော်ငြာနှင့် ကြော်ငြာသူ အမျိုးအစားများအပြင် သင့်အား မည်သည့်ကြော်ငြာများ ပြသမည်ကို ဆုံးဖြတ်ရာတွင် ကျွန်ုပ်တို့အသုံးပြုသော အချက်အလက်အမျိုးအစားများကို သင့်တွင် ထိန်းချုပ်ပိုင်ခွင့်များ ရှိသည်။ ပိုမိုလေ့လာရန်။
၃။ Facebook နှင့် ကျွန်ုပ်တို့အသိုင်းအဝိုင်းအတွက် သင်၏ ကတိကဝတ်များ
ကျွန်ုပ်တို့၏ အနာဂတ်ပန်းတိုင်အတွက် ရှေ့ဆက်လှမ်းရာတွင် အကူအညီဖြစ်စေရန် ဤဝန်ဆောင်မှုများကို သင်နှင့် အခြားသူများအား ကျွန်ုပ်တို့က ပံ့ပိုးပေးပါသည်။ အပြန်အလှန်အနေဖြင့် ကျွန်ုပ်တို့အတွက် အောက်ပါကတိကဝတ်များကို သင့်ဘက်က ပေးအပ်ရန် လိုအပ်ပါသည်-
၃.၁ Facebook ကို မည်သူတို့ အသုံးပြုနိုင်သနည်း
လူများက ၎င်းတို့၏ ယူဆချက်များနှင့် လုပ်ဆောင်မှုများနောက်ကွယ်မှ ခိုင်မာစွာ ရပ်တည်ပြောဆိုနိုင်သည့်အခါ ကျွန်ုပ်တို့၏လူမှုအဖွဲ့အစည်းသည်လည်း ပိုမိုဘေးကင်း၍ ပိုမိုတာဝန်ခံမှုရှိလာပါမည်။ ထို့ကြောင့် သင့်အနေဖြင့် လုပ်ဆောင်ရမည်မှာ-
  • သင့်အကောင့်အတွက် သင်နေ့စဉ်ဘဝတွင် အသုံးပြုနေသည့် အမည်ကိုပင် ပေးရမည်။
  • သင်နှင့်ပတ်သက်ပြီး တိကျမှန်ကန်သော အချက်အလက်ကို ပေးရမည်။
  • (သင့်ကိုယ်ပိုင်) အကောင့်တစ်ခုသာ ဖန်တီးပြီး ၎င်းကို ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များအတွက် အသုံးပြုရမည်။
  • သင့်စကားဝှက်ကို မမျှဝေရပါ။ အခြားသူများကို သင့် Facebook အကောင့်ထဲ ဝင်သုံးခွင့်မပေးရပါ သို့မဟုတ် (ကျွန်ုပ်တို့၏ ခွင့်ပြုချက်မရှိဘဲ) သင့်အကောင့်ကို တခြားတစ်ဦးဦးထံသို့ မလွှဲပြောင်းရပါ။
ကျွန်ုပ်တို့က Facebook ကို ယေဘုယျအားဖြင့် လူတိုင်းအသုံးပြုနိုင်အောင် ကြိုးစားဆောင်ရွက်ပေးသော်လည်း အောက်ပါအခြေအနေများတွင် Facebook ကို သင် အသုံးမပြုနိုင်ပါ-
  • သင်က အသက် ၁၃ နှစ်အောက်ဖြစ်လျှင်။
  • သင်က လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူတစ်ဦး ဖြစ်နေလျှင်။
  • ကျွန်ုပ်တို့၏ စည်းမျဉ်းများ၊ လူမှုစံနှုန်းများ သို့မဟုတ် သင်၏ Facebook အသုံးပြုမှုအပေါ် သက်ရောက်သည့် အခြားစည်းမျဉ်းများနှင့် မူဝါဒများကို ချိုးဖောက်မှုများကြောင့် သင့်အကောင့်ကို ကျွန်ုပ်တို့ ယခင်က ပိတ်ထားခဲ့သည်။ ကျွန်ုပ်တို့၏ စည်းမျဉ်းများ၊ လူမှုစံနှုန်းများ သို့မဟုတ် အခြားစည်းမျဉ်းများနှင့် မူဝါဒများကို ချိုး​ဖောက်မှု​ကြောင့် သင့်အ​ကောင့်ကို ကျွန်ုပ်တို့ပိတ်ပင်လိုက်ပါက ကျွန်ုပ်တို့၏ခွင့်ပြုချက်မရှိဘဲ အခြားအ​ကောင့်တစ်ခု မဖွင့်ရန် သင်သဘောတူရမည်။ အကောင့်အသစ်ဖွင့်ရန် ခွင့်ပြုချက်ရယူခြင်းကို ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် ပေးအပ်ထားခြင်းဖြစ်ပြီး အကြောင်းအရင်းမရှိဘဲ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူထားခြင်း သို့မဟုတ် ယင်းအရေးယူမှု မှားယွင်းနေခြင်းဖြစ်သည်ဟု မဆိုလိုပါ သို့မဟုတ် သွယ်ဝိုက်မရည်ညွှန်းပါ။
  • သက်ဆိုင်သည့် ဥပဒေများအရ ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ သို့မဟုတ် ဆော့ဖ်ဝဲကို လက်ခံရယူခြင်းမှ သင့်အား တားမြစ်ထားလျှင်။
၃.၂ Meta ထုတ်ကုန်များပေါ်တွင် သင်မျှဝေနိုင်သောအရာများနှင့် သင်လုပ်ဆောင်နိုင်သောအရာများ
မိမိကိုယ်ကို ထုတ်ဖော်ပြသရန်နှင့် မိမိတို့အတွက် အရေးပါသည့် အကြောင်းအရာများကို မျှဝေရန်အတွက် လူများအား Meta ထုတ်ကုန်များကို အသုံးပြုစေလိုသော်လည်း အခြားသူများ၏ အန္တရာယ်ကင်းရှင်းရေးနှင့် ချမ်းသာသုခကိုလည်းကောင်း၊ ကျွန်ုပ်တို့အသိုင်းအဝိုင်း၏ ဂုဏ်သိက္ခာကိုလည်းကောင်း မထိခိုက်စေလိုပါ။ ထို့ကြောင့် သင်သည် အောက်တွင်ဖော်ပြထားသော လုပ်ဆောင်မှုတွင် မပါဝင်ရန် (သို့မဟုတ် အခြားသူများ ထိုကဲ့သို့လုပ်ဆောင်မှုတွင် ကူညီမပေးရန် သို့မဟုတ် ပံ့ပိုးမပေးရန်) သင်သဘောတူပါသည် -
  1. အောက်ပါတို့ကို ပြုလုပ်ရန် သို့မဟုတ် မျှဝေရန်အတွက် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို သင်အသုံးမပြုရပါ-
    • ဤစည်းမျဉ်းများ၊ လူမှုစံနှုန်းများ သို့မဟုတ် ကျွန်ုပ်တို့၏ထုတ်ကုန်များအား သင်အသုံးပြုမှုအပေါ် သက်ရောက်သည့် အခြားစည်းမျဉ်းများနှင့်မူဝါဒများကို ချိုးဖောက်သည့်အရာများ။
    • တရားမဝင်သော၊ နားလည်မှုလွဲစေသော၊ ခွဲခြားဆက်ဆံသော သို့မဟုတ် လိမ်လည်လှည့်ဖြားသော (သို့မဟုတ် ကျွန်ုပ်တို့၏ထုတ်ကုန်များကို ထိုသို့သော နည်းလမ်းဖြင့် အသုံးပြုရာတွင် အခြားသူတစ်ဦးဦးကို ကူညီသော) အရာများ။
    • သင်မပိုင်ဆိုင်​သော သို့မဟုတ် မျှ​ဝေနိုင်ရန် လိုအပ်သည့် အခွင့်အ​ရေးများ သင့်တွင်မရှိ​သော အရာများ။
    • သက်ဆိုင်ရာပြဋ္ဌာန်းဥပဒေအရ ခြွင်းချက် သို့မဟုတ် ကန့်သတ်ချက် မရှိလျှင် (အခြားသူ၏ မူပိုင်ခွင့် သို့မဟုတ် ကုန်အမှတ်တံဆိပ်ကို ချိုးဖောက်ခြင်း သို့မဟုတ် အတုလုပ်ထားသော သို့မဟုတ် ခိုးယူထားသော ကုန်ပစ္စည်းများကို ဖြန့်ချိခြင်း သို့မဟုတ် ရောင်းချခြင်းကဲ့သို့) အခြားတစ်စုံတစ်ယောက်၏ ဉာဏပစ္စည်းမူပိုင်ခွင့် အပါအဝင် အခြားသူ၏ ရပိုင်ခွင့်များကို ထိပါးသော သို့မဟုတ် ချိုးဖောက်သော အရာ။
  2. သင်သည် ဗိုင်းရပ်စ်များ သို့မဟုတ် ထိခိုက်ပျက်စီးစေနိုင်သော ကုဒ်ကို အပ်လုဒ်လုပ်ခြင်း၊ အမှိုက်စာပို့ရန် ဝန်ဆောင်မှုများကို အသုံးချခြင်း မပြုလုပ်ရပါ သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်​ဆောင်မှုများ၊ စနစ်များ သို့မဟုတ် ထုတ်ကုန်များ၏​ မှန်ကန်စွာအလုပ်လုပ်နိုင်မှု၊ ယုံကြည်စိတ်ချရမှု၊ ယင်းတို့၏ လုပ်​ဆောင်ချက် သို့မဟုတ် ပုံစံသွင်ပြင်ကို ပိတ်​ပင်နိုင်​သော၊ ဝန်ပိ​စေနိုင်​သော၊ ​နှောင့်ယှက်​စေနိုင်​သော သို့မဟုတ် ထိခိုက်​စေနိုင်​သော အရာမှန်သမျှကို မပြုလုပ်ရပါ။
  3. အလိုအလျောက်လုပ်ဆောင်သော ဝင်ရောက်သုံးစွဲမှု သို့မဟုတ် စုဆောင်းရယူမှုကို Facebook အကောင့်ထဲ လော့ဂ်အင်ဝင်ထားစဉ် ပြုလုပ်ခြင်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အလိုအလျောက် လုပ်ဆောင်သည့် နည်းလမ်းများကို အသုံးပြုပြီး (ကျွန်ုပ်တို့၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ) ကျွန်ုပ်တို့၏ ထုတ်ကုန်များမှ အချက်အလက်ကို အသုံးမပြုရပါ သို့မဟုတ် မစုဆောင်းရပါ သို့မဟုတ် သင်ဝင်သုံးခွင့်မရှိသော အချက်အလက်များကို အသုံးပြုရန် မကြိုးပမ်းရပါ။
  4. သင်သည် ထုတ်ကုန် အသုံးပြုသူအမည်များ သို့မဟုတ် စကားဝှက်များကို အခြားသူအား ကိုယ်စားသုံးခွင့်ပေးခြင်း၊ တောင်းဆိုခြင်း သို့မဟုတ် စုဆောင်းရယူခြင်းမပြုရပါ သို့မဟုတ် ဝင်ရောက်သုံးစွဲနိုင်ခွင့်တိုကင်များကို အလွဲသုံးစားမပြုရပါ။
  5. ပလက်ဖောင်းစည်းမျဉ်းများတွင် ဖော်ပြထားသည့်အတိုင်းမှလွဲ၍ Facebook အကောင့်ထဲ လော့ဂ်အင်ဝင်ထားစဉ် အချက်အလက်ကို ရယူထားခြင်းရှိ၊ မရှိနှင့် မသက်ဆိုင်ဘဲ ကျွန်ုပ်တို့ထံမှဖြစ်စေ၊ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများမှဖြစ်စေ ရရှိထားသော မည်သည့်အချက်အလက်ကိုမဆို ရောင်းချခြင်း၊ လိုင်စင်ချပေးခြင်း သို့မဟုတ် ဝယ်ယူခြင်း မပြုလုပ်ရပါ။
  6. သင်သည် မဟုတ်မမှန်သော၊ မလိုအပ်ဘဲ ထပ်ခါတလဲလဲပြုလုပ်သော၊ အခြေအမြစ်မရှိသော တိုင်ကြားမှုများ သို့မဟုတ် အယူခံဝင်မှုများကို ပြုလုပ်ခြင်းကဲ့သို့ နည်းလမ်းများဖြင့် တိုင်ကြားရေးချန်နယ်၊ သတိပေးအမှတ်အသားပြုချန်နယ်၊ အငြင်းပွားမှုဖြေရှင်းရေးချန်နယ် သို့မဟုတ် အယူခံဝင်မှုချန်နယ်မှန်သမျှကို အလွဲသုံးစားမပြုရပါ။
  7. ကျွန်ုပ်တို့၏ထုတ်ကုန်များ သို့မဟုတ် အချက်အလက်အား ဝင်ရောက်အသုံးပြုခွင့်ကို ထိန်းချုပ်ရန် သို့မဟုတ် ကန့်သတ်ရန် Meta မှ အသုံးပြုသည့် နည်းပညာဆိုင်ရာ အစီအမံများကို သင့်အနေဖြင့် ရှောင်တိမ်းခြင်း၊ ဖြတ်ကျော်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုလုပ်ရပါ သို့မဟုတ် ထိုသို့လုပ်ရန်အတွက် မည်သည့်အရာကိုမျှ ကြိုးပမ်းခြင်းမပြုရပါ။
ဤပြဋ္ဌာန်းချက်များကို ချိုးဖောက်နေသော အကြောင်းအရာအား ဖယ်ရှားခြင်း သို့မဟုတ် ထိုသို့သော အကြောင်းအရာကို ကြည့်ရှုမှုအား ကန့်သတ်ခြင်းကို ကျွန်ုပ်တို့က လုပ်ဆောင်နိုင်ပါသည်။ အပိုင်း ၄.၂ တွင် ဖော်ပြထားသည့်အတိုင်း ဤပြဋ္ဌာန်းချက်များကို ချိုးဖောက်သည့် လုပ်ရပ်အတွက်လည်း ကျွန်ုပ်တို့က သင့်အကောင့်ကို ဆိုင်းငံ့ထားနိုင် သို့မဟုတ် ပိတ်ပင်ထားနိုင်ပါသည်။
သင်မျှဝေထားသော အကြောင်းအရာသည် လူမှုစံနှုန်းများကို ချိုးဖောက်သည့်အတွက် ၎င်းကို ကျွန်ုပ်တို့က ဖယ်ရှားလိုက်သည်ရှိသော် သင်က ဤစည်းမျဉ်းများကို ပြင်းထန်စွာ သို့မဟုတ် ထပ်ခါထပ်ခါ ချိုးဖောက်ခြင်းမဟုတ်လျှင် သို့မဟုတ် ထိုသို့ပြုလုပ်ခြင်းက ကျွန်ုပ်တို့အတွက် သို့မဟုတ် အခြားသူများအတွက် ဥပဒေအရ တာဝန်ယူရမှုများ ဖြစ်လာစေခြင်း၊ ကျွန်ုပ်တို့၏ အသုံးပြုသူများရှိရာ အသိုင်းအဝိုင်းကို ထိခိုက်စေခြင်း၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ၊ စနစ်များ သို့မဟုတ် ထုတ်ကုန်များ၏ ယုံကြည်စိတ်ချရမှု သို့မဟုတ် လည်ပတ်ဆောင်ရွက်မှုကို ထိခိုက်စေခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်စေခြင်း၊ နည်းပညာဆိုင်ရာ ကန့်သတ်ချက်များကြောင့် ထိုသို့လုပ်ဆောင်ရန် တားမြစ်ခံထားရခြင်း သို့မဟုတ် ဥပဒေရေးရာ အကြောင်းရင်းများကြောင့် ထိုကဲ့သို့လုပ်ဆောင်ခြင်းမှ ကျွန်ုပ်တို့ကို တားမြစ်ထားခြင်း မရှိလျှင် နောက်ထပ်စိစစ်သုံးသပ်မှုကို တောင်းဆိုရန် သင်ရရှိနိုင်သော ရွေးချယ်စရာမှန်သမျှကို ကျွန်ုပ်တို့က သင့်အား အသိပေး၍ ရှင်းလင်းပြောပြပေးပါမည်။ အ​ကောင့်ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်စဲခြင်းအတွက် အချက်အလက်များကို သိရှိလိုပါက အောက်ပါ အပိုင်း ၄.၂ တွင် ကြည့်ပါ။
သတင်းအချက်အလက်အမှားများကို ပပျောက်စေရန်အလို့ငှာ တရားစီရင်ပိုင်ခွင့်နယ်မြေအများအပြားရှိ သီးခြားလွတ်လပ်သော အချက်အလက်စစ်ဆေးသူများနှင့်အတူ ကျွန်ုပ်တို့ လက်တွဲလုပ်ဆောင်ပါသည်။ အချက်အလက်စစ်ဆေးသူများက အကြောင်းအရာကို အဆင့်သတ်မှတ်ပြီးသည့်အခါ နောက်ထပ်ဆက်စပ်အခြေအနေကို ပံ့ပိုးပေးရန် ၎င်းတွင် သတိပေးချက်တစ်ခုကို ကျွန်ုပ်တို့ ထည့်သွင်းပေးထားပါသည်။ အချက်အလက် စစ်ဆေးခြင်းအကြောင်း ထပ်ဆောင်းအချက်အလက်များကို ဤနေရာတွင် တွေ့ရှိနိုင်သည်။
အကယ်၍ ဤလုပ်​ဆောင်ချက်သည် သင်နေထိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်မြေအတွင်းတွင် တည်ရှိလျှင် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းကို ကူညီရန်အလို့ငှာ (ဉာဏပစ္စည်းမူပိုင်ခွင့် အပါအဝင်) သင့်အခွင့်အရေးများကို ချိုးဖောက်နေသည်ဟု သို့မဟုတ် ကျွန်ုပ်တို့၏ စည်းမျဉ်းများနှင့် မူဝါဒများကို ချိုးဖောက်နေသည်ဟု သင်ယူဆသော အကြောင်းအရာ သို့မဟုတ် လုပ်ရပ်အား တိုင်ကြားရန် ကျွန်ုပ်တို့က သင့်အား တိုက်တွန်းပါသည်။ အကြောင်းအရာ၊ လုပ်ဆောင်ချက်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် အချက်အလက်များကို ဖယ်ရှားခြင်း သို့မဟုတ် ယင်းတို့ကို အသုံးပြုခွင့်အား ကန့်သတ်ခြင်းသည် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို တလွဲသုံးစွဲခြင်းမရှိအောင် သို့မဟုတ် Meta အပေါ် မလိုလားအပ်သည့် ဥပဒေရေးရာ သို့မဟုတ် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ သက်ရောက်မှုများ မရှိအောင် ရှောင်ရှားရန် သို့မဟုတ် ယင်းဖြစ်ရပ်များကို လျော့နည်းစေရန် ကျိုးကြောင်းသင့်စွာ လိုအပ်သည်ဟု ကျွန်ုပ်တို့ဆုံးဖြတ်ပါက ထိုကဲ့သို့ အရေးယူမှုများကိုလည်း ကျွန်ုပ်တို့ လုပ်ဆောင်နိုင်ပါသည်။
၃.၃ ကျွန်ုပ်တို့အား သင်ပေးအပ်ထားသည့် ခွင့်ပြုချက်များ
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ပံ့ပိုးနိုင်ရန် သင့်ထံမှ အချို့သော ခွင့်ပြုချက်များကို ကျွန်ုပ်တို့ လိုအပ်ပါသည်-
၁။ သင့်အကြောင်းအရာ- ဗီဒီယိုများ သို့မဟုတ် ဓာတ်ပုံများကဲ့သို့ သင်မျှဝေသည့် သို့မဟုတ် အပ်လုဒ်လုပ်သည့် အချို့သော အကြောင်းအရာများကို ဉာဏပစ္စည်းမူပိုင်ခွင့် ဥပဒေများဖြင့် ကာကွယ်ထားနိုင်ပါသည်။
သင်ဖန်တီးပြုလုပ်ပြီး Facebook နှင့် သင်အသုံးပြုသည့် အခြား Meta ကုမ္ပဏီထုတ်ကုန်များ ပေါ်တွင် မျှဝေပေးသည့် အဆိုပါ အကြောင်းအရာမှန်သမျှ၏ ဉာဏပစ္စည်းမူပိုင်ခွင့် (မူပိုင်ခွင့် သို့မဟုတ် ကုန်အမှတ်တံဆိပ်များကဲ့သို့ အရာများ) အား ပိုင်ဆိုင်မှုကို သင်လက်ဝယ်ထိန်းသိမ်းထားပါသည်။ ဤစည်းမျဉ်းများထဲရှိ မည်သည့်အချက်ကမျှ သင့်ကိုယ်ပိုင်အကြောင်းအရာအတွက် သင့်လက်ဝယ်ရှိ ရပိုင်ခွင့်များကို ဖယ်ရှား၍ မရပါ။ သင့်အကြောင်းအရာများကို သင်ဆန္ဒရှိရာ မည်သည့်နေရာတွင်မဆို မည်သူနှင့်ပင်ဖြစ်စေ မျှဝေနိုင်သည်။
သို့သော် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်အလို့ငှာ ဤအကြောင်းအရာကို အသုံးပြုရန်အတွက် အချို့သော တရားဝင်ခွင့်ပြုချက်များ ("လိုင်စင်" ဟု သိထားသည်) ကို သင်က ကျွန်ုပ်တို့အား ပေးအပ်ရန် လိုအပ်ပါသည်။ ဤသည်မှာ အထက်ပါ အပိုင်း ၁ တွင်ဖော်ပြခဲ့သည့်အတိုင်း ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးနိုင်ရန်နှင့် တိုးတက်အောင်ပြုလုပ်ရန် ရည်ရွယ်ချက်သက်သက်ဖြင့်သာ လုပ်ဆောင်ခြင်းဖြစ်သည်။
၂။ သင်ဖန်တီး၍ မျှဝေသည့် အကြောင်းအရာကို အသုံးပြုခွင့်- အထူးသဖြင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များရှိ သို့မဟုတ် ယင်းတို့နှင့်ပတ်သက်သော ဉာဏပစ္စည်းမူပိုင်ခွင့်အရ အကျုံးဝင်သည့် အကြောင်းအရာကို သင်က မျှဝေသောအခါ၊ ပို့စ်တင်သောအခါ သို့မဟုတ် အပ်လုဒ်လုပ်သောအခါ သင့်အကြောင်းအရာကို (သင်၏ ကိုယ်ရေးလုံခြုံမှုနှင့် အပလီကေးရှင်း ဆက်တင်များနှင့်အညီ) စီစဉ်တင်ဆက်ရန်၊ အသုံးပြုရန်၊ ဖြန့်ဝေရန်၊ မွမ်းမံပြင်ဆင်ရန်၊ စီမံလုပ်ဆောင်ရန်၊ ကူးယူရန်၊ အများရှေ့တွင် တင်ဆက်ရန် သို့မဟုတ် ပြသရန်၊ ဘာသာပြန်ရန်နှင့် ဆင့်ပွားလက်ရာများ ဖန်တီးရန်အတွက် သင်က ကျွန်ုပ်တို့ကို အထူးသီးသန့်မဟုတ်သော၊ လွှဲပြောင်းနိုင်သော၊ လိုင်စင်ခွဲပေးနိုင်သော၊ မူပိုင်ခ အခမဲ့ဖြစ်ပြီး ကမ္ဘာအနှံ့သုံးနိုင်သော လိုင်စင်ကို ပေးအပ်ထားပါသည်။ ဥပမာအားဖြင့် ဓာတ်ပုံတစ်ပုံကို Facebook တွင် သင်မျှဝေပါက ၎င်းကို သိမ်းဆည်းရန်၊ ကူးယူရန်နှင့် ထိုထုတ်ကုန်များနှင့် ဝန်​ဆောင်မှုများကို ပံ့ပိုးပေးသည့် Meta ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုပေးသူများကဲ့သို့ အခြားသူများထံ (သင့်ဆက်တင်များနှင့်အညီ ထပ်မံ၍) မျှဝေရန်အတွက် သင်က ကျွန်ုပ်တို့ကို ခွင့်ပြုချက်ပေးထားသည်ဟု ဆိုလိုသည်။ သင်၏အကြောင်းအရာကို ကျွန်ုပ်တို့၏ စနစ်များထဲမှ ဖျက်လိုက်သောအခါတွင် ဤလိုင်စင်အဆုံးသတ်သွားပါမည်။
၃။ သင့်အကြောင်းအရာကို ဖျက်ခြင်း- သင်မျှဝေထားသော၊ ပို့စ်တင်ထားသော၊ အပ်လုဒ်လုပ်ထားသော အကြောင်းအရာတစ်ခုချင်းစီကို မည်သည့်အချိန်တွင်မဆို သင်ဖျက်နိုင်ပါသည်။ ထို့အပြင် သင့်အ​ကောင့်ကိုဖျက်လျှင် သင်၏ ကိုယ်ပိုင်အ​ကောင့်တွင် ပို့စ်တင်ထား​သော အ​ကြောင်းအရာအားလုံး ပျက်သွားပါမည်။ သင့်အကောင့်ကို မည်ကဲ့သို့ ဖျက်ရမည်နည်းကို ပိုမိုလေ့လာပါ။ စာမျက်နှာတစ်ခု၏ စီမံသူအနေဖြင့် သင်ပို့စ်တင်သော အကြောင်းအရာ သို့မဟုတ် မျှဝေထားသော အယ်လ်ဘမ်ထဲရှိ ဓာတ်ပုံများကဲ့သို့သော အခြားသူများနှင့် အတူတကွ စုပေါင်းဖန်တီးထားသော အကြောင်းအရာများကို အခြားအယ်လ်ဘမ် အဖွဲ့ဝင်များမှ ဆက်လက်မြင်နေရမည်ဖြစ်ပြီး အကောင့်ဖျက်သိမ်းခြင်းကြောင့် ထိုအရာများကို အလိုအလျောက်မဖျက်ပါ။
အကောင့်ဖျက်သိမ်းသည့် လုပ်ငန်းစဉ်ကို ကျွန်ုပ်တို့ စတင်ပြီးနောက် သို့မဟုတ် အကြောင်းအရာ ဖျက်သိမ်းပေးရန် တောင်းဆိုချက်ကို ကျွန်ုပ်တို့ လက်ခံရရှိပြီးနောက် ယင်းအကြောင်းအရာကို ဖျက်ရန်အတွက် ရက်ပေါင်း ၉၀ အထိ ကြာမြင့်နိုင်ပါသည်။ သင်က အကြောင်းအရာကို အမှိုက်ပုံးထဲသို့ ပို့လျှင် ၎င်းကို သင်က စောစီးစွာဖျက်သိမ်းရန် မရွေးချယ်မချင်း ဖျက်သိမ်းမှု လုပ်ငန်းစဉ်သည် ရက်ပေါင်း ၃၀ အတွင်း အလိုအလျောက် စတင်ပါမည်။ ထိုကဲ့သို့သော အကြောင်းအရာကို ဖျက်သိမ်းနေစဉ် အခြားအသုံးပြုသူများက ထိုအကြောင်းအရာကို တွေ့မြင်နိုင်တော့မည် မဟုတ်ပေ။ အကြောင်းအရာကို ဖျက်လိုက်ပြီးနောက် ၎င်းကို အရန်သိမ်းဖိုင်များနှင့် သဘာဝဘေးအန္တရာယ်မှ ပြန်လည်ရယူရေး စနစ်များမှ ဖယ်ရှားရန်အတွက် နောက်ထပ် ရက်ပေါင်း ၉၀ အထိ ကြာနိုင်ပါသည်။
အောက်ပါအခြေအနေများတွင် အကောင့်ဖျက်ခြင်း သို့မဟုတ် အကြောင်းအရာဖျက်ခြင်း လုပ်ငန်းစဉ် စတင်ပြီး ရက်ပေါင်း ၉၀ အတွင်းတွင် အကြောင်းအရာကို ဖျက်မည်မဟုတ်ပါ-
  • ဤလိုင်စင်နှင့်အညီ သင့်အကြောင်းအရာကို အခြားသူများက အသုံးပြုနေပြီး ထိုသူများသည်လည်း ထိုအကြောင်းအရာကို ဖျက်မပစ်ရသေးသည့်အခါ (ဤကဲ့သို့သော ကိစ္စရပ်များတွင် ဤလိုင်စင်သည် အကြောင်းအရာကို ဖျက်မပစ်မီအချိန်ထိ ဆက်လက်သက်ရောက်မှု ရှိနေမည်)။
  • ကျွန်ုပ်တို့ စနစ်များ၏ နည်းပညာဆိုင်ရာ ကန့်သတ်ချက်များကြောင့် ရက်ပေါင်း ၉၀ အတွင်း ဖျက်သိမ်းမှုကို လုပ်ဆောင်ရန် မဖြစ်နိုင်သောအခါ နည်းပညာအရ ပြုလုပ်နိုင်သည်နှင့်တစ်ပြိုင်နက် ဖျက်သိမ်းခြင်းကို ပြီးဆုံးအောင် ဆောင်ရွက်ပါမည် သို့မဟုတ်
  • ချက်ချင်းဖျက်ပစ်ခြင်းသည် ကျွန်ုပ်တို့၏ အောက်ပါကိစ္စရပ်များ လုပ်ဆောင်နိုင်စွမ်းကို ကန့်သတ်ထားသည့် အခြေအနေတွင်-‌
    • တရားမဝင်လုပ်ဆောင်ချက် သို့မဟုတ် ကျွန်ုပ်တို့၏ စည်းမျဉ်းများနှင့် မူဝါဒများကို ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် သို့မဟုတ် ခွဲခြားဖော်ထုတ်ရန် (ဥပမာ - ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် စနစ်များကို အလွဲသုံးစားပြုခြင်းအား ဖော်ထုတ်ရန် သို့မဟုတ် စုံစမ်းစစ်ဆေးရန်)။
    • ကျွန်ုပ်တို့၏ ထုတ်ကုန်များ၊ စနစ်များ၊ ဝန်ဆောင်မှုများ၊ ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့် အသုံးပြုသူများ၏ အန္တရာယ်ကင်းရှင်းရေး၊ သမာသမတ်ကျမှုနှင့် ​ဘေးကင်းလုံခြုံရေးကို ကာကွယ်ရန်နှင့် ကျွန်ုပ်တို့ကိုယ်ကို ကာကွယ်ရန်။
    • ဥပဒေအရ လိုအပ်သော မှတ်တမ်းထိန်းသိမ်းမှု တာဝန်ဝတ္တရားများကို လိုက်နာရန်အတွက် ငွေကြေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသော Meta ကုမ္ပဏီများက ထိန်းသိမ်းထားသည့် ဒေတာများ အပါအဝင် အထောက်အထားများကို ထိန်းသိမ်းရမည့် ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများအား လိုက်နာရန် သို့မဟုတ်
    • တရားစီရင်ရေး သို့မဟုတ် စီမံအုပ်ချုပ်ရေး အာဏာပိုင်၊ ဥပဒေစိုးမိုးရေး သို့မဟုတ် အစိုးရအေဂျင်စီများ၏ တောင်းဆိုမှုကို လိုက်နာဆောင်ရွက်ပေးရန်၊
ထိုကဲ့သို့သောကိစ္စရပ်များတွင် အကြောင်းအရာကို ထိန်းသိမ်းထားသော ရည်ရွယ်ချက်များအတွက် လိုအပ်သည့်အတိုင်းအတာထက် မကျော်လွန်စေဘဲ ထိန်းသိမ်းထားပါမည် (ကြာချိန်အတိအကျသည် ကိစ္စရပ်အလိုက် ကွဲပြားမှုရှိပါမည်)။
အထက်ပါ ကိစ္စတစ်ခုချင်းစီတွင် အကြောင်းအရာအား အပြည့်အဝ မဖျက်ရသေးသရွေ့ ဤလိုင်စင်သည် ဆက်လက်အကျုံးဝင်နေပါမည်။
၄။ သင့်အမည်၊ ပရိုဖိုင်ဓာတ်ပုံအပြင် ကြော်ငြာများနှင့် အခပေးကြော်ငြာ သို့မဟုတ် စီးပွားရေးဆိုင်ရာ အကြောင်းအရာနှင့်စပ်လျဉ်းသော သင်၏လုပ်ဆောင်မှုများအကြောင်း အချက်အလက်များကို အသုံးပြုခွင့်- ကျွန်ုပ်တို့၏ထုတ်ကုန်အသီးသီးတွင် ပြသထားသော ကြော်ငြာများ၊ ကမ်းလှမ်းချက်များနှင့် အခြားအခပေးကြော်ငြာ သို့မဟုတ် စီးပွားရေးဆိုင်ရာ အကြောင်းအရာများ၏ ဘေးတွင်ဖြစ်စေ၊ ၎င်းတို့နှင့်ဆက်စပ်၍ဖြစ်စေ သင့်အမည်၊ ပရိုဖိုင်ဓာတ်ပုံနှင့် Facebook တွင် သင်ပြုလုပ်ခဲ့သည့် လုပ်ဆောင်မှုများအကြောင်း အချက်အလက်များကို သင့်အား အဖိုးအခတစ်စုံတစ်ရာ မပေးဘဲ အသုံးပြုရန် သင်က ကျွန်ုပ်တို့အား ခွင့်ပြုချက်ပေးထားပါသည်။ ဥပမာ- ကြော်ငြာထားသော ပွဲအစီအစဉ်တစ်ခုကို သင်စိတ်ဝင်စားသည် သို့မဟုတ် Facebook တွင် ၎င်း၏ ကြော်ငြာများကို ပြသရန် ကျွန်ုပ်တို့ကို ငွေပေးချေထားသည့် အမှတ်တံဆိပ်တစ်ခုက ဖန်တီးထားသော Facebook စာမျက်နှာကို သင်နှစ်သက်ထားသည်ဟု သင့်သူငယ်ချင်းများကို ကျွန်ုပ်တို့ပြသနိုင်ပါသည်။ ဤကဲ့သို့သော ကြော်ငြာများနှင့် အကြောင်းအရာများကို Meta ထုတ်ကုန်များတွင် သင်လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်များအား ကြည့်ရှုရန် သင့်ခွင့်ပြုချက်ရရှိထားသော လူများသာ မြင်နိုင်ပါသည်။ သင့်ကြော်ငြာဆက်တင်များနှင့် သင့်စိတ်ကြိုက်သတ်မှတ်ချက်များအကြောင်း ပိုမိုလေ့လာနိုင်သည်။
၅။ သင်အသုံးပြုသော သို့မဟုတ် ဒေါင်းလုဒ်လုပ်သော ဆော့ဖ်ဝဲအား အပ်ဒိတ်ပြုလုပ်ခွင့်- သင်က ကျွန်ုပ်တို့၏ဆော့ဖ်ဝဲကို ဒေါင်းလုဒ်လုပ်ပါက သို့မဟုတ် အသုံးပြုပါက ရရှိနိုင်သည့်နေရာတွင် ဆော့ဖ်ဝဲအတွက် အပ်ဒိတ်များကို ဒေါင်းလုဒ်လုပ်၍ ထည့်သွင်းနိုင်ရန်အတွက် ကျွန်ုပ်တို့အား ခွင့်ပြုပေးရမည်။
၃.၄ ကျွန်ုပ်တို့၏ဉာဏပစ္စည်းမူပိုင်ခွင့်ကို အသုံးပြုခြင်းနှင့်ပတ်သက်သည့် ကန့်သတ်ချက်များ
ကျွန်ုပ်တို့၏ ထုတ်ကုန်များပေါ်တွင် အသုံးပြုနိုင်အောင် လုပ်ပေးထားပြီး ကျွန်ုပ်တို့လက်ဝယ်ရှိ ဉာဏပစ္စည်းမူပိုင်ခွင့်ဖြင့် ကာကွယ်ထားသော အကြောင်းအရာများ (ဥပမာ- Facebook တွင် သင်ဖန်တီးသည် သို့မဟုတ် မျှဝေသည့် အကြောင်းအရာတွင် သင်ထည့်သွင်းသော ကျွန်ုပ်တို့ပံ့ပိုးထားသည့် ပုံများ၊ ဒီဇိုင်းများ၊ ဗီဒီယိုများ သို့မဟုတ် အသံများ) ကို သင်အသုံးပြုပါက အဆိုပါအကြောင်းအရာအတွက် ရပိုင်ခွင့်အားလုံးကို (သင်ကမဟုတ်ဘဲ) ကျွန်ုပ်တို့က ထိန်းသိမ်းထားပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်များ သို့မဟုတ် ကုန်အမှတ်တံဆိပ်များ (သို့မဟုတ် အလားတူ အမှတ်အသားများ) ကို ကျွန်ုပ်တို့၏ အမှတ်တံဆိပ်အသုံးပြုမှု လမ်းညွှန်ချက်များ သို့မဟုတ် ကျွန်ုပ်တို့၏ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်ဖြင့် အတိအလင်း ခွင့်ပြုထားသည့်အတိုင်းသာလျှင် သင်အသုံးပြုနိုင်ပါသည်။ သက်ဆိုင်သည့် ဥပဒေအရ ခြွင်းချက် သို့မဟုတ် ကန့်သတ်ချက် သက်ရောက်ခြင်းမရှိလျှင် သို့မဟုတ် သင့်လုပ်ဆောင်ချက်မှာ Meta Bug Bounty အစီအစဉ်နှင့် သက်ဆိုင်ခြင်းမရှိလျှင် ကျွန်ုပ်တို့၏ထုတ်ကုန်များ သို့မဟုတ် ၎င်းတို့၏အစိတ်အပိုင်းများကို မွမ်းမံရန်၊ ဘာသာပြန်ရန်၊ ဆင့်ပွားလက်ရာများ ဖန်တီးရန်၊ ပေါင်းစည်းထားသောကုဒ်ထဲမှ မူရင်းကုဒ်ကို ရယူရန် သို့မဟုတ် ထုတ်ကုန်၏ လုပ်ဆောင်ပုံများကို လေ့လာ၍ အလားတူထုတ်ကုန်တစ်ခု ကူးချမူပွားရန် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ကျွန်ုပ်တို့ထံမှ မူရင်းကုဒ် ရရှိရေးအတွက် ကြိုးပမ်းရန် ကျွန်ုပ်တို့၏ စာဖြင့်ရေးသားထားသော ခွင့်ပြုချက် (သို့မဟုတ် အခမဲ့သုံးစွဲခွင့်လိုင်စင်အရ ခွင့်ပြုချက်) ကို သင်ရယူရမည်။ သင့်ကို အတိအလင်း ခွင့်ပြုမထားသော ရပိုင်ခွင့်အားလုံးကို ကျွန်ုပ်တို့လက်ဝယ်ထားရှိသည်။
၄။ ထပ်ဆောင်းပြဋ္ဌာန်းချက်များ
၄.၁ ကျွန်ုပ်တို့၏စည်းမျဉ်းများကို အပ်ဒိတ်လုပ်ခြင်း
သင့်အတွက်သာမက ကျွန်ုပ်တို့၏အသိုင်းအဝိုင်းအတွက်ပါ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို မြှင့်တင်ရန်နှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ချက်အသစ်များ ဖန်တီးရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။ ရလဒ်အနေဖြင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများနှင့် ဆောင်ရွက်ချက်များကို တိကျမှန်ကန်စွာ ထင်ဟပ်စေရန်၊ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများတွင် ဘေးကင်း၍ လုံခြုံစိတ်ချရသော သုံးစွဲမှု အတွေ့အကြုံကို မြှင့်တင်ရန် နှင့်/သို့မဟုတ် သက်ဆိုင်ရာဥပဒေကို လိုက်နာရန်အတွက် ကျွန်ုပ်တို့သည် ဤစည်းမျဉ်းများကို အခါအားလျော်စွာ ပြင်ဆင်ရန် လိုအပ်နိုင်ပါသည်။ ဥပဒေအရ တစ်နည်းနည်းဖြင့် သတ်မှတ်ထားသည်မှလွဲ၍ ကျွန်ုပ်တို့က ဤစည်းမျဉ်းများကို ပြောင်းလဲမှုများ မပြုလုပ်မီ သင့်အား အသိပေးကာ ၎င်းပြောင်းလဲမှုများ အကျုံးမဝင်မီ သင်စိစစ်သုံးသပ်နိုင်ရန် အခွင့်အရေးပေးပါမည်။ အပ်ဒိတ်လုပ်ထားသော စည်းမျဉ်းများ အကျုံးဝင်သည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို သင်ဆက်လက်၍ ဝင်ရောက်သုံးစွဲပါက သို့မဟုတ် အသုံးပြုပါက ယင်းတို့အား လိုက်နာရန် သင့်တွင်တာဝန်ရှိပါမည်။
သင့်အနေဖြင့် ကျွန်ုပ်တို့၏ထုတ်ကုန်များကို ဆက်လက်အသုံးပြုမည်ဟု ကျွန်ုပ်တို့မျှော်လင့်သော်လည်း ကျွန်ုပ်တို့၏အပ်ဒိတ်လုပ်ထားသော စည်းမျဉ်းများကို သင် သဘောမတူလျှင် သို့မဟုတ် ဤစာချုပ်အတွက် သင့်သဘောတူညီချက်ကို ရပ်စဲလိုလျှင် သင်သည် သင့်အကောင့်ကို အချိန်မရွေးဖျက်နိုင်ပြီး Facebook နှင့် အခြား Meta ထုတ်ကုန်များအား ဝင်ရောက်သုံးစွဲခြင်း သို့မဟုတ် အသုံးပြုခြင်းကိုလည်း ရပ်တန့်ရမည်။
၄.၂ အကောင့်ကို ဆိုင်းငံ့ထားခြင်း သို့မဟုတ် ရပ်စဲခြင်း
မိမိကိုယ်ကို ထုတ်ဖော်ပြသရန်နှင့် မိမိတို့၏ အတွေးများ၊ အယူအဆများကို မျှဝေရန်အတွက် Facebook သည် ဘေးကင်းလုံခြုံ၍ နွေးထွေးစွာလက်ခံကြိုဆိုသော နေရာတစ်ခုဖြစ်သည်ဟု လူအများ ခံစားမှတ်ယူလာစေရန်မှာ ကျွန်ုပ်တို့၏ ဆန္ဒဖြစ်ပါသည်။ သင်က အထူးသဖြင့် လူမှုစံနှုန်းများ အပါအဝင် ကျွန်ုပ်တို့၏ စည်းမျဉ်းများ သို့မဟုတ် မူဝါဒများကို သိသာထင်ရှားစွာ၊ ပြင်းပြင်းထန်ထန် သို့မဟုတ် ထပ်ခါတလဲလဲ ချိုးဖောက်ခဲ့သည်ဟု ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့် ကျွန်ုပ်တို့က ဆုံးဖြတ်လိုက်လျှင် Meta ကုမ္ပဏီ ထုတ်ကုန်များကို သင်၏အသုံးပြုခွင့်အား ဆိုင်းငံ့ခြင်း သို့မဟုတ် အပြီးတိုင် ပိတ်သိမ်းခြင်း ပြုလုပ်နိုင်ပြီး သင့်အကောင့်ကို အပြီးတိုင် ပိတ်ပင်နိုင် သို့မဟုတ် ဖျက်ပစ်နိုင်ပါသည်။ အခြားသူများ၏ ဉာဏပစ္စည်းမူပိုင်ခွင့်ကို သင် ထပ်ခါတလဲလဲ ချိုးဖောက်ပါက သို့မဟုတ် ဥပဒေဆိုင်ရာ အကြောင်းရင်းများအတွက် ကျွန်ုပ်တို့က အရေးယူဆောင်ရွက်ရန် လိုအပ်ပါကလည်း သင့်အကောင့်ကို ပိတ်ပင်နိုင် သို့မဟုတ် ဖျက်ပစ်နိုင်ပါသည်။
စာရင်းသွင်းမှတ်ပုံတင်ပြီးနောက်ပိုင်း သင့်အကောင့်ကို အတည်မပြုထားလျှင်၊ သင့်အကောင့်ကို မသုံးရသေးသလို ထပ်တိုးအချိန်ကာလတစ်ခုကြာ အသုံးမပြုဘဲ ထားရှိလျှင် သို့မဟုတ် သင့်ခွင့်ပြုချက်မရှိဘဲ တစ်စုံတစ်ယောက်က ၎င်းကို အသုံးပြုခဲ့နိုင်သည်ဟု ကျွန်ုပ်တို့ ဖော်ထုတ်တွေ့ရှိပြီး အကောင့်ကို သင်၏ပိုင်ဆိုင်မှုအား ကျွန်ုပ်တို့ အတည်မပြုနိုင်လျှင် သင့်အကောင့်ကို ကျွန်ုပ်တို့ ပိတ်ပင်နိုင် သို့မဟုတ် ဖျက်နိုင်ပါသည်။ အကောင့်များကို ကျွန်ုပ်တို့ ပိတ်ပင်ပုံနှင့် ဖျက်ပုံအကြောင်း ပိုမိုလေ့လာပါ။
ကျွန်ုပ်တို့ဘက်က အရေးယူဆောင်ရွက်သည့်အခါ သင်၏ စိစစ်သုံးသပ်မှု တောင်းဆိုပိုင်ခွင့်များကို အသိပေးရှင်းပြခြင်းက ကျွန်ုပ်တို့အတွက် သို့မဟုတ် အခြားသူများအတွက် ဥပဒေအရ တာဝန်ယူရမှုများ ဖြစ်လာစေခြင်း၊ ကျွန်ုပ်တို့၏ အသုံးပြုသူများရှိရာ အသိုင်းအဝိုင်းကို ထိခိုက်စေခြင်း၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ၊ စနစ်များ သို့မဟုတ် ထုတ်ကုန်များ၏ ယုံကြည်စိတ်ချရမှု သို့မဟုတ် လည်ပတ်ဆောင်ရွက်မှုကို ထိခိုက်စေခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်စေခြင်း၊ နည်းပညာဆိုင်ရာ ကန့်သတ်ချက်များကြောင့် ထိုသို့လုပ်ဆောင်ရန် တားမြစ်ခံထားရခြင်း သို့မဟုတ် ဥပဒေရေးရာ အကြောင်းရင်းများကြောင့် ထိုကဲ့သို့လုပ်ဆောင်ခြင်းမှ ကျွန်ုပ်တို့ကို တားမြစ်ထားခြင်း မရှိလျှင် စိစစ်သုံးသပ်မှုကို တောင်းဆိုရန် သင်ရရှိနိုင်သော ရွေးချယ်စရာမှန်သမျှကို ကျွန်ုပ်တို့က သင့်အား အသိပေး၍ ရှင်းလင်းပြောပြပေးပါမည်။ သင့်အကောင့် ပိတ်ပင်ခံထားရပါက သင်လုပ်ဆောင်နိုင်သည်များအကြောင်းနှင့် သင့်အကောင့်ကို ကျွန်ုပ်တို့က မှားယွင်းပိတ်ပင်သည်ဟု သင်ယူဆပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပုံအကြောင်းကို ပိုမိုလေ့လာ နိုင်ပါသည်။
သင်က သင့်အကောင့်ကို ဖျက်ပြီး သို့မဟုတ် ကျွန်ုပ်တို့က သင့်အကောင့်ကို ပိတ်ပင် သို့မဟုတ် ဖျက်ပြီး သင်က Facebook နှင့် အခြား Meta ထုတ်ကုန်များအား ဝင်ရောက်သုံးစွဲခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ဝင်ကြည့်ခြင်းကို ရပ်လိုက်လျှင် သို့မဟုတ် ဤစာချုပ်ကို အခြားတစ်နည်းနည်းဖြင့် ရပ်စဲလျှင် ဤစည်းမျဉ်းများသည် သင်နှင့် ကျွန်ုပ်တို့အကြား သဘောတူညီချက်တစ်ခုအဖြစ်မှ ရပ်စဲရမည်။ သို့ရာတွင် အောက်ဖော်ပြပါ ပြဋ္ဌာန်းချက်များကမူ ဆက်လက်တည်ရှိပါမည်- (၃၊ ၄.၂-၄.၅)။
၄.၃ ပေးရန်တာဝန်ရှိမှုအပေါ် ကန့်သတ်ချက်များ
ကျွန်ုပ်တို့သည် တတ်နိုင်သမျှ အကောင်းဆုံးထုတ်ကုန်များကို ပံ့ပိုး​ပေးရန်နှင့် ယင်းတို့ကို အသုံးပြုသူတိုင်းအတွက် ရှင်းလင်းသည့် လမ်းညွှန်ချက်များကို သတ်မှတ်ဖော်ပြပေးနိုင်ရန် ကြိုးစားလုပ်​ဆောင်ပါသည်။ သို့သော် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို “အရှိအတိုင်း” ပံ့ပိုးထားပြီး ၎င်းတို့သည် အမြဲတမ်း ဘေးကင်းမည်၊ လုံခြုံမည် သို့မဟုတ် အမှားအယွင်းကင်းမည်၊ သို့မဟုတ် နှောင့်ယှက်မှုများ၊ ကြန့်ကြာမှုများ သို့မဟုတ် အပြစ်အနာအဆာများမရှိဘဲ လည်ပတ်နေလိမ့်မည်ဟု ကျွန်ုပ်တို့အာမမခံပါ။ ရောင်းချနိုင်မှု၊ သီးခြားရည်ရွယ်ချက်တစ်ခုအတွက် ကိုက်ညီမှု၊ ရပိုင်ခွင့်နှင့် မချိုးဖောက်မှုတို့ကို သွယ်ဝိုက်ညွှန်းဆိုသည့် အာမခံချက်များ အပါအဝင် အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်သော အာမခံအားလုံးကို ဥပဒေအရ ခွင့်ပြုထားသော အတိုင်းအတာထိ ကျွန်ုပ်တို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုပါသည်။ ကျွန်ုပ်တို့က လူထုနှင့် အခြားလူများ ပြုလုပ်သော သို့မဟုတ် ပြောဆိုသော အရာကို မထိန်းချုပ်ပါ သို့မဟုတ် မညွှန်ကြားပါ၊ ထို့ပြင် ၎င်းတို့၏ လုပ်ရပ်များ သို့မဟုတ် လုပ်ဆောင်မှု (အွန်လိုင်းတွင်ဖြစ်စေ အော့ဖ်လိုင်းတွင်ဖြစ်စေ) သို့မဟုတ် ၎င်းတို့မျှဝေသော အကြောင်းအရာ (စိတ်အနှောင့်အယှက်ဖြစ်စေသော၊ မသင့်တော်သော၊ ဖဖွယ်မရာဖြစ်သော၊ ဥပဒေနှင့်မညီညွတ်သောနှင့် အခြား ကန့်ကွက်စရာဖြစ်သော အကြောင်းအရာတို့ အပါအဝင်) အတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။
ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့်စပ်လျဉ်း၍ မည်သည့်အချိန်တွင် ပြဿနာဖြစ်ပေါ်လာမည်ကို ကျွန်ုပ်တို့မခန့်မှန်းနိုင်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏တာဝန်ကို သက်ဆိုင်ရာ ဥပဒေအရ ခွင့်ပြုထားသည့် အမြင့်မားဆုံးသော အတိုင်းအတာအထိသာ ကန့်သတ်ထားမည်ဖြစ်ပြီး အဆိုပါ အပျက်အစီးဖြစ်နိုင်ခြေများကို ကျွန်ုပ်တို့အား အကြံပေးသည့်တိုင် ထိုစည်းမျဉ်းများ သို့မဟုတ် Meta ထုတ်ကုန်များမှ ဖြစ်ပေါ်လာသည့် သို့မဟုတ် ၎င်းတို့နှင့်ဆက်စပ်နေသည့် အကျိုးအမြတ်များ၊ ဝင်ငွေ များ၊ သတင်းအချက်အလက်များ သို့မဟုတ် အချက်အလက်များတို့၏ ဆုံးရှုံးမှု သို့မဟုတ် အကျိုးဆက်ဖြစ်သော၊ အထူးဖြစ်သော၊ သွယ်ဝိုက်သော၊ စံနမူနာဖြစ်သော၊ ဒဏ်ခတ်မှုဖြစ်သော သို့မဟုတ် မတော်တဆဖြစ်သော အပျက်အစီးများ အစရှိသည့် ဆုံးရှုံးမှုမှန်သမျှအတွက် (သို့သော် ပေါ့ဆမှုအပါအဝင် မည်သည့်တာဝန်ရှိမှုသီအိုရီအရမဆို ဖြစ်ပွားခဲ့လျှင်) မည်သည့်အခြေအနေအောက်တွင်မဆို သင့်ကို ကျွန်ုပ်တို့တာဝန်ယူမည်မဟုတ်ပါ။ ဤစည်းမျဉ်းများကြောင့် သို့မဟုတ် Meta ထုတ်ကုန်များကြောင့် ပေါ်ပေါက်လာသော သို့မဟုတ် ၎င်းတို့နှင့်ဆက်စပ်သော ကျွန်ုပ်တို့၏ စုစုပေါင်းပေးရန်တာဝန်မှာ ဒေါ်လာ ၁၀၀ ထက် ကျော်လွန်မည်မဟုတ်ပါ သို့မဟုတ် ပြီးခဲ့သည့်ဆယ့်နှစ်လအတွင်း ကျွန်ုပ်တို့ကို သင်ပေးချေခဲ့သည့်ပမာဏထက် ကျော်လွန်မည်မဟုတ်ပါ။
၄.၄ အငြင်းပွားမှုများ
သင်နှင့် ကျွန်ုပ်တို့အကြား အငြင်းပွားမှုများကို ကန့်သတ်လျှော့ချနိုင်ရန် သို့မဟုတ် ရှောင်ရှားနိုင်ရန် မျှော်လင့်ချက်ဖြင့် ရှင်းလင်းသော စည်းမျဉ်းများကို ဖော်ပြပေးနိုင်ရန် ကျွန်ုပ်တို့ ကြိုးစားနေပါသည်။ သို့သော် အငြင်းပွားမှု ဖြစ်ပေါ်လာပါက ယင်းကို မည်သည့်နေရာတွင် ဖြေရှင်းနိုင်ကြောင်းနှင့် မည်သည့်ဥပဒေများ သက်ရောက်မည်ဖြစ်ကြောင်း ကြိုတင်သိရှိထားပါက အသုံးဝင်ပါသည်။
ဤစည်းမျဉ်းများကြောင့် သို့မဟုတ် Meta ထုတ်ကုန်များကို သင်၏ဝင်ရောက်သုံးစွဲမှု သို့မဟုတ် အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသော သို့မဟုတ် ယင်းတို့နှင့်ဆက်စပ်သော မည်သည့်တောင်းဆိုချက်၊ တရားစွဲဆိုမှု သို့မဟုတ် အငြင်းပွားမှုကိုမဆို ကယ်လီဖိုးနီးယား မြောက်ပိုင်းခရိုင်အတွက် အမေရိကန်ပြည်ထောင်စု ခရိုင်တရားရုံး သို့မဟုတ် ဆန်မက်တီယို ကောင်တီတွင် တည်ရှိသော ပြည်နယ်တရားရုံးတွင် သီးသန့်ဖြေရှင်းရမည်ဖြစ်ကြောင်း သင်နှင့် Meta က သဘောတူပါသည်။ အဆိုပါတောင်းဆိုချက်မှန်သမျှကို တရားစွဲဆိုရန်ရည်ရွယ်၍ ထိုတရားရုံးတစ်ခုခု၏ ကိုယ်ပိုင်စီရင်ပိုင်ခွင့်နယ်မြေသို့ တင်သွင်းရန် သင်သဘောတူပါသည်။ ၎င်းအပြင် ဥပဒေပြဋ္ဌာန်းချက်များ မည်သို့ပင် ဆန့်ကျင်ကွဲလွဲနေစေကာမူ ဤစည်းမျဉ်းများ၊ တောင်းဆိုချက်၊ အရေးယူဆောင်ရွက်ချက် သို့မဟုတ် အငြင်းပွားမှုမှန်သမျှအပေါ် ကယ်လီဖိုးနီးယားပြည်နယ်၏ ဥပဒေများက လွှမ်းမိုးသက်ရောက်ကြောင်း သဘောတူပါသည်။ ရှေ့တွင် ဆိုခဲ့ပြီးသည်များကို ထိခိုက်စေခြင်းမရှိဘဲ Meta သည် ၎င်း၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တစ်ခုတည်းဖြင့် သင့်အပေါ် တောင်းဆိုချက်၊ တရားစွဲဆိုမှု သို့မဟုတ် အငြင်းပွားမှုမှန်သမျှကို အဆိုပါတောင်းဆိုမှုအား တရားစီရင်ပိုင်ခွင့်ရှိသည့် သင်နေထိုင်သောနိုင်ငံ၏ အခွင့်အာဏာရှိသော မည်သည့်တရားရုံးတွင်မဆို တင်ပြနိုင်ကြောင်း သင်က သဘောတူပါသည်။
၄.၅ အထွေထွေ
  1. ဖြည့်စွက်စည်းမျဉ်းများ- ကျွန်ုပ်တို့ကမ်းလှမ်းထားသော ထုတ်ကုန်အချို့အပေါ်လည်း ဖြည့်စွက်စည်းမျဉ်းများက လွှမ်းမိုးသက်ရောက်ပါသည်။ ထိုထုတ်ကုန်များထဲမှ မည်သည်ကိုမဆို သင်အသုံးပြုပါက ဖြည့်စွက်စည်းမျဉ်းများကို သင်သိရှိအောင် ပြုလုပ်ပေးမည်ဖြစ်ပြီး ၎င်းသည် သင်နှင့် ကျွန်ုပ်တို့အကြားရှိ သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပါမည်။ ဥပမာအားဖြင့် ကြော်ငြာများဝယ်ယူခြင်း၊ ကုန်ပစ္စည်းများရောင်းချခြင်း၊ အက်ပ်များတီထွင်ခြင်း၊ သင့်လုပ်ငန်းအတွက် အဖွဲ့ သို့မဟုတ် စာမျက်နှာကို စီမံခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ တိုင်းတာရေး ဝန်ဆောင်မှုများကို အသုံးပြုခြင်းကဲ့သို့ ကုန်သွယ်မှု သို့မဟုတ် စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို သင်ဝင်ရောက်သုံးစွဲပါက သို့မဟုတ် အသုံးပြုပါက ကျွန်ုပ်တို့၏ ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းများကို သင်သဘောတူညီရမည်။ တေးဂီတပါဝင်နေသော အကြောင်းအရာကို သင်ပို့စ်တင်ပါက သို့မဟုတ် မျှဝေပါက ကျွန်ုပ်တို့၏ တေးဂီတဆိုင်ရာ လမ်းညွှန်ချက်များကို သင်လိုက်နာရမည်ဖြစ်သည်။ သင်က ကိုယ်စားပြုရုပ်ပုံကို အသုံးပြုလျှင် ကိုယ်စားပြုရုပ်ပုံ စည်းမျဉ်းများလည်း သက်ရောက်ပါသည်။ သင်က ကျွန်ုပ်တို့၏ AI ထုတ်ကုန်များနှင့် လုပ်ဆောင်ချက်များကို အသုံးပြုလျှင် Meta AI စည်းမျဉ်းများလည်း သက်ရောက်ပါသည်။ ဖြည့်စွက်စည်းမျဉ်းတစ်စုံတစ်ရာက ဤစည်းမျဉ်းများနှင့် ဆန့်ကျင်ကွဲလွဲလျှင် ဆန့်ကျင်ကွဲလွဲချက်ရှိသည့် အတိုင်းအတာအထိ ဖြည့်စွက်စည်းမျဉ်းများက လွှမ်းမိုးသက်ရောက်မှုရှိရမည်။
  2. သီးခြားခွဲထုတ်နိုင်မှု- အကယ်၍ ဤစည်းမျဉ်းများ၏ အစိတ်အပိုင်းတစ်ရပ်ရပ်ကို ပြဋ္ဌာန်း၍မရနိုင်ကြောင်း တွေ့ရှိခဲ့လျှင် ထိုပြဋ္ဌာန်း၍မရသော အပိုင်းကို အတည်ပြုဆောင်ရွက်နိုင်ရန် အနည်းဆုံးလိုအပ်သော အတိုင်းအတာအထိ ပြင်ဆင်မည်ဟု မှတ်ယူရမည်ဖြစ်ပြီး အကယ်၍ ၎င်းကို ပြဋ္ဌာန်း၍ရအောင် မလုပ်နိုင်လျှင် ထိုအပိုင်းကို သီးခြားခွဲထုတ်ကာ ကျန်သောအပိုင်းသည် အပြည့်အဝ အကျိုးသက်ရောက်မှု ဆက်ရှိနေပါမည်။ ဤစည်းမျဉ်းများပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို အတည်ပြုဆောင်ရွက်နိုင်ရန် ပျက်ကွက်ခြင်းကို ပလပ်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမပြုရပါ။ ဤစည်းမျဉ်းများ၏ ပြင်ဆင်ချက်မှန်သမျှ သို့မဟုတ် ပလပ်မှုကို ကျွန်ုပ်တို့က စာရေးသား၍ လက်မှတ်ထိုး မှတ်တမ်းတင်ထားရမည်။
  3. လွှဲပြောင်းခြင်းမပြုရ- ဤစည်းမျဉ်းများအောက်ရှိ သင်၏ အခွင့်အရေးများ သို့မဟုတ် တာဝန်များကို ကျွန်ုပ်တို့၏ သဘောတူညီချက် မရှိဘဲ အခြားသူတစ်ဦးဦးထံသို့ လွှဲပြောင်းနိုင်မည်မဟုတ်ပါ။
  4. အကောင့်ဆက်ခံသူ- သင့်အကောင့်ကို အောက်မေ့ဖွယ်အဖြစ် ထားရှိမည်ဆိုပါက ၎င်းကိုစီမံရန် သင့်အနေဖြင့် (အကောင့်ဆက်ခံသူဟုခေါ်သော) လူတစ်ဦးကို သတ်မှတ်နိုင်ပါသည်။ ၎င်းကို သင်၏ဆက်တင်ထဲတွင် ဖွင့်ပါက သင့်အကောင့်ကို အောက်မေ့ဖွယ်အဖြစ် ထားရှိပြီးနောက် သင်၏အကောင့်ဆက်ခံသူကသာလျှင် သို့မဟုတ် သင်၏သေဆုံးမှု သို့မဟုတ် မစွမ်းဆောင်နိုင်မှုကြောင့် တရားဝင်သေတမ်းစာတွင်ဖြစ်စေ၊ သင့်အကြောင်းအရာကို ထုတ်ဖော်ခွင့်ပြုကြောင်း သက်ဆိုင်ရာပုဂ္ဂိုလ်အား ရှင်းရှင်းလင်းလင်း သဘောတူညီချက်ကို ဖော်ပြသည့် အလားတူတရားဝင်စာရွက်စာတမ်းတွင်ဖြစ်စေ သင်ခွဲခြားသတ်မှတ်ထားသည့် ပုဂ္ဂိုလ်ကသာလျှင် သင့်အကောင့်မှ အချက်အလက်များအား အကန့်အသတ်ဖြင့် ထုတ်ဖော်မှုကို ရယူနိုင်ပါမည်။
  5. ကြားခံပြင်ပအကျိုးဆက်ခံသူများ မရှိပါ- ဤစည်းမျဉ်းများသည် မည်သည့်ကြားခံအဖွဲ့အစည်းကိုမျှ အကျိုးဆက်ခံပိုင်ခွင့် ပေးအပ်မည်မဟုတ်ပါ။ ဤစည်းမျဉ်းများအောက်ရှိ ကျွန်ုပ်တို့၏ အခွင့်အရေးများနှင့် တာဝန်များအားလုံးကို လုပ်ငန်းပေါင်းစည်းခြင်း၊ လုပ်ငန်းဝယ်ယူခြင်း သို့မဟုတ် ပိုင်ဆိုင်မှုများရောင်းချခြင်းနှင့် စပ်လျဉ်း၍ သို့မဟုတ် ဥပဒေကျင့်သုံးမှုအရဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ ကျွန်ုပ်တို့က လွတ်လပ်စွာ လွှဲပြောင်းပေးအပ်နိုင်ပါသည်။
  6. အသုံးပြုသူအမည် ပြောင်းလဲခြင်း- ကျွန်ုပ်တို့သည် သင့်အကောင့်အတွက် အသုံးပြုသူအမည်ကို အခြေအနေအချို့တွင် (ဥပမာအားဖြင့် တစ်စုံတစ်ယောက်သည် အသုံးပြုသူအမည်ကို တောင်းနေပြီး ယင်းသည် နေ့စဉ်ဘဝတွင် သင်အသုံးပြုသည့် အမည်နှင့် မဆက်စပ်ပါက)ပြောင်းလဲရန် လိုအပ်နိုင်ပါသည်။
  7. သဘောထားမှတ်ချက်- ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီး သင့်သဘောထားမှတ်ချက်နှင့် အခြားအကြံပြုချက်များပေးသည်ကို ကျွန်ုပ်တို့အမြဲတမ်း ကျေးဇူးတင်ရှိပါသည်။ သို့သော် သင့်ကို အခကြေးငွေတစ်စုံတစ်ရာပေးရန် မည်သည့် ကန့်သတ်ချက် သို့မဟုတ် တာဝန်မျှမရှိဘဲ သင့်သဘောထားမှတ်ချက်နှင့် အခြားအကြံပြုချက်များကို ကျွန်ုပ်တို့အသုံးပြုနိုင်ပြီး ၎င်းတို့ကို လျှို့ဝှက်စွာ ထားရှိရမည်ဟုလည်း ကျွန်ုပ်တို့တာဝန်ခံထားခြင်း မရှိပါ။
၅။ သင်လိုက်နာရနိုင်သည့် အခြားစည်းမျဉ်းများနှင့် မူဝါဒများ
  • လူမှုစံနှုန်းများ- ဤလမ်းညွှန်ချက်များတွင် Facebook ၌ သင်ပို့စ်တင်သည့် အကြောင်းအရာနှင့် Facebook နှင့် အခြား Meta ထုတ်ကုန်များပေါ်ရှိ သင့်လှုပ်ရှားဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် ကျွန်ုပ်တို့၏စံနှုန်းများကို အနှစ်ချုပ်ဖော်ပြထားပါသည်။
  • ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းများ- ကျွန်ုပ်တို့၏ ပလက်ဖောင်းပေါ်တွင် အက်ပ်တစ်ခုကို ကြော်ငြာခြင်း၊ စီမံလုပ်ဆောင်ခြင်း၊ ကျွန်ုပ်တို့၏ အတိုင်းအတာ ဝန်ဆောင်မှုများကို အသုံးပြုခြင်း၊ လုပ်ငန်းအတွက် အဖွဲ့တစ်ဖွဲ့ သို့မဟုတ် စာမျက်နှာတစ်ခု စီမံခန့်ခွဲခြင်း သို့မဟုတ် ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ ရောင်းချခြင်းများ အပါအဝင် ကုန်သွယ်ရေး သို့မဟုတ် လုပ်ငန်းဆိုင်ရာ ရည်ရွယ်ချက်တစ်ခုခုအတွက် ကျွန်ုပ်တို့၏ ထုတ်ကုန်များကိုလည်း သင်ဝင်ရောက်သုံးစွဲပါက သို့မဟုတ် အသုံးပြုပါက ဤစည်းမျဉ်းများ သက်ရောက်ပါသည်။
  • အသိုင်းအဝိုင်းအတွင်း ငွေပေးချေမှု စည်းမျဉ်းများ- ဤစည်းမျဉ်းများသည် Meta ထုတ်ကုန်များပေါ်တွင် သို့မဟုတ် ၎င်းတို့မှတစ်ဆင့် ပြုလုပ်သော ငွေပေးချေမှုများနှင့် သက်ဆိုင်ပါသည်။
  • စီးပွားရေးမူဝါဒများ- ဤလမ်းညွှန်ချက်များ၌ Facebook၊ Instagram နှင့် WhatsApp တို့တွင် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ရောင်းချရန် သင်ကမ်းလှမ်းသောအခါ သက်ရောက်သည့် မူဝါဒများကို အနှစ်ချုပ်ဖော်ပြထားသည်။
  • တေးဂီတဆိုင်ရာ လမ်းညွှန်ချက်များ- ဤလမ်းညွှန်ချက်များတွင် မည်သည့် Meta ထုတ်ကုန်၌မဆို တေးဂီတပါဝင်သော အကြောင်းအရာကို သင် ပို့စ်တင်ပါက သို့မဟုတ် မျှဝေပါက သက်ရောက်သည့် မူဝါဒများကို အနှစ်ချုပ်ဖော်ပြထားသည်။
  • ကြော်ငြာမူဝါဒများ- ဤမူဝါဒများသည် Meta ထုတ်ကုန်အားလုံးတွင် ကြော်ငြာသည့် မိတ်ဖက်များနှင့် သက်ဆိုင်ပြီး Meta ထုတ်ကုန်အသီးသီးတွင် ကြော်ငြာသည့် မိတ်ဖက်များက ခွင့်ပြုထားသော ကြော်ငြာအကြောင်းအရာ အမျိုးအစားများကို သတ်မှတ်ဖော်ပြထားသည်။
  • ကိုယ်တိုင်စီမံခန့်ခွဲသော ကြော်ငြာဆိုင်ရာ စည်းမျဉ်းများ- ကြော်ငြာခြင်း သို့မဟုတ် အခြား ကုန်သွယ်ရေး သို့မဟုတ် အခပေးကြော်ငြာသည့် လုပ်ဆောင်ချက် သို့မဟုတ် အကြောင်းအရာကို ဖန်တီးရန်၊ တင်သွင်းရန် သို့မဟုတ် ပေးပို့ရန်အတွက် ကိုယ်တိုင်စီမံခန့်ခွဲသော ကြော်ငြာကြားခံဆက်သွယ်ရေးစနစ်များကို သင်အသုံးပြုသောအခါ ဤစည်းမျဉ်းများက သက်ရောက်သည်။
  • Facebook စာမျက်နှာများ၊ အဖွဲ့များနှင့် ပွဲအစီအစဉ်များဆိုင်ရာ မူဝါဒ- ဤလမ်းညွှန်ချက်များသည် Facebook စာမျက်နှာ၊ အဖွဲ့ သို့မဟုတ် ပွဲအစီအစဉ်ကို သင်ဖန်တီးပါက သို့မဟုတ် စီမံပါက သို့မဟုတ် ကြော်ငြာအစီအစဉ်တစ်ခုကို ဆက်သွယ်ရန် သို့မဟုတ် စီမံခန့်ခွဲရန် Facebook ကို သင်အသုံးပြုပါက အကျုံးဝင်ပါသည်။
  • Meta ပလက်ဖောင်း မူဝါဒ- ဤစည်းမျဉ်းများသည် အခြားသူများ၏ လုပ်ဆောင်နိုင်စွမ်းကို တိုးတက်စေရန်၊ Meta ထုတ်ကုန်များမှ အချက်အလက်များ ပြန်လည်ရယူရန် သို့မဟုတ် ကျွန်ုပ်တို့ထံသို့ အချက်အလက်များ ပံ့ပိုးရန်အတွက် ထောက်ကူပေးနိုင်သည့် API များ၊ SDK များ၊ ကိရိယာများ၊ ပလတ်အင်များ၊ ကုဒ်၊ နည်းပညာ၊ အကြောင်းအရာနှင့် ဝန်ဆောင်မှုများ စုစည်းထားမှုကို အသုံးပြုခြင်းအပေါ် သက်ရောက်သည်။
  • တီထွင်ဖန်တီးသူ ငွေပေးချေမှု စည်းမျဉ်းများ- ဤစည်းမျဉ်းများသည် Facebook ငွေပေးချေမှုများကို အသုံးပြုသည့် အပလီကေးရှင်း တီထွင်ဖန်တီးသူများအပေါ် သက်ရောက်ပါသည်။
  • Meta အမှတ်တံဆိပ် အရင်းအမြစ်များ- ဤလမ်းညွှန်ချက်များတွင် Meta ကုန်အမှတ်တံဆိပ်များ၊ လိုဂိုတံဆိပ်များနှင့် မျက်နှာပြင်ဓာတ်ပုံများကို အသုံးပြုမှုအပေါ် သက်ရောက်သည့် မူဝါဒများကို အနှစ်ချုပ်ဖော်ပြထားသည်။
  • အကြံပြုပေးမှုဆိုင်ရာ လမ်းညွှန်ချက်များ- Facebook အကြံပြုပေးမှုဆိုင်ရာ လမ်းညွှန်ချက်များနှင့် Instagram အကြံပြုပေးမှုဆိုင်ရာ လမ်းညွှန်ချက်များသည် အကြောင်းအရာ အကြံပြုခြင်းနှင့် အကြံမပြုခြင်းအတွက် ကျွန်ုပ်တို့၏ စံနှုန်းများကို အနှစ်ချုပ်ဖော်ပြထားပါသည်။
  • တိုက်ရိုက်ထုတ်လွှင့်မှုဆိုင်ရာ မူဝါဒများ- ဤမူဝါဒများသည် Facebook တိုက်ရိုက်ထုတ်လွှင့်မှုတွင် ထုတ်လွှင့်သည့် အကြောင်းအရာအားလုံးအပေါ် သက်ရောက်ပါသည်။
  • ကိုယ်စားပြုရုပ်ပုံ စည်းမျဉ်းများ- ဤစည်းမျဉ်းများသည် ကိုယ်စားပြုရုပ်ပုံ စတိုးဆိုင်တွင် ကိုယ်စားပြုရုပ်ပုံ အဝတ်အစား ဝယ်ယူမှုများနှင့် ရယူမှုများအပါအဝင် ကျွန်ုပ်တို့၏ ကိုယ်စားပြုရုပ်ပုံများနှင့် ကျွန်ုပ်တို့၏ ကိုယ်စားပြုရုပ်ပုံ လုပ်ဆောင်ချက်များအား အသုံးပြုမှုအပေါ် သက်ရောက်သည်။
  • Meta AI စည်းမျဉ်းများ- ဤစည်းမျဉ်းများသည် ကျွန်ုပ်တို့၏ ဖန်တီးနိုင်စွမ်းရှိ AI ထုတ်ကုန်များနှင့် လုပ်ဆောင်ချက်များအား အသုံးပြုမှုအပေါ် လွှမ်းမိုးသက်ရောက်သည်။