No automatic alt text available.
88 Generation Students

လက်ပံတောင်းတောင် ကိစ္စရပ်များဆိုင်ရာအတွက် မုံရွာမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများသည် ယနေ့ ဒီဇင်ဘာလ ၂ ရက် နံနက်တွင် အဖွဲ့ ၂ ဖွဲ့ခွဲကာ ဆက်လက်ထွက်ခွာခဲ့ကြရာ မင်းကိုနိုင်၊ကိုကိုကြီး၊ ဌေးကြွယ်၊ မြအေးနှင့်ကျော်ဇော(၈၈ ပြန်ကြားရေး)၊တို့သည် နေပြည်တော်သို့ လည်းကောင်း၊ ဂျင်မီ၊ ထွန်းမြင့်အောင်၊ စိုးထွန်း၊ နီလာသိန်း၊ မီးမီး တို့ပါဝင်သော အဖွဲ့သည် မုံရွာတစ်ဖက်ကမ်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ဒေသသို့ လည်းကောင်း ရောက်ရှိခဲ့ကြသည်။
ဂျင်မီ၊ ထွန်းမြင့်အောင်၊ စိုးထွန်းတို့ ပါဝင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းက လက်ပံတောင်းတောင်ဒေသရှိ ကံကုန်းရွာ၊ ၀က်မှေးရွာ၊ ရွှေလှေရွာ၊ အကျော်ရွာနှင့် (လွန်ခဲ့သည့် သုံးရက်က) အခင်းဖြစ်ပွားခဲ့ရာ နေရာတို့ကို ရောက်ရှိခဲ့ကြပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်းက အကြမ်းဖက်ဖြိုခွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြသော ဒေသခံရွာသားများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဒဏ်ရာကြီးမားသူအချို့ကို မုံရွာမြို့ပေါ်သို့ တက်ရောက်ကုသနိုင်ရေးအတွက် ကူညီပေးခဲ့ကြသည်။
၎င်းနောက် မုံရွာမြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြပြီး ဒဏ်ရာရ သံဃာတော်များကို ဆေးဝါးကုသပေးနေရသော ဇောတိကာရုံကျောင်းတိုက် ဆရာတော်အား အလှူငွေကျပ် ငါးသိန်း၊ ဆရာ(ဦး)အံ့မောင်၊ ဦးချစ်ခင် တို့ပါဝင်သော လက်ပံတောင်းတောင် ချစ်သူများအဖွဲ့ကို လိုအပ်သည့်နေရာတွင် သုံးဆွဲရန် အလှူငွေ ကျပ် ငါးသိန်းနှင့် ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးသို့ သွားရောက်ကုသနေရသော သံဃာတော်များအတွက် မန္တလေး ဘ၀အလင်း ဆရာတော်မှတစ်ဆင့် အလှူငွေ ကျပ် ၁၀ သိန်း တို့ကို ပေးအပ်လှူဒါန်းခဲ့ကြသည်။